8/01/2008

လူ နဲ့ ငါး

ဒီနေ့ သြဂုတ်လ ( ၁ )ရက်နေ့ ..
ကျွန်တော် .. ဒီဘလော့မှပဲ Post ဆက်တင်ပါမယ် ..

ဒီနေ့လည် ထမင်းစားနေရင်း တစ်ခု စဉ်းစားမိတယ်ဗျာ .. ကျွန်တော်စားတဲ့ဟင်းက ငါးကြော်ပါ
လူကိုယ်ခန္ဓာမှာ အပျော့ဆုံးလို့ တင်စားလောက်တဲ့ အရာလေးက
ငါးတစ်ကောင်မှာ ဘာလို့များ အမာဆုံးဖြစ်နေရတာလဲ ..
ကျွန်တော်က ငါးကြော်စားရင် တစ်ကောင်လုံး အရိုးရော အသားပါ ၀ါးစားလေ့ရှိတယ် ..
ဒါပေမယ့် .. တစ်စုံတစ်ခုကို ၀ါးလို့မရဘူးဖြစ်နေတယ် .. ကြည့်လိုက်တော့ ..
လူ့ကိုယ်ခန္ဓာက အပျော့ဆုံးအရာဖြစ်နေတယ် ..

စဉ်းစားမိကြရဲ့လား .. အဲဒါဘယ်နေရာလဲ .. ဘာဖြစ်လို့ အဲဒီလို ကွာခြားနေရတာလဲ ..
အဖြေရပြီဆိုရင်တော့ .. Comments သာပို့လိုက်ပါဗျာ ..

No comments: