3/04/2010

ဗုဒ္ဓဘာသာ ဆိုတာ ..

ဗုဒ္ဓဘာသာ ဆိုတာ ဘာကိုခေါ်ပါသလဲဘုရား

(ဓမ္မဒူတ အရှင်ပညာဇောတ)

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"

"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"

"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"

"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"

"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"

"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "

"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"

"တခြားဘာသာဝင်များက သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"

"မဟုတ်ပါဘုရား"

"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"မှန်ပါဘုရား"

"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"မှန်ပါဘုရား"

"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"မှန်ပါဘုရား"

"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"

"ရှင်းပါပြီ ဘုရား"

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...

[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊ စာ-၃၀]
http://chocolatemyotaw.ning.com/group/buddha/forum/topics/3019402:Topic:772006 မှ ကူးယူပါသည်။

Forward Mail ကို ဆက်လက်ဖြန်ချီပေးပါသည် ....

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/01/2010

ချစ်သူအတွက် ကဗျာ

                              နောင်တမဲ့တမ်းချင်း

                ခိုင်မြဲစွာဖြစ်တည်ခဲ့တဲ့မြတ်နိုးမှုအတွက်
                နောက်ဆုံးရတဲ့ဆုလာဘ်က အလွမ်းတဲ့လား.......
                ဖြစ်သင့် မဖြစ်သင့်နှစ်ခုကြားမှာ
                အတ္တနဲ့ ပရ က
                ခုချိန်ထိစီးချင်းထိုးတုန်း.................။
      ချစ်သူရေ
                ကြည်နူးမှုတွေလျှံကျခဲ့တဲ့
                တန်ဆောင်မုန်းလပြည့်ညကို   လွမ်းတယ်။
                ဖန်ခွက်တစ်လုံးလိုအသံမမြည်ပေမယ့်
                တစ်ကယ်အသည်းကွဲခဲ့ရတဲ့
                တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ညကို  လွမ်းတယ်။
                ထိုင်ခဲ့ဖူးတဲ့ ကမ်းနားဆိပ်ကို    လွမ်းတယ်။
                စားခဲ့ဖူးတဲ့ ၁၃ လမ်းထိပ်က
                ရေခဲချောင်းဆိုင်ကိုလွမ်းတယ်။
                ယုံနိုင်စရာမရှိတဲ့  စက်ရုပ်တစ်ရုပ်ရဲ့
                ကြည်လင်တဲ့မျက်နှာပေါ်က အပြုံးကိုလွမ်းတယ်။
                လွမ်းတယ်..................
                အဲဒီလောက်လွမ်းနေရတာတောင်မှ
                အလွမ်းတွေလက်စမသတ်နိုင်သေးဘူး။
   ချစ်သူ
                ပျော်ရွှင်မယ်ဆို ရှေ့ဆက်သွားပါ
                လိပ်ပြာသန့်စွာထားခဲ့လိုက်ပါ
                အလွမ်းတွေကိုမက်မောစွာပွေ့ပိုက်ပြီး
                စက်ရုပ်လိုပဲနေခဲ့ပါ့မယ်.......
                တစ်ကယ်တော့
                ဘာဆုလာဘ်တွေပဲ ရခဲ့ ရခဲ့
                ချစ်ခဲ့ကြတာ
                နောင်တရစရာမဟုတ်ခဲ့ဘူး။
                                                             ထာဝရအတွက်............................................

ဒီနေရာကို နှိပ်လိုက်ပါ . . .

နှစ်သစ်လက်ဆောင်

... ကြိုတင်သတိ အကျိုးရှိ ...

တစ်နေ၀င်လျက် . တစ်နေထွက် . နေ့ရက်နာရီ ကုန်ခဲ့ပြီ ...
နာရီတွေပြောင်း . ရက်တွေနှောင်း . လပေါင်းဆင့်ဆင့် တက်ခဲ့ပြီ .....
လပေါင်းစုထွေ . ကုန်လွန်ပေ . သစ်ဝေတစ်နှစ် ဆန်းတော့မည် ...
တနှစ်ဆန်းလျှင် . ငါ့အသွင် . တွင်တွင်ဆန်းစစ် ကြည့်သင့်ပြီ ...
တစ်နှစ်တာတွင် မဆင်ခြင် . ပျော်ချင်သမျှ . ပျော်ခဲ့သည် ..
တစ်နှစ်တာတွင် မဆင်ခြင် . မော်ချင်သမျှ . မော်ခဲ့သည် ...
အရွယ်ချင့်သော် တော်သင့်နော် . ပျော်မော်အကြွား . နားသင့်ပြီ ..
ပျော်မော်မကင်း . မေ့လျော့ခြင်း . သေမင်းငါ့ကို ညှင်းတော့မည် ။
သေမင်းလက်တွင် မရောက်ခင်က . ကြိုတင်စဉ်းစား မြတ်တရား . ကြိုးစားသင့်လှပြီ ....။

ယခုပင်လျှင် မအိုခင် ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ..
ယခုပင်လျှင် မနာခင် ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ..
ယခုပင်လျှင် မသေခင် ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ..

1.1.2010 မနက်နေထွက်ချိန် ရွှေတိဂုံဘုရားကို သွားခဲ့ချိန်မှာ အရှေ့ဘက်မုခ်
နဲ့ တောင်ဘက်မုခ်ကြားက အောင်ရွှေထီးအဖွဲ့က ရေးသားလှူဒါန်းထားတဲ့
စာသားလေးကို သဘောကျမိလို့ နှစ်သစ်ကူးလက်ဆောင်အဖြစ် ဒီပို့စ်ကို
တင်လိုက်ပါတယ် ..

နှစ်သစ်မှသည် .. နှစ်များဆီသို့ .
နှလုံးစိတ်ဝမ်း အေးချမ်းသာယာ ရှိကြပါစေ .. တောင်းဆုချွေသည် ...။
ကောင်းမှု အထွေထွေရကြပါစေ .. အမျှဝေသည် .. များလူ သာဓု ခေါ်စေသော်ဝ် ........ ။

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/14/2009

လမ်းကြုံရင် လမ်းဆုံကို လာခဲ့ပါ

ကျွန်တော်ရဲ့ ဖန်တီးမှု တစ်ခုပါပဲ ..
ဘယ် Webpage ကိုသွားချင်တာလဲ
ဘာတွေလုပ်ချင်တာလဲ
ဘာ Software တွေ လိုချင်တာလဲ
အဓိက Website List ..
အင်တာနက်ဆိုင်ကိုသွား .. ကွန်ပျူတာရှေ့ရောက်တဲ့အခါ .. Gtalk နဲ့ ချက်ဖို့ကလွဲပြီး တခြားဘာမှလည်းမသုံးတတ်
ဘာတွေမှလည်း ၀င်မကြည့်ဖြစ် .. အင်တာနက်ဆိုတာ ချက်ဖို့တစ်ခုလောက်ပဲ သိတယ် ဆိုတဲ့ အခြေအနေကို အင်တာနက် သုံးဖူးသူတိုင်း တော်တော်များများ ကြုံတွေ့နေရပါတယ် ..
လူတစ်ယောက်ကို အင်တာနက်ဆိုင်ကို ခေါ်သွားတယ် .. အင်တာနက်သုံးဖို့ သူ့ကို သင်ပေးတယ် ..
သူကမေးတယ် .. ဘာတွေ ကြည့်ရမှာလဲ .. ဘယ်ကို သွားရမှာလဲ တဲ့
အဲဒီအချိန်မှာ ကျွန်တော် ကိုယ်တိုင်လည်း ကြုံဖူးတယ် .. ဘယ်ဆိုဒ်တွေ သွားကြည့်ရမှန်းမသိ
ဆိုဒ်နာမည်တွေက ဘာမှန်းမသိ ..
အဲဒီလို မဖြစ်ရအောင် .. လမ်းဆုံ ကို ဖန်တီးထားတာပါ
ကျွန်တော်သိသမျှ .. ကျွန်တော် ၀င်ကြည့်ဖူးသမျှ .. အဆင်ပြေနိုင်မယ့် လင့်တွေကို တင်ပေးထားပါတယ်

ဒါကြောင့် လမ်းကြုံရင် လမ်းဆုံ ကို လာခဲ့ပါဗျာ ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/11/2009

http://cupidlove.ning.com/ ဖိတ်ခေါ်ပါသည်

http://cupidlove.ning.com/
ချစ်သူရှာလိုသူများအတွက်
နေရာသစ်လေးတစ်ခု ဖန်တီးထားပါတယ် ..
အချစ်သန့်သန့်သီသန့်လေး ရည်ရွယ်ထားပါတယ် ..
ကူညီပါဝင်ဖို့ ဖိတ်ခေါ်ပါသည်

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/08/2009

Creative icon

ကျွန်တော်တို့လို ခပ်ပျင်းပျင်းသူတွေအတွက် shortcut လေးတွေပေးထားတော့
ဟိုနှိပ် ဒီနှိပ် မနှိပ်ရတော့ဘူးပေါ့ဗျာ
restart icon
1. notepad ကို ဖွင့်ပါ
2. shutdown.exe -r -t 00 လို့ ရိုက်ထည့်ပါ
4. file ကိုနိပ်ပါ ပြီးရင် save as နေရာမှာ desktop ကိုရွေးပါ
5. file name နေရာမှာ restart.bat လို့ ရိုက်ထည့်ပါ

Shutdown icon
1. notepad ကို ဖွင့်ပါ
2. shutdown.exe -s -t 00 လို့ ရိုက်ထည့်ပါ
4. file ကိုနိပ်ပါ ပြီးရင် save as နေရာမှာ desktop ကိုရွေးပါ
5. file name နေရာမှာshutdown.bat လို့ ရိုက်ထည့်ပါ

Logoff icon
1. notepad ကို ဖွင့်ပါ
2. shutdown.exe -l -t 00 လို့ ရိုက်ထည့်ပါ
4. file ကိုနိပ်ပါ ပြီးရင် save as နေရာမှာ desktop ကိုရွေးပါ
5. file name နေရာမှာlogoff.bat လို့ ရိုက်ထည့်ပါ

ဒီနေရာကို နှိပ်လိုက်ပါ . . .

Gmail အဟောင်းက address တွေကို အသစ်ကို ပြောင်းခြင်း

Old Gmail account ကိုဖွင့် .
ပြီးရင် contacts ထဲဝင်၊ contacts ထဲရောက်ရင် အပေါ်ညာဘက်ထောင့်ကိုလှမ်းကြည့်လိုက်၊
အဲဒီမှာ Import, Export, Print ဆိုတာတွေ့မယ်။
အဲဒီ email အဟောင်းက contacts တွေကိုအရင် Export လုပ်ပါ။

ဥပမာ အဲဒီ Export ဖိုင်က "Contacts.csv" အမည်နဲ့ Desktop ပေါ်မှာ save လုပ်ပေးပါ
(Firefox) နဲ့ဆိုရင် Desktop ပေါ်မှာ default အနေနဲ့ save ပေးလိမ့်မယ်။
save ပြီးရင် ကိုယ်ထည့်ချင်တဲ့ Gmail အသစ်ကို ဖွင့်ပါ။
အပေါ်ကနည်းအတိုင်းပဲ contacts ထဲကိုဝင်ပြီး Import ကိုနှိပ်၊
ပြီးရင် ကိုယ် save ထားတဲ့ဖိုင်လေးကို ရွေးပြီးတော့ Import လုပ်ပေးလိုက်၊
အဆင်ပြေပါစေဗျာ


ဒီနေရာကို နှိပ်လိုက်ပါ . . .

ချစ်အဖြေ .. ချစ်ဗေဒင်

စမ်းစစ်ကြည့်ကြပေတော့ဗျို့..

မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။မိန်းခလေးတေါအတွက်သီးသန့်ပါ။အရွယ်ရောက် တဲ့မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ ..တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေရှိပါလိမ့်မယ်...ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်..

အဆင့်(၁)
ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။အက္ခရာနဲ့ သင်္ချာဂဏန်းတွဲပြထားပါတယ်
ဗျည်း ကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ ၁
က ခ ဂ ဃ င ၂
စ ဆ ဇ စ် ည ၃
ယ ရ လ ၀ ၄
ပ ဖ ဗ ဘ မ ၅
သ ဟ ၆
ထ တ ဒ ဓ န ၇
ဥပမာ ကို အောင်ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး= အ +က+ ဌ
= ၁ + ၂+ ၇
=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူအသက်=၂၅
ချစ်ရေးဆိုခံရသူ၏မွေးနေ့ သင်္ချာ နံ =ကြာသပတေး= ၅
အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့
အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်းကိုကြည့်...။
အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။
အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။


အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။တကယ်ချစ်နေတာပါ။ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိယ့်အပေါ်မှာ
မစဉ်းစားသေးဘူးနော်။လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ်တလော သူ့မှာ
မရှိသေးဘူး။သူ့မှာ ဖြေရှင်းစရာ။ရင်ဆိုင်စရာမိဘ အသိုင်းအ၀ိုင်းကြားထဲက ချစ်နေရတာ။ ချစ်သူဘ)နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့
တော့ကောင်းပါတယ်။ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမ ဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို
သတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကိုစံတင်လောက်တယ်။သူတကယ်ကို့ကိုချစ်နေတာ။သနားဖို့ကောင်း
ပါတယ်။သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ အားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။သဘောကလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေအနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။တခုတော့ရှိတယ်နော်။သူက တကယ်လက်ထပ်မှာလို့ပဲပြောတာ။
ကိုက မစဉ်းစားသေးဘူးဆိုလည်းသူက နေက်ဆုတ်သွားမှာပါ..။အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့..။
မျက်နှာများတဲ့သူပဲ။ကို့ကိုသဘောကျတွဲချင်တာ ပဲ ရှိပါတယ်။လေးလေးနက်နက်ချစ်တဲ့အနေအထားတော့မဟုတ်ဘူးနော်။လက်ထပ်ပေါင်းသင်းဖို့နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင်
မသိ။ကိုက လက်ခံမိရင် ကို့အပြင်သူနောက်ထပ်တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ပြန်လာလိုက်နဲ့ချစ်တမ်းကစားနေတာတို့
လုပ်အုံးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှချစ်ပေါ့။ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။မိတ်ဆွေလောက်နဲ့ပဲထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ကို့ကိုမြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ကို့အတွက်ဆိုဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။သူက စကားနည်းတယ်။
ဒီမေတ္တာစကားပြောဖို့တောင်တော်တော်အရှိန်ယူ ရပုံပဲ။ကို့အပေါ်သူတတ်အားသလောက်တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။
သဘောကျရင်စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။သူ့ဝန်းကျင် အသိုင်းအ၀န်း။သူ့အနေအထားတွေကိုမိန်းကလေးပီပီထည့်တွက်ပေး
မယ်။အချစ်ဘက်ကတော့အမှတ်ပြည့်တကယ်ပေးထားတယ်။ကို့သဘော ကို့အလိုတကယ်လိုက်ပြီး ကို့မျက်နှာအညိုးမခံရအောင်
သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ.
လက်ခံလို့ရတယ်။သူဘက်ကလက်ထပ်ဖို့သေချာပါတယ်။အချိန်ယူပြီးစဉ်းစားဆုံးဖြတ်ပေါ့..။

အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။တခါတလေကို့ကိုချစ်လိုက်။တစ်ခါတလေ
ကို့ကိုမေ့ထားလိုက် လုပ်မှာပါ..။ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။တခါလောက်ပြောပြီး ကိုက မူပြီးအချိန်
ဆွဲထားရင်ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာမဟုတ်ဘူး။သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။သူ့ရင်ထဲမှာ အသည်းနလုံးရော
ရှိရဲ့လား..။ဆိုတာကိုလေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။တွေးကြည့်ပေါ့။ငြင်းစရာမှိလောက်အောင်ပြည့်စုံလို့
လက်ခံမယ် ။ကိုကချစ်သာနေပြီးမဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ် ကောင်းတဲ့သူဆိုတာသတ်မှတ်လိုက်ပါ။သူ့မေတ္တာက အမှန်တည်ငြိမ်ပါတယ်။ကိုမှတပါးနောက်တယောက်ထားမှာမဟုတ်ဘူး။ပြီးခဲ့တဲ့ အတိတ်မှာဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှတည်တည်ငြိမ်
ြိငိမ်ဖြစ်မှာ။အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်ဖွားလာတဲ့အချစ်စစ်။တကယ်လက်ထပ်သင့်တဲ့သူပေါ့။
သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ရေရှည်တည်မြဲပါတယ်။ကို့မိဘ ကို့အသိုင်းအ၀ိုင်းသူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ
စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသားအောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ ကို့နဲ့ မထိုက်တန်ပါဘူး။ဟိုမရှင်းဒီမရှင်း အရှုပ်ထုတ်ထဲ
ကို့ပါဆွဲသွင်းနေတာ။သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ရှေးစကားနဲ့ပြောတာမှတ်မိသေးတယ်
ဒူးနဲ့မျက်ရေသုတ်နေရမယ်။သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်းတစ်မျိုးနှင့် မညလမ၀ယ် မိန်းကလေးများဆိုရင်တော့..
တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ယောင်လို့များသွားမတွဲနဲ့ ယူလို့လဲမကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက်
ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။
ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီးပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ချစ်သူရှိပြီးသားလူတွေနဲ့ပတ်သတ်ပြီး
တွက်ကြည့်ချင်ရင် တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်းဘယ် အသက်မှာ
ဘယ်နာမည်မျိုးနဲကလူက အချစ်စစ်ကမ်းလှမ်းလာမယ်ဆိုတာ ဥာဏ်ကစားပြီးတွက်ကြည့်ပေါ့နော့်..။

ဟုတ်ရင်လည်းဟုတ်တယ်ပြောဦးနော်..( သူငယ်ချင်းတစ်ယောက်ပို့ ပေးတဲ့ မေးလ်လေးကိုမျှဝေပေးတာပါ)

ဒီနေရာကို နှိပ်လိုက်ပါ . . .

MP3 Myanmar

http://www.annajooejooe.spruz.com/

ဒီနေရာကို နှိပ်လိုက်ပါ . . .

Window Run Commant

ကဲ အခု ဒီနေရာမှာ Window XP ရဲ့ Hidden Applications တွေကိုဘယ်လိုဖော်မလဲဆိုတာကို ကြည့်ကြမယ်..... Hidden Applications တွေကို ဖော်ဖို့ တွက် အောက်မှာပြထားတဲ့ ပုံစံအတိုင်းပဲ လောလောဆယ်၂၅မျိုးပဲဖော်ာပြထားပါတယ်။ Start > Run ထဲမှာ နေပြီးတော့အောက်မှာပြထားတဲ့အတိုင်းရိုက်ထည့်ရမှာဖြစ်ပါတယ်၊ အသည်းစိတ်တော့မရှင်းပြတော့ပါဘူး၊ အောက်မှာပြထားတဲ့အတိုင်းဆို နားလည်လိမ့်မယ်လို့ထင်ပါတယ်....

========================================

ဥပမာ = Character Map ကိုဖော်ချင်တယ်ဆိုလို့ရှိရင် Start > Run ထဲမှာ charmap.exe လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် charmap ဆိုလည်းရပါတယ် .exe မထည့်လည်းရပါတယ်....သူငယ်ချင်းများ Run ဘော့လေးတွေ ဖွင့်ပြီးစမ်းကြည့်လိုက်ပါ။


Windows key + R = Run menu
=================================

(1) Character Map = charmap.exe



(2) Disk Cleanup = cleanmgr.exe


(3) Clipboard Viewer = clipbrd.exe


(4) Dr Watson = drwtsn32.exe (Troubleshooting tool)


 (5) DirectX diagnosis = dxdiag.exe



(6) Private character editor = eudcedit.exe


(7) IExpress Wizard = iexpress.exe


(8) Microsoft Synchronization Manager = mobsync.exe


(9) Windows Media Player 5.1 = mplay32.exe


(10) ODBC Data Source Administrator = odbcad32.exe


(11) Object Packager = packager.exe


(12) System Monitor = perfmon.exe


(13) Program Manager = progman.exe


(14) Remote Access phone book = rasphone.exe


(15) Registry Editor = regedt32.exe


(16) Network shared folder wizard = shrpubw.exe


(17) File siganture verification tool = sigverif.exe


(18) Volume Contro = sndvol32.exe


(19) System Configuration Editor = sysedit.exe


(20) Syskey = syskey.exe


(21) Microsoft Telnet Client = telnet.exe


(22) Driver Verifier Manager = verifier.exe


(23) Windows for Workgroups Chat = winchat.exe


(24) System configuration = msconfig.exe


(25) gpedit.msc (used to manage group policies, and permissions)


(26) md = Command Prompt

(27) iexplore + "web address" = Internet Explorer

(28) compmgmt.msc = Computer Management

(29) dhcpmgmt.msc = DHCP Management

(30) dnsmgmt.msc = DNS Management

(31) services.msc = Services

(32) eventvwr = Event Viewer

(33) dsa.msc = Active Directory Users and Computers

(34) dssite.msc = Active Directory Sites and Services

(35) Windows key + E = Explorer

(36) devmgmt.msc = Device Manager

(37) msinfo32 = System Information

(38) cleanmgr = Disk Cleanup

(39) ntbackup = Backup or Restore Wizard (Windows Backup Utility)

(40) mmc = Microsoft Management Console

(41) excel = Microsoft Excel (If Installed)

(42) msaccess = Microsoft Access (If Installed)

(43) powerpnt = Microsoft PowerPoint (If Installed)

(45) winword = Microsoft Word (If Installed)

(46) frontpg = Microsoft FrontPage (If Installed)

(47) notepad = Notepad

(48) wordpad = WordPad

(49) calc = Calculator

(50) msmsgs = Windows Messenger

(51) mspaint = Microsoft Paint

(52) wmplayer = Windows Media Player

(53) rstrui = System Restore

(54) netscp6 = Netscape 6.x

(55) netscp = Netscape 7.x

(56) netscape = Netscape 4.x

(57) waol = America Online

(58) control = Opens the Control Panel

(59) control printers = Opens the Printers Dialog

ဒီနေရာကို နှိပ်လိုက်ပါ . . .

Gmail နဲ့ ပတ်သက်သမျှ

Gmail ရဲ့ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်ဘဲ Macintosh computer တွေပေါ်မှာ မြင်တွေ့ရတတ်တဲ့ ဒီဇိုင်းလှလှ ကလေးကို ရရှိနိုင်တဲ့ add-ons တခုဖြစ်ပါတယ်။
http://www.userscript.org/scripts/show/7646
Gmail Spam-count
Gmail ရဲ့ inbox အတွင်းမှာရှိတဲ့ 'spam' box ကိုမလိုချင်တဲ့အခါ အခု script ကလေးကို install လုပ်ထားလိုက်ပါ။
http://www.userscript.org/scripts/show/2210
Gmail Reader Folder
Gmail ရဲ့ အတွင်းထဲကို Google reader နဲ့ ချိတ်ဆက်ပြီး folder လေးတခု တည်ဆောက် ပေးပါလိမ့်မယ်။ အဲဒီ folder မှာ google ရဲ့ သတင်းတွေ မှန်သမျှ ရှိနေတဲ့ အတွက် တခြားနေရာတွေ ကနေ သတင်းတွေကို တကူးတက လိုက်ရှာနေဖို့ မလိုတော့ပါ။
http://www.userscript.org/scripts/show/8598
Google Reader Intergration
Google Reader ရဲ့ လျှိ့ဝှက်ချက်တွေ၊ ဆောင်ရန် ရှောင်ရန် တွေကအစ ပါဝင်ပြီး GReader နဲ့ ပတ်သက်သမျှ အစုံလင်ဆုံး extension တခုလို့ ဆိုနိုင်တဲ့ script တခုပါ။
http://www.userscript.org/scripts/show/8450

Conversation Preview

တကယ်လို့ Gmail ထဲကို စာအသစ်တွေ ရောက်နေခဲ့လျှင် အဲဒီစာတွေကို Click နှိပ်ပြီး မဖွင့်ခင်မှာ နမူနာ အမည်းသဘောမျိုး 'preview' တခုအနေနဲ့ ပြသပေးမယ့် script ပါ။ 'image' တွေနဲ့ တွဲဖက် ပါဝင်လာတတ်တဲ့ spam message တွေနဲ့ virus message တွေရဲ့ အန္တရာယ်က ရှောင်ရှားနိုင် စေဖို့အတွက် သင့်တော်လှပါတယ်။
http://www.presistant.info/greasemonkey/gmailpreview.user.js

Saved Searches
Gmail ထဲမှာ mail တွေ တစ်ပုံတစ်ခေါင်း ဖြစ်နေတဲ့ အခါမှာ ကိုယ်ကလည်း အချိန်သိပ် မရလို့ လိုချင်တဲ့ စာတစ်စောင်ကို တနေ့တာ နည်းနည်းစီပဲ အချိန်ပေးပြီး စစ်ထုတ်ရှာ ဖွေချင်တဲ့ အခါမှာ သုံးစွဲနိုင် ပါတယ်။ 'folder' တခုအနေနဲ့ တည်ဆောက်ပြီး ရှာဖွေပြီးခဲ့တဲ့ message တွေကို သီးသန့်ခွဲ ထုတ်ထားပေးပါလိမ့်မယ်။
http://www.presistant.info/greasemonkey/gmail.user.js

Folder4Gmail
Gmail အတွင်းမှာ 'label' ဆိုတာဟာ 'folder' ကိုဆိုလိုပါတယ်။ ဒါပေမယ့် တချို့ user တွေအဖို့ အလွန်မျက်စိ စိမ်းတဲ့ အတွက် mail တွေကို ကိုင်တွယ်ရာမှာ ကသောင်းကနင်း ဖြစ်ရစမြဲပါ။ အခု script ဟာ Gmail အတွင်းမှာ ပျောက်ဆုံးနေတဲ့ folder တွေကို တည်ဆောက်နိုင် စေဖို့ဖြစ်ပါတယ်။ ဥပမာ အားဖြင့် 'Mywork' ဆိုတဲ့ label(folder) အောက်နမှာ CJ(sub-folder) နဲ့ CT(sub-folder) ဆိုပြီး sub-label တွေ ခွဲခြား နိုင်ပါလိမ့်မယ်။
http://arend-von-reinersdorff.com/folders4gmail/

Gmail Date Search
'Search by Date' ဆိုတဲ့ buttom တခုကို ပေါင်းထည့်ပေးတဲ့ script ပါ။ အဲဒီ buttom ကို ရယူထားမယ် ဆိုရင် နေ့ဆွဲ တခုချင်းဆီ အလိုက် ကိုယ်ရဲ့ email တွေကို လွယ်လင့်တကူ ရှာဖွေ စစ်ထုတ် ယူနိုင်ပါ လိမ့်မယ်။
http://lifehacker.com/assets/resources/2007/04/gmaildatasearch.user.js

Label colors
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် (ပန်းရောင်)၊ ကိုယ့်ရဲ့ စီးပွါးရေး လုပ်ငန်းအတွက် (အ၀ါရောင်)၊ ကိုယ့်ရဲ့ မိသားစု အတွက် (အပြာရောင်)၊ အရေးကြီးတဲ့ email မျိုးစုံအတွက် (အနီရောင်)၊ အဲဒီလိုမျိုး label တွေမှာ color မျိုးစုံ အသုံးချ ချင်တယ် ဆိုရင်တော့ ဒီ script ကို ရယူရပါလိမ့်မယ်။
http://mail.google.com/help/about-whatsnew-html

Gmail attachment
ကိုယ့်ရဲ့ Gmail ထဲဝင်လာတဲ့ စာတစ်စောင်ဟာ သာမန် စာတစ်စောင် ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ attach တွဲဖက် ပါဝင်ထားတဲ့ စာတစ်စောင် ဆိုရင်တော့ Gmail ဟာ သူ့ရဲ့ original attach icon လေးနဲ့ ပြသပေးပါတယ်။ ဥပမာ အားဖြင့် image ဖိုင် ဆိုရင် (jpg) icon လေးနဲ့ ပြသပေးပြီး တခြား word, excel စတဲ့ file တွေဆိုရင်လည်း (.doc) (.xls) စတဲ့ icon လေးတွေနဲ့ ပြသပေးတဲ့ အတွက် အလွယ်တကူနဲ့ ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် developer အငယ်စားတွေနဲ့ လေ့လာချင်တဲ့ လူငယ်တွေအဖို့ ပိုပြီး အဆင်ပြေတာက အခု script ဟာ 'sytlish' ရဲ့ add-on နဲ့ ရေးသားထားတဲ့ အတွက် ကိုယ့်စိတ်ကြိုက် icon လေးတွေကို ပြန်ပြောင်းယူရင်း ကိုယ်ပိုင် extension ကလေးတစ်ခုကို တောင် ကြိုးစားဖန်တည်းလို့ရနိုင်တဲ့ script တစ်ခုပါ။
http://userstyle.org/style/show/1807

Gmail To
Gmail ရဲ့ inbox ထဲမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ကြည့်ချင်တဲ့ webpage link တွေကို ကြည့်ရှုလို့ ရနိုင်စေပါမယ်။
http://userscripts.org/scripts/show/5722
Fixed Font toggle
font တွေ မျိုးစုံရရှိစေပြီး to-do-list ကို ဖော်ပြပေးပါတယ်။
fttp://gmail-greasemon-key.googlecode.com/svn/trunk/scripts/gmailfont-toggle.user.js

Gmail Macros
ကိုယ့် စိတ်ကြိုက် ဖန်တည်းထားတဲ့ 'short-units' တွေကို Gmail inbox ထဲမှာ သုံးစွဲ နိုင်ပါမယ်။ ဥပမာ အားဖြင့် 't' ကို ရိုက်လိုက်ရင် Move to trash ကို ရွှေ့ ပေးပါ။ 's' ကိုရိုက်လိုက်ရင် ဒီ message ကို spam လို့သတ်မှတ်ပါ စသည်ဖြင့် ပြုပြင် ပြောင်းလဲ ထားနိုင်ပါတယ်။
http://presistent.info/greasemonkey/gmail-marcos.user.js

Gmail encrypt
ကိုယ်မသိချင်တဲ့ လူတွေနဲ့ တခြား hacker တွေရဲ့ အန္တရယ်က ကင်းဝေးစေဖို့ လုပ်ဆောင်နိုင်တဲ့ script တစ်ခုပါ။ လူသိနည်းလှပေမယ့် ကိုယ့်ရဲ့ message တွေကို လုံခြုံစေချင်ရင်တော့ အားကိုးအားထားပြုနိုင်ပါတယ်။
http://userscript.org/script/show/3574

SSL google
Gmail ကိုပဲဖြစ်စေ၊ google docs ၊ google calender စတဲ့ products တွေနဲ့ နောက်ဆုံး google search engine ကိုပင် ဖြစ်စေ၊ 'http' နဲ့ သွားနေတဲ့ လမ်းကြောင်းကို ပြောင်းလဲပြစ်ပြီး ပို ပြီး လုံခြုံ စိတ်ချရတဲ့ 'http:' protocol တစ်ခုအနေနဲ့ ပြောင်းလဲပြစ်ပေးပါလိမ့်မယ်။ လုံခြုံမှု မြင့်မားစေတဲ့ script တစ်ခုပါ။
http://userscript.org/script/show/7427

Signature Float
ကိုယ့် email ရဲ့ အောက်ခြေရှိတဲ့ လက်မှတ်ကို စိတ်ကြိုက် နေရာ ပြောင်းလဲစေနိုင်မယ့် script တစ်ခုဖြစ်ပါတယ်။
http://userscripst.org/script/show/3067

Attachment reminder
email တစ်စောင်ကို လက်ခံရရှိတဲ့ အခိုက်အတန့်မှုာပဲ ဖြစ်ဖြစ်၊ message အသစ်တစ်ခုကို ဖန်တီးလိုက်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ 'attach' file တစ်ခုကိုများ ချိတ်ဆက်ချင်ပါသလား ဆိုပြီး သတိပေး နှိုးဆော်ပေးမယ့် script ပါ။
http://userscripst.org/script/show/2419

Usage Graph
Gmail ထဲမှာ ကိုယ်ဘယ်လောက် သုံးစွဲပြီးပြီလဲ ဆိုတာကို ဖော်ပြပေးမယ့် graph ဒီဇိုင်း addons လေးတစ်ခုပါ။
http://addons.mozilla.org/en-US/firefox/addon/6076

google view 2 panel
google ကနေ ရှာဖွေလိုက်စဉ်မှာ view ကို အထက်အောက် ၁၀ ခု ပြပေးမှာ မဟုတ်ဘဲ ဟိုဘက်၊ ဒီဘက် panel အနေနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ အလွယ်တကူ လျင်လျင်မြန်မြန် ကိုယ်လိုချင်တာကို ရွေချယ်နိုင်ပါတယ်။
http://userscript.org/scripts/show/9310

GmailDrive
ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ရှိနေတဲ့ ဘယ်လိုဖိုင်မျိုးကို မဆို ဘယ်လို folder ၊ ဘယ်လို drive ဆီမှာ ရှိနေတဲ့ ဖိုင်မျိုးကိုမဆို screen ပေါ်မှာတင် အလွယ်တကူ 'drag and drop' လုပ်ပေးနိုင်တဲ့ appilcation ငယ်လေးတစ်ခု ဖြစ်ပါတယ်။ Internet explorer နဲ့ အလုပ်လုပ်နိုင်စွမ်း ရှိပြီး Gmail Drive ကို ပိုင်ဆိုင်ဖို့ အတွက် gmail user account နဲ့ password တစ်ခုစီကလွဲပြီး တခြားဘာမှ မလိုအပ်ပါ။ (Gmail Drive ဟာ IE နဲ့ အလုပ်လုပ်ရင် ပို ပြီးအစွမ်း ထက်တာ တွေ့ရပါတယ်။ အသေးစိတ်ကို http://www.viksoe.dk/code.gmail.html မှာ လေ့လာပါ။ )
၁။ http://www.softpedia.com/progDown-load/Gmail-Drive-shrll-extensiond... ဟုရိုက်ပါ။ (သို့မဟုတ် http://www.softpedia.com ရဲ့ search box မှာ ၀င်ရောက်ရှုာဖွေ လို့ရပါတယ်။)
၂။ ပြီးရင် 200 KB သာရှိတဲ့သော ဖိုင်လေးကို down-load ယူပါ။ extract လုပ်လိုက်တဲ့အခါ 'set up' ကို တွေ့ပါမယ်။ click နှိပ်ပြီး install လုပ်ပါ။
my computer အောက်မှာ Gmail Drive ရောက်နေတာကို တွေ့ရပါတယ်။
Click နှိပ်ပါ။ ပြီးရင် 'More' လည်း click နှိပ်ပါ။ username နဲ့ password ဖြည့်ပြီးတာနဲ့ သုံးစွဲနိုင်ပါတယ်။

Gdisk (Mac)
Gmail Drive လိုပဲ ကိုယ့်ရဲ့ ကွန်ပျုတာပေါ်မှာ ရှိနေတဲ့ file တွေနဲ့ folder တွေကို အလွယ်တကူ ဆွဲယူပြီး သိမ်းဆည်းလို့ ရနိုင်တဲ့ web အခြေပြု application တစ်ခုပါ။ (macintosh သမားတွေ အတွက် သီးသန့်ဖြစ်ပါတယ်။)
http://gdisk.soureforge.net

Gmail ToDo
တကယ်လို့ 'ToDo' appliction ကိုသာ desktop ပေါ်မှာ install လုပ်ထားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ (ဒါမှမဟုတ် Gmail ရဲ့ 'ToDo'box ထဲကို အလွယ်တကူ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ internet ကို အချိန်ပိုင်းနဲ့ သုံးစွဲနေရတဲ့ သူတွေများ ဥပမာ အားဖြင့် 'access card' နဲ့ သုံးစွဲသူတွေအတွက် ကိုယ်ပို့လိုတဲ့ စာတွေကို offline မှာ ကြိုတင် ရိုက်ထားပြီး 'internet' access ယူလိုက်တဲ့ အခါမှ Gmail todo box ကို မြန်မြန်ဆန်ဆန် လွှဲပြောင်းယူပြီး gmail compose ကနေ တစ်ဆင့် စာတစ်စောင်ချင်းကို အေးအေးဆေးဆေး ပို့နေလို့ရပါတယ်။
http://gmtodo.source-forge.net

Flip Mail
မုဘိုင်းလ်ဖုန်းပေါ်မှာ တင်ထားတဲ့ Gmail mobile အတွက် အလိုအလျှောက် email forward လုပ်ပေးနိုင်ပါတယ်။
http://teleflip.com/blog/services/flipmail

Gmail Loader
Cross Platform Service တခု ဖြစ်ပါတယ်။ gmail ကို လက်ခံတဲ့ mail server တစ်ခု အနေနဲ့ ဆောင်ရွက်ပြီး တခြား email တွေရဲ့ account နဲ့ mail တွေကို Gmail ထဲကို ထည့်သွင်းယူနိုင်ပါတယ်။
၁။ 3.6 MB ရှိတဲ့ zip file ကိုအရင်ဆုံး download ချရပါမယ်။
၂။ zip ဖြည်ပြီးတာနဲ့ သုံးစွဲလို့ ရပါပြီ။
http://www.marklyon.org/gmail/download.html မှာ လေ့လာနိုင်ပါတယ်။

Icon generator
internet ပေါ်မှာ ကိုယ့်ရဲ့ email လိပ်စာကို အလွယ်တကူ တင်ထားလို့ မဖြစ်ပါဘူး။ 'spam box' လို့ ခေါ်တဲ့ spammer တွေ သုံးစွဲတဲ့ program တွေဟာ အဲဒီ email လိပ်စာကို ရှာတွေ့ပြီး အလိုအလျှောက် spam လုပ်နိုင်စွမ်း ရှိပါတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့ website မှာပဲဖြစ်ဖြစ်၊ blog မှာပဲဖြစ်ဖြစ်၊ တခြား forum လို နေရာမျိုးတွေမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ Gmail ကိုလည်း သိစေချင်တယ်။ ဒါပေမယ့် အန္တရာယ်ကလည်း ရှောင်ရှားချင်တယ် ဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ gmail ဒီဇိုင်း icon လေးကို generate လုပ်လိုက်ပါ။
http://services.nexodyne.com/email/index.php

Blogsigs
blog လေးတွေကို ပိုင်ဆိုင်ထားတဲ့ လူတွေအတွက် နေ့စဉ်နေ့တိုင်း ကို update လုပ်လိုက်တဲ့ blog page ရဲ့ link တွေကို တခြားလူတွေကို သိစေ၊ မြင်စေချင်မှာပါပဲ။ အခု blogsigs ဟာ ကိုယ့်ရဲ့ Gmail ထဲမှာရှိတဲ့ signature (ကိုယ်. Gmail ကနေ အထွက်စာတိုင်းအတွက် ပါရှိသွားမယ့် လက်မှတ် ) နေရာမှာ အခုန ကိုယ့်ရဲ့ နောက်ဆုံး blog link စာကြောင်းကို အလိုအလျှောက် ထည့်ပေးထားလို့ ရပါတယ်။
၁။ http://www.blogsigs.com ဟုရိုက်ပါ။
၂။ ယာဘက် panel မှာရှိတဲ့ extension ကို download လုပ်ပါ။
၃။ firefox, outlook ရဲ့ Mac တို့အတွက် ဖြန့်ချိထားပါတယ်။ firefox အတွက် extension ကို download လုပ်မယ်ဆိုရင် Gmail မှာ ပေါင်းထည့် ပေးပါလိမ့်မယ်။
http://www.blogsigs.com

Gmail Mobile
Mobile ပေါ်မှာ Gmail account ကို ရယူ သုံးစွဲနိုင်ဖို့ online ပေါ်မှာ ထားရှိပေးထားတဲ့ service တခုဖြစ်ပါတယ်။
http://www.google.com/mobile/mail/index.html

google talk
အခုအခါမှာ talk ဟာ ပိုပြီး အစွမ်းထက် လာပါတယ်။ ကိုယ်ပြော ဆိုလိုတဲ့ လူဟာ 'offline' ရောက်နေတာတောင်မှ 'Message' ပို့ထားလို့ရပြီး message ဟာ gmail ရဲ့ 'chats' label ထဲမှာ အလိုအလျှောက် save လုပ် သိမ်းဆည်း ပေးတဲ့ အတွက် အလွန်ထူးခြားတဲ့ feature တွေ ပါဝင်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
http://www.google.com/talk

you've Got Gmail
တစ်ယောက်ယောက်နဲ့ chatting ပြောနေရင်း Gmail ထဲမှာ message အသစ်ဝင်လာတဲ့ အခါမှာ အကြောင်းကြားပေးတဲ့ 'plug-in' တစ်ခုပါ။ 'Trillian' လို့ခေါ်တဲ့ IM software အတွက် ရေးသားထားပါတယ်။
http://www.deltha.ro

Unblock
Gmail ကို ရုတ်တရက် အသုံးစွဲရ ခက်ခဲသူတွေ အတွက် တစ်ဆင့်ခံ သုံးစွဲ နိုင်တဲ့ website တစ်ခုပါ။ (အခု လောလောဆယ် မှာတော့ Main-tainance လုပ်နေပြီး အဲဒီလို ခပ်ဆင်ဆင် တခြား webpage တွေကိုလည်း ရှာဖွေ ရရှိနိုင်ပါတယ်။)
http://unblock.com

Iphoto2Gmail(Mac)
Mac သမားတွေအတွက် သီးသန့် website တစ်ခု ဖြစ်ပါတယ်။ picasa iflicker တို့နဲ့ ပုံစံတူ photo sharing ပေးအပ်ထားတဲ့ website ကနေ Gmail အတွင်း ထဲသို့ ဓာတ်ပုံတွေ 'drag and drop' ဆွဲယူ ထည့်သွင်း နိုင်ပါတယ်။
http://www.iphoto2Gmail.notopfimail.net

Mailplane
Mac နဲ့ Window နှစ်မျိုးစလုံးအတွက် သုံးစွဲနိုင်ပါတယ်။ ရရှိဖို့ အတွက် invite တစ်စောင်တော့ လိုအပ်ပါတယ်။
၁။ အရင်ဆုံး request form ထဲကို ကိုယ့် Gmail address နဲ့ အခြား အချက်အလက် အနည်းငယ် ဖြည့်ပါ။
၂။ ပြီးရင် invite တောင်းပါ။ တစ်ပတ်လောက် ကြာမြင့် ပြီးတဲ့အခါမှာ gmail ကို application ပုံစံနဲ့ သုံးစွဲ နိုင်တာကို တွေ့ရပါမယ်။
http://mailplaneapp.com/beta/index.html မှာ လေ့လာ နိုင်ပါတယ်။

GmailFS
Linux user တွေအတွက် အဓိက ရည်ရွယ်ပါတယ်။
http://richard.jones.name/google-hacks/gmail-files-system/gmail-fil... မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

Gmail Notifiers
ကိုယ့်ရဲ့ Gmail ထဲကို mail အသစ်တွေ ရောက်ရှိနေရင် အကြောင်းကြား သတင်းပေးမယ့် program ငယ်လေး များစွာ ရှိပါတယ်။ အဲဒီ အထဲကမှ အကောင်းဆုံး ၃ ခု ရှိပါတယ်။
၁။ Gmail Notifier (official)-Gmail ရဲ့ အပိုင်တရားဝင် ပရိုဂရမ်ငယ်လေး တစ်ခု ရှိပါတယ်။
http://mail.google.com/mail/help/notifier/notifier-Windows.html
၂။ GTray -PC ရဲ့ taskbar ညာဘက်ထောင့်မှာ ရှိတဲ့ system tray ထဲကနေ အလုပ်လုပ်ပြီး အကြောင်းကြားပေးမယ့် add-ons လေးတစ်ခုပါ။
http://torrez.us/archives/2004/05/23/gtray3_beta.zip
၃။ Notifier 2- browser ရဲ့ status bar ကနေ 'inbox 2′ စသဖြင့် mail အသစ်တွေ ကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။
http://www.notifier2.com/down-load.html

Gmail Notifier (Mac)
Gmail Notifier (official) - Mac သမားတွေ အတွက် Gmail ရဲ့ တရားဝင် add-on ကို download ရယူနိုင်ပါတယ်။
http://mail.google.com/mail/help/notifier/notifier_windows.html
GCount - http://versiontracker.com/dyn/moreinfo/macOSx/2374
Gmail+Growl2.0 - http://waffsoftware.net/gmailgrowl/

Gmail Notifier(linux)
KcheckGmail- linux gmail အတွက် nitifier ပါ။
http://kcheckGmail.sourceforge.net

Gmail Notifier (browser)
Email Notifier toorbar: Firefox သုံးစွဲသူတွေ အတွက် toolbar တစ်ခုကို install လုပ်ထား ခဲ့မယ် ဆိုရင် Gmail ထဲမှာ စာအသစ် ရောက်၊ မရောက် ဆိုတာကို ပုံမှန် အကြောင်း ကြားပေးပါမယ်။
http://addons.mozilla.org/firefox/173
Gmail Notifier: firefox ရဲ့ status bar ကနေ တစ်ဆင့် အသစ်တွေရဲ့ အ၀င်အထွက်ကို သတင်း ပို့ပေး နေပါလိမ့်မယ်။
http://addons.mozilla.org/firefox/2595

သီးသန့်လမ်းညွှန် အကြံပြုချက်များ
- spam တွေကို ကာကွယ်ဖို့ အတွက်ပဲဖြစ်စေ၊ ကိုယ်လိုချင်တဲ့ စာတွေ၊ ပုံတွေ ကိုသီးသန့် စုဆောင်း ချင်လို့ပဲ ဖြစ်စေ၊ ဘယ်လို အကြောင်းမျိုး ကြောင့်ပဲ ဖြစ်စေ၊ Gmail inbox အတွင်းမှာ အရေးကြီးဆုံးက filter တွေကို ကျွမ်းကျွမ်းကျင်ကျင် တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုလိပ်စာမှာ ရှိတဲ့ filter တည်ဆောက်နည်း တွေနဲ့ အဆင့်မြင့် လမ်းညွှန် ချက်တွေက သင့်ကိုGmail မာစတာ တစ်ယောက် ဖြစ်အောင် အကူအညီ ပေးပါလိမ့်မယ်။
http://lifehacker.com/software/hack-attack/build-advanced-gmail-fil...
~ hotmail,yahoo mail, ဒါမှမဟုတ် outlook express မှာရှိတဲ့ email စတဲ့ mail မျိုးစုံကို စုစည်းပြီး Gmail ထဲကို ပို့ဆောင်နိုင်စေဖို့ နည်းလမ်းတွေကိုတော့ အခုနေရာမှာ ရနိုင်ပါတယ်။
http://www.zoliblog.com/blog/archives/2007/3/28/2840555.html
~ တကယ်လို့ Gmail user တစ်ယောက်ယောက် သေဆုံး သွားခဲ့ရင် အဒီ account ကို ကိုယ် ရယူနိုင် သလား ဆိုတာ ဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းလှ ပါတယ်။
http://seroundtable.com/archives/013645.html
~ Gmail ကသာ https layer ကို သုံးစွဲပေမယ့် သူ့ကို ၀ိုင်းဝန်း ထောက်ပံ့ နေတဲ့ တချို့ features တွေဟာ SSL ကို မသုံးစွဲ နို်င်ပါဘူး။ 'SSL' ကို မသုံးစွဲ တတ်တဲ့ အတွက် ကိုယ့်ရဲ့ Gmail တွေဟာ လုံခြုံ သင့်သလောက် မလုံခြုံဘူးလို့ ထင်မြင်ယူဆ ချက်တွေနဲ့ သံသယပွား နေရင် အခုလိပ်စာမှာ ၀င်ရောက် လေ့လာ နိုင်ပါတယ်။
http://wikihow.com/Hack-Gmail-Notifier-to-Use-SSL
~ Gmail မှာရှိတဲ့ contacts လိပ်စာတွေဟာ Gtalk သုံးစွဲ သူ အချင်းချင်း နဲ့ တခြား Gmail ကိုလက်ခံတဲ့ IM services တွေ အတွက် လက်ခံပါတယ်။ yahoo,hotmail တို့ဟာလည်း သီးသန့် လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ဥပမာ အားဖြင့် hotmail ထဲမှာ ရှိတဲ့ contacts လိပ်စာတွေကို Gmail ထဲကို ရွှေ့ပြောင်း ထားနိုင်ရင် Virus နဲ့ spam အန္တရာယ် တွေကအစ ပိုပြီး လုံခြုံ နိုင်မှာပါ။
http://e-eseasy.com/Import-Hotmail-Contacts-Gmail-aspx
~ Gmail ထဲမှာ ရှိတဲ့ message တွေမှန်သမျှ 'outlook' express ကနေ တစ်ဆင့် လက်ခံပြီး အလိုအလျှောက် download လုပ်ဆောင် နေစေနိုင်မယ့် နည်းလမ်းတချို့ကိုတော့ အခုလိပ်စာမှာ ရနိုင်ပါတယ်။
http://greektronica.com/2007/04/07-howto-redownload-gmail-messages(into-outlook)
~ Gmail ထဲက message တွေကို 'backup' လုပ်ထားဖို့ လိုအပ်တယ်လို့ တခါတလေ များတွေးတောမိ ပါသလား။ အလွန်လွယ်ကူတဲ့ လုပ်ဆောင် ချက်တွေနဲ့ Gmail ကို backup လုပ်ဆောင်စေနိုင်မယ့် အကြံပြုနည်းလမ်း တွေကို ရရှိနိုင်တဲ့ နေရာကို သွားရောက် လေ့လာကြည့်သင့် ပါတယ်။
http://greektronica.com/2007/03/29/using-google-groups-to-backup-gmail
~ Gmail ကနေ တစ်ဆင့် google calendar ကို ချိတ်ဆက် အသုံးပျြု နိုင်ပြီး gmail inbox ထဲမှာ ရက်စွဲ တစ်ခုချင်းအလိုက် လက်ခံရရှိခဲ့တဲ့ ဒါမှ မဟုတ်ရင်လည်း ပို့ဆောင်မယ့် Mail တွေကို စိတ်ကြိုက် လုပ်နိုင်တဲ့ အခွင့် အလမ်းတချို့ကို ဒီနေရာမှာ ဖော်ပြထားပါတယ်။
http://blogoscoped.com/archive/2007-04-25-html
~ 'Ubuntu' ဟာ 'xp,OSX,Limix' တို့လို operation system တစ်ခု ဖြစ်ပါတယ်။ XP လို မဟုတ်ပဲ မြင့်မားတဲ့ လုံခြုံရေး စနစ် ရှိပြီး open-source အနွယ်ဝင် ဖြစ်တဲ့အတွက် progrmmar တွေ လောကမှာ အလွန်သတင်း မွှေးပါတယ်။ အခုလိပ်စာမှာတော့ 'ubuntu' OS အပေါ်မှာ Gmail ကို Client software တစ်ခု အနေနဲ့ လုပ် ဆောင်ဖို့ နည်းလမ်း တွေကိုလမ်းညွှန် ပြသ ထားပါတယ်။
http://howtogeek.com/howto/ubuntu/set-gmail-as-defult-mail-client-i...
~ Google calendar နဲ့ ချိတ်ဆက်ပြီး Gmail အတွင်းထဲ မှာရှိတဲ့ လိပ်စာရှင်တွေ ဆီကို အလိုအလျှောက် လုပ်ပေးနိုင်တဲ့ အတွက်
http://lifehacker.com/software/google-calendar/geek-to-live-sync-go...
-desktop-251219.php
~ Gmail အတွင်းထဲမှာ ရှိတဲ့ fonts,font size,smiley icon စတာတွေမှာ ကိုယ်လိုချင်တာတွေ မတွေ့ခဲ့ရ သေး လျှင် ဒီနည်းလမ်း တွေကိုသာ လုပ်ဆောင် ကြည့်မယ် ဆိုရင် Gmail ရဲ့ ဖုံးအုပ် ထားတဲ့ လျှို့ဝှက် ချက်တွေကို ရရှိနိုင်မှာပါ။ (အထူးသဖြင့် better Gmail ရဲ့ extension လုပ်ဆောင်ချက်တွေကို တစ်ဆင့်ချင်း ရှင်းလင်းပြသ ပေး ထားတဲ့ အတွက် အားကိုးရတဲ့ tip တွေဖြစ်ပါတယ်။
http://5thirtyone.com/archives/821
~ သင့်မှာ ရှိသမျှ Email account တွေကို Gmail နဲ့ အတူ ဖွဲ့စည်းတည်ဆောက် နိုင်ပါတယ်။ အကုန်လုံးကို တစ်စု တစ်ဝေးတည်း ဖွဲ့စည်း တည်ဆောက် ထားနိုင်တဲ့ နည်းလမ်း များကို ဖော်ပြ ပေးထားပါတယ်။
http://z-co.com/blog/2007/06/manage-all-your-email-account-with-gmail
~ 'Fetchmail' နဲ့ အတူ Gmail ကို 'backup' လုပ်ဆောင် နိုင်ဖို့ လမ်းညွှန် ပြသမှုတွေကို ပုံစာတွေ နဲ့ တစ်ဆင့်ချင်း ရှင်းလင်း ဖော်ပြထားပါတယ်။
http://lifehacker.com/software/gmail/geek-to-live-back-up-gmail/wit...
~ 'mozilla' အဖွဲ့ အစည်းက ထုတ်ဝေ ထားခဲ့တဲ့ အခမဲ့ email software ဖြစ်တဲ့ 'Thunderbird' ကို ကိုယ့်ရဲ့ email client တစ်ခု အနေနဲ့ 'default' ထားခဲ့မယ် ဆိုရင် Gmail ကို client mail တစ်ခုအနေနဲ့ သုံးစွဲ နိုင်ပါလိမ့်မယ်။ Gmail client mail server attachment Disk mail storage 'Thunderbird' 'Gmail'
http://email.about.com/od/mozilla-thunderbird-tips/qt/et12160.html
~ IMAP တစ်ခု အနေနဲ့ Gmail ကို သုံးစွဲ နိုင်ဖို့ နည်းလမ်း တချို့ ရှိပါတယ်။ တကယ်လို့ လမ်းညွှန်ချက်တွေ ကို သာ အပြည့်အ၀ လိုက်နာ ဆောင်ရွက်ခဲ့ မယ်ဆိုရင် offline ဖြစ်နေချိန်မှာတောင် Gmail inbox ထဲက message တွေကို စိတ်အေးလက်အေး ဖတ်ရှုနေလို့ ရနိုင်မယ်လို့ ဆိုထားပါတယ်။
http://downloadsquad.com/2007/07/11/how-to-use-gmail-ove-imap-and-t...
~ Microsoft ထုတ် outlook (email client software ),Gcal (Google calender), Ipod (apple ရဲ့ သီချင်း ဖွင့် စက်),mobile phone အစရှိတဲ့ Gmail ကို လက်ခံ ပေးပို့နိုင်တဲ့ ပရိုဂရမ် တွေနဲ့ Gmail ကို ဘယ်လို ဘယ်ပုံ ချိတ်ဆက် မလဲ ဆိုတဲ့ နည်းလမ်းတွေ အများကြီး ရှိနေပါတယ်။
http://internetduct-tape.com/2006/08/11
~ 'FirePG' extension ကို နားမလည် သဘောမပေါက် သေးတဲ့ လူတွေအတွက် အဲဒီ extension ကို အသုံး ပြုပြီး Gmail အတွင်းမှာ message တွေကို ဘယ်လို နည်းလမ်း မျိုးနဲ့ ရုပ်ဖျက်မလဲ ဘယ်လို သော့ချက် တွေကို သုံးစွဲပြီး ပြန်လည် ပုံဖော် မလဲဆိုတာတွေကို ရှင်းပြ ထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
http://Linux.com/artic-les/62369
~ Gmil attachment ဖိုင်တွေရဲ့ အလုပ်လုပ်ပုံ အကြောင်းတွေကို အစုံအလင် တွေ့ရပါမယ်။ ဘာကြောင့် 'zip' extension တွေကို လက်မခံ ရတာလဲ။ attach မှာ '.exe'file တွေကို ဘယ်လို တွဲချိတ် ပို့ ဆောင်နိုင်မလဲ။ '.doc' extension တွေနဲ့ mail တွေကို ဖွင့် ဖတ်သင့် မသင့် အစရှိတဲ့ gmail ရဲ့ 'attach' file တွေနဲ့ ပတ်သက်သမျှ လမ်းညွှန် ပြသပေး နေတဲ့ နေရာတစ်ခု ဖြစပါတယ်။
http://googlesystem.blogspot.com/2007/04/gmailaqttachments.html
~ Gmail server ကနေ တရားဝင် ပိတ်ပင် ထားတဲ့ file type တွေ ရှိပါတယ်။ ဥပမာ အားဖြင့် '.jar','exe',zip' စတဲ့ file extension တွေကို လှည့်ကွက် တစ်ခုအနေနဲ့ ပို့ဆောင် နိုင်စေဖို့ guide line တွေဖြစ်ပါတယ်။အလွန် လွယ်ကူရိုးစင်းတဲ့ လမ်းညွှန်ချက်တွေ ဖြစ်တာမို့ တစ်မဟုတ်ချင်း နားလည် သဘောပေါက် သွားနိုင်ပါတယ်။
http://labnol.blogspot.com/2005/12/cheat-gmail-antivirus-scanner-at...
~ တခါတလေမှာ ကိုယ့် Gmail inbox ထဲကို ကိုယ် ကိုယ်တိုင်တောင် မမှန်းဆမိတဲ့ spam ကြော်ငြာတွေ ရောက် နေ တတ်ပါတယ်။ အဲဒီ ကြော်ငြာတွေကို ကိုယ့် Gmail လိပ်စာထဲကို ဘယ်သူတွေက လမ်းညွှန် လိုက်တာ ပါလိမ့် ဆိုတဲ့ အချက်ကို ရှင်းလင်းပြထားပြီး spammers တွေကို လိပ်စာ ရောင်းစားနေတဲ့ သံသယ ရှိတဲ့ website တွေကို ဘယ်လို တြုံ့ပန်ရမလဲ ဆိုတာကို ရှင်းပြထားပါတယ်။
http://hedir.com/introduction/about/17942.html
~ 'postFix' နဲ့ Fetch-mail' ကို သုံးစွဲပြီး Gmail ကို Linux အပေါ်မှာ ဘယ်လို တည်ဆောက်မလဲ Linux နဲ့ အလုပ်လုပ်ပုံ ဟန်ပန်တွေကို အတုယူပြီး လုံခြုံ ပြည့်ဝတဲ့ Gmail တစ်ခုကို ဘယ်လို တည်ဆောက်မလဲ ဆိုတာကို အောက်ပါ လိပ်စာမှာ လေ့လာ အကဲခတ် နိုင်ပါတယ်။
http://souptonuts.sourceforge.net/postfix_tutorial.html
Gmail Shortcut
Gmail အတွင်းထဲမှာ ရှိတဲ့ message တွေကို keyboard က ခလုတ်တစ်ခု နှိပ်လိုက်ရုံနဲ့ ဖျက်ပစ် ချင်တယ်ဆိုရင် keyboard shortcuts တွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဟထားတဲ့ လိပ်စာမှာ ရယူထားနိုင်ပါတယ်။
http://labnol.blogsport.com/2007/03/gmail-delete-keyboard-shortcuts... Google ကနေ တရားဝင် တည်ဆောက် ပေးထားတဲ့ 'shortcuts' တွေကို တော့ ရပါပြီ။ ဒါပေမဲ့ ကိုယ် ဖန်တည်း ထားတဲ့ label တွေ အတွက် 'shortcuts' တွေ လိုချင် သေးရင်တော့ google system မှာ အကြံပေး လမ်းညွှန်ချက် တွေနဲ့အတူ ရရှိမှာပါ။ ကိုယ် ကိုယ်တိုင် တည်ဆောက် ဖန်တီး နိုင်တဲ့အပြင် တခြားလူတွေ တည်ဆောက် ထားပြီးသား shortcuts တွေလဲ သုံးစွဲ နိုင်ပါတယ်။
http://googlesystem.blogspot.com/2007/05/shortcuts-for-specil-gmail...
~ ဒါမှမဟုတ် cyber ကနေ အပြန်မှာ Gmail ရဲ့ shortcuts လက်ကွက်တွေကို မေ့သွား နိုင်တဲ့ အတွက် အဲဒီ လက်ကွက် လေးတွေကို print ထုတ်ပြီး အိမ်မှာ သီးသန့် လေ့လာ ချင်တယ်ဆိုရင် အခမဲ့ print ထုတ်ခွင့် ပေးထားတဲ့ gmail shortcuts key တွေကို ဒီလိပ်စာမှာ ရနိုင်ပါတယ်။
http://comp.nus.edu.sg/-kanmy/gmail/gmail/keys.html
Tips
Google ရဲ့ programming တွေထဲမှာ 'Matt-cutts' ဟာ တန်ဖိုးရှိတဲ့ လမ်းညွှန် အကြံ ပေးချက်တွေကို ဖြန့်ဝေ ပေးတာကြောင့် လူချစ်လူခင် များလှပါတယ်။ သူ့ရဲ့ blog ဟာ တစ်နေ့ကို လူသုံးသောင်း ကျော် ၀င်ရောက် ကြည့်ရှု ကြတဲ့ အထဲမှာ ၇၅ ရာခိုင်နှုန်းဟာ programming ကို စိတ်ဝင်စား လေ့လာ နေကြတဲ့ လူတွေနဲ့ ထိပ်ထိပ် ကြဲ programmer တွေ ပါဝင်ပါတယ်။ အခုနေရာဟာ 'Mattcutts' ရဲ့ 'tips' တချို့ ပါ။ တကယ်လို့ သင့်ရဲ့ Gmail inbox ပြည့်လုနီးပါး ဖြစ်လာပြီ ဆိုပါတော့။ သုံးစွဲမှု ရာခိုင်နှုန်းကလဲ ၉၉ ဒဿမ ၉ ရာခိုင်နှုန်းလောက်ကို ဖြစ်နေပြီ google ကနေ အလိုအလျှောက် တိုးပေးနေတဲ့ storage ပမာဏကလည်း တစ်နေ့တစ်နေ့ လက်ခံရှိတဲ့ spam အရေအတွက်နဲ့ ထပ်တူနီပါး ကျနေပြီး ဒီတော့ Gmail box ဟာ မကြာခင်မှာ ပြည့်တော့မယ်။ အမှန်အကန် email အသစ်တွေကို လက်မခံတော့ လောက်အောင် များပြား နေပြီ ဆိုပါစို့၊ ဒီအခါမှာ သင် ဘာလုပ်မလဲ။ Gmail server ဟာ message တစ်ဆောင်တည်း ကိုပဲ လေးနေရာလောက် ခွဲပြီး သိမ်းဆည်း တယ်လို့ ကြားဖူးထားတယ်။ အဲဒီ အခါမှာ ဘယ်နေရာမှာ ရှိတဲ့ Mail message တွေကို ဖျက်ပစ် မလဲ။ ကိုယ့်ရဲ့ Gmail box ကို သန့်ရှင်အောင် ဘယ်လိုလုပ် မလဲ။ ဘယ်နေရာကို ချန်ထားမလဲ စတဲ့ အချက်အလက် တွေကို တစ်ခုချင်း စနစ်တကျ ရှင်းလင်း ဖော်ပြထားပါတယ်။
http://mattcutts.com/blog/three-solid-gmail/productivity.tips/
~ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ Gmail ကို အခြေခံ အဆင့်ကနေ စတင်ပြီး အဆင့်မြင့် နည်းပညာ တွေ အထိ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ချင်တယ်ဆိုရင်တော့ Gmail လျွှို့ ဝှက်ချက် ပေါင်းမြောက်များစွာကို စုစည်းထားတဲ့ ကမ္ဘာ့ အစုံအလင်ဆုံး လမ်းညွှန်ချက်တွေ ရှိနေတဲ့ လိပ်စာကို သွားရောက် လေ့လာ ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
http://bnura.blogspot.com/2006/09/what-to-do-if-my-gmail-gets-full....

ဒီနေရာကို နှိပ်လိုက်ပါ . . .

Inbox မှာ သီးသန့်ခွဲထားရအောင်

သူငယ်ချင်းတို့ရေ

မေလိးတွေလက်ခံတဲ့အခါမှာ လူပေါင်းစုံက ပို့တာဆိုတော့ အများကြီးနေမှာပေါ့
အဲ့လိုဆို ကိုယ့်ရဲ့ အရေးကြိးတဲ့စာတွေ ပြန်ရှာရတာ ခက်တယ်လေ

အဲ့ဒီမှာ ကိုယ့်ရဲ့ချစ်သူရဲ့မေလိးအ၀င်တွေကို သိးသန့်ထားချင်တဲ့ သူများ...............
အေ၇းကြိးတဲ့စာများကို သီးသန် တွေ့ချင်သူများအတွက် ဒီနည်းက အဆင်ပြေမှာပါ
ကျနော်ပုံနဲ့ ပြောပြလိုက်ပါတယ်




ပထမက

ကိုယ်သီးသန့် ခွဲချင်တဲ့ မေလိးကို ဖွင့်လိုက်ပါ
ညာဘက်ဘေးမှာ Reply ဘေးကမြှားကိုနှိပ်ပါ
ပြီးရင် Fillter message like this ကို ကလစ်ပါ







Fillter message like this ကို ကလစ်လိုက်ရင်
ပုံပါအတိုင်းထပ်တွေ့ရပါလိမ့်မယ်


ဘာမှ လုပ်စရာမလိုပါဘူး Next Step ဆက်နှိပ်ပါ


ပုံပါအတိုင်းထပ်တွေ့ရင်
Also Apply Filter to 6 Conversations below နေရာမှာ အမှန်ခြစ်ပါ
Choose Label မှာ new label ရွေးပြီး နာမည်ပေးပါ

ပြီးရင်တော့ Create Filter ကို နှိပ်လိုက်ရင် ပြီးပါပြီ



အဲ့ဒါဆို ကိုယ့်ရဲ့မေလ်းထဲမှာ ကိုယ်လုပ်ထားတဲ့ နာမည်နဲ့သိးသန့်တွေ့ရပါပြီခင်ဗျာ

သူငယ်ချင်းအားလုံးအဆင်ပြေပါစေဗျာ

ဒီနေရာကို နှိပ်လိုက်ပါ . . .

Registry Editor ခေါ်လို.မရရင်


တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို အန်နေဘယ် ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။
Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။
Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှက်လိုက်ရင် ညာဘက်ချမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။
Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။
Group Pokicy Editor ကိုပါပိတ်လိုက်ပါ။
အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။

ဒီနေရာကို နှိပ်လိုက်ပါ . . .

Folder Option ပျောက်နေရင်


ကျွန်တော်တို.ကွန်ပြူတာတွေမှာ အဖြစ်များတဲ့ Folder Option ပျောက်နေတာ လေးတွေကို ပြန်ဖော်တဲ့ နည်းလေး အရင်ပေးကြည့်မယ်။ တကယ်လို. ခင်ဗျားကွန်ပြူတာမှာ Folder Option ပျောက်နေပြီဆိုရင် ဒီအတိုင်းစလုပ်ရမှာပါ။
ပထမဦးဆုံး Start Menu => Run => အဲဒီ ဘောက်လေးပေါ်လာပြီဆိုရင် regedit လို.ရိုက်ပြီး Enter ခေါက်။
Registry Editor ပေါ်လာပါလိမ့်မယ်။
အဲဒီအခါမှာ ကျွန်တော်ပြောတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားပါ။
Registry Editorထဲက My computer => HKEY_CURRENT_USER => software => Microsoft => windows => Current version => Policies => Explorer မှာ ညာဘက်ကလစ်နှိပ်ပြီး New => DWORD Value ဆိုတာကိုရွေးပေးပါ။
New value တစ်ခု ညာဘက်ချမ်းမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်မှာ ညာဘက်ကလစ်နှပ်ပြီး Modify ဆိုပြီးပြောပါ။
Value data မှာ 0 ဆိုရင် ရပါပြီ။ အဲဒါမှ Folder Option ပြန်မပေါ်လာသေးဘူး ဆိုရင်
ဝင်းဒို Restart ချလိုက်ရင် ပြန်တက်လာတဲ့ အခါ Folder Option ကိုပြန်တွေ.ရပါလိမ့်မယ်။

ဒီနေရာကို နှိပ်လိုက်ပါ . . .

Task Manager ပျောက်နေရင်


နောက်တခါ Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့
Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။
အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။
ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။
အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာပါလိမ့်မယ်။

ဒီနေရာကို နှိပ်လိုက်ပါ . . .