အပ်ဖျားတစ်ထောက်စာ ဒဏ်ရာလေးပေမယ့်
ဒါဟာဆပ်ပြာပူဖောင်းအတွက်ဆိုရင်တော့ ဘ၀ပါပျက်သွားနိုင်တယ် ...
မင်းကို စတွေ့တဲ့နေ့ကစပြီး လောကပါလနတ်တွေ
ငါ့နှလုံးသားမှာ မင်းနာမည်ကို စုတ်ထိုးသွားခဲ့တာ
မင်းအတွက်ဆိုရင် ရှေ့မရောက်တဲ့ငါ
နောက်နားမှာပဲ နေတော့မယ် ...
လူတွေမှာ တိရစ္ဆာန်တွေထက် ညံ့တဲ့အရည်အချင်းတစ်ခုရှိတယ်
အဲဒါသတိရခြင်းပဲ ..
မနက်လင်းတာနဲ့ သက်ပြင်းတစ်ခါချ
မင်းကိုသတိရတာလေးတော့ နားလည်ပေးပါ ..
အရင်ကတော့ အဖြူပါပဲ
ကြာတော့ တဖြည်းဖြည်းနဲ့ အရောင်ဖျော့လာတယ်
အဲဒါ ဘာအရောင်လဲ ..
နောက်ဆုံးအချိန်ထိ. ငါ မျှော်လင့်နေတာက
"ကြယ်ကြွေအောင် ပြုစားတတ်တဲ့" မင်းမျက်ဝန်းတွေပါပဲ .....
( ညီမငယ် တစ်ယောက် ရေးပေးတဲ့ ကဗျာလေးပါ )
Showing posts with label ကဗျာ. Show all posts

10/12/2008
ချစ်သူ .. သို့ ...
စာညွှန်း
ကဗျာ
6/26/2008
MOHTER
လက်ဆောင်ရထားတဲ့ ကဗျာလေးပါ . .
အဝေးမှာရှိနေတဲ့ `အမေ´ ကို သတိရစွာဖြင့် ပြန်လည်မျှဝေပါတယ်။

MOTHER
M is for the million things she gave me
O means only that she's growing old
T is for the tears that were shed to save me
H is for her heart of purest gold.
E means everything she's done to help me
R means right, and right she's always been.
Put them all together
They spell MOTHER
A word that means the world to me.
ကျေးဇူးပါ `ငြိမ်း´
စာညွှန်း
ကဗျာ
6/18/2008
အချိန်တိုင်း .. နေရာတိုင်း ..
သည်းတော့မယ့် မိုးဖွဲလား မင်းအချစ်က .. နှုတ်ဆက်မယ့် မိုးသားဖြစ်မှာလား ..
ဝေးဝေးက ငေးရင်းနဲ့ အိပ်မက်မှာ .. ရင်ခုန်မျှော်လင့်နေတဲ့ ..
စကားလေးများပြောဖြစ်တဲ့ ခဏလောက်မှာ .. နှလုံးသားထဲ အချစ်ရဲ့နတ်ဝင်သွား ..
မောင်းထုတ်လို့မရတဲ့ အတွေးထဲမှာ .. ဝေဒနာတွေ စီးဝင်သွား ..
ကိုယ့်အချစ်ရဲ့ ၀ိဥာဉ်တွေ မင်းအနားမှာ .. မြင်စေချင် အရိပ်ကလေးများ ..
တောင့်တတဲ့ အကြင်နာတွေပေးပါဦး .. ငါဟာ အမြဲငတ်မွတ်နေမှာ ..
အချိန်တိုင်း .. နေရာတိုင်း .. မင်းကို . မြင်နေရတယ် ..
အချစ်များစွာနဲ့ မင်းကို .. ကြင်နာပါ့မယ်နော် ..
လက်တွေ့နဲ့ အိပ်မက်ရဲ့ကြားထဲမှာ.. အိပ်မက်က စိုးမိုးသွားမှာလား ..
နီးစပ်ခွင့်မရှိခဲ့တဲ့ ကိုယ်ဘ၀ဟာ .. ဝေဒနာတွေ မွှေးနေသလား ..
မင်းရဲ့အလှ စိုးမိုးတဲ့ အရိပ်အောက်မှာ .. ကြိုးစားပြီး ရုန်းထွက်မရပါလား ..
နေ့နဲ့ည မှားယွင်းလို့ ထွက်ပေါက်ရှာ .. တစ်ကမ္ဘာစီ ခြားနေလား ..

5/27/2008
ချစ်ခွင့်ပန်ခြင်း . . .
ချစ်သူ . . . သို့ . .
သူ့ကိုရည်စူး
ချစ်ဖူးပါပြီ . .
သူ့ကိုရည်မှန်း
ချစ်ပန်းတွေလည်း ပွင့်ခဲ့ပြီ . . .
သူ့ကိုရည်ရွယ်
ချစ်တယ်လို့ပဲ ပြောချင်သည်. . . .။
ကောင်းခန့်(ရသ)
တစ်ယောက်သော ချစ်သူအတွက် . . .။
စာညွှန်း
ကဗျာ
အချစ်ကို ရွေးချယ်ခြင်း . .
Right Choice For True Love
ဟိုအရင်က ...
နှလုံးသားနဲ့ ခံစား
နှလုံးသားနဲ့ ဆုံးဖြတ်
အရှုံးသမားသက်သက်ဖြစ်ခဲ့တယ် . . .။
နောက်တော့ ...
ဦးနှောက်နဲ့ ခံစား
ဦးနှောက်နဲ့ ဆုံးဖြတ်
အနှစ်မပါ ဟာတာတာပေါ့ . . .။
အခုတော့ ...
နှလုံးသားနဲ့ ခံစား
ဦးနှောက်နဲ့ ဆုံးဖြတ်
အဆုံးသတ် ချစ်ချင်တယ် . . .။
ကောင်းခန့်(ရသ)
ပထမဆုံး ရေးဖွဲ့ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ .
စာညွှန်း
ကဗျာ
Subscribe to:
Posts (Atom)