1/18/2009

Folder Background ပြောင်းခြင်း

အများအားဖြင့် Windows XP ရဲ့ Folder တွေမှာ နောက်ခံ background က အဖြူရောင် ဖြစ်နေတတ်ပါတယ်။ အဲဒီ အဖြူရောင်ကြီးအစား မင်းသမီးပုံလေးတွေ၊ ရှုခင်းပုံလေးတွေ ပြောင်းချင်ရင် ပြောင်းလို့ရပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်းလိုပေါ့။

့လုပ်နည်းကတော့
၁။ notepad ကိုဖွင့်ပါ။
၂။ [{BE098140-A513-11D0-A3A4-00C04FD706EC}]
Iconarea_Image=”.\a.jpg” လို့ ရိုက်ပါ။
၃။ a.jpg မှာ အခြား file name ရိုက်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီ ဖိုင်ဟာ နောက်ခံပုံပြောင်းမယ့် Folder ထဲမှာ ရှိနေရပါမယ်။ အပေါ်က ပုံမှာဆိုရင် မင်းသမီးပုံရဲ့နာမည်က a.jpg ဖြစ်ပါတယ်။
၎။ ပြီးရင် နောက်ခံပုံပြောင်းချင်တဲ့ Folder ထဲမှာ desktop.ini အနေနဲ့ Save လုပ်ပါ။
၅။ ဒါဆို နောက်တစ်ခါ ကိုယ့် Folder လေးကို ဖွင့်ကြည့်ရင် နောက်ခံပုံလှလှလေးနဲ့ ဖြစ်သွားပါပြီ။

ဒီနေရာလေးက တွေ့လို့ပါ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

Removable Disk Icon ပြောင်းလဲခြင်း

ကျွန်တော်တို့ လူငယ်တွေတော်တော်များများဆီမှာ MP3 Player ၊ MP4 Player ၊ Memory Stick တွေ အသီးသီး ကိုင်ဆောင်ထားကြပါတယ်။ အဲဒါတွေ ကွန်ပျူတာနဲ့တွဲတဲ့အခါ My Computer မှာ Removable Disk လို့ပေါ်လာတယ်။ ဒါပေမဲ့ Icon ကြီးက မလှဘူး။ အဲဒီ Icon အစား ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံလေးကို ထည့်ကြည့်ရအောင်။
အောက်မှာ ပြထားတဲ့ ပုံလေးလိုပေါ့။



လိုအပ်သော Software များ
၁။ Icon Workshop
၂။ Notepad

ပထမဆုံး မိမိပုံကို Icon အဖြစ်ပြောင်းလဲခြင်း

၁။ Iconworkshop ဆိုတဲ့ Program လေးကို ဒီမှာနှိပ်ပြီး Download လုပ်ပါ။ ကွန်ပျူတာမှာ Install လုပ်ပါ။ Program ကို ဖွင့်ပါ။
၂။ File>Open ကို နှိပ်ပါ။ ကိုယ့်ဓာတ်ပုံကို ရွေးပါ။ Open ကို နှိပ်ပါ။
၃။ ပုံပွင့်လာရင် Ctrl+A နှိပ်ပါ။ ပြီးရင် Keyboard ကနေ I ကို နှိပ်ပါ။
၎။ Extra Format Area မှာ 128*128 ကို အမှန်ခြစ်ပေးပါ။
၅။ ပြီးရင် OK နှိပ်ပါ။ File ကနေ Save ကို နှိပ်ပါ။
၆။ သိမ်းမယ့်နေရာကို ကိုယ့်ရဲ့ Memory Stick နေရာကို ရွေးပေးပါ (G: တို့ F: တို့ ဖြစ်ဖို့များပါတယ်)။ Sub folder ထဲမသိမ်းပါနဲ့။ File Name ပေးပါ။ Save ကို နှိပ်ပါ။
ဒါဆိုရင် ဓာတ်ပုံကနေ Icon ပြောင်းတဲ့ လုပ်ငန်းစဉ် ပြီးသွားပါပြီ။

နောက်တစ်ဆင့်အနေနဲ့ MP3 MP4 Memory Stick ထဲထည့်ကြည့်ရအောင်

၁။ Notepad ကို ဖွင့်ပါ။
၂။ [Autorun]
icon=xxx.ico လို့ရိုက်ပါ။ xxx တွင် အစောက ပြောင်းထားသော icon file name ကို အစားသွင်းရပါမည်။
၃။ File မှ Save ကိုနှိပ်ပါ။ သိမ်းမည့်နေရာကို Memory Stick ၏နေရာ ရွေးပေးပါ။ Sub folder ထဲ မသိမ်းပါနှင့်။
၎။ File name ကို autorun.inf လို့ ရိုက်ပြီး Save ကို နှိပ်ပါ။

ဒါဆိုပြီးသွားပါပြီ။ Memory Stick ကို ဖြုတ်ပါ။ Computer တွင် ပြန်တပ်ပါ။ My Computer ကိုဖွင့်ကြည့်လိုက်ပါဦး။

ကျွန်တော် ဒီနေရာက တွေ့ရှိတာကို ပြန်တင်ပြတာပါ ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/14/2009

ဝလား ပိန်လား စစ်ရအောင်

ကဲသူငယ်ချင်းတို့ရေ ..
ပိန်တဲ့သူက ၀ချင်တယ် .. ၀တဲ့သူက ပိန်ချင်တယ်တဲ့
ဘယ်သူတွေက ဘယ်လိုပဲပြောပြော .. ကိုယ့် ခန္ဓာကိုယ် နဲ့ ကိုယ်အရပ် လိုက်ဖက်မှုရှိ မရှိ
ကိုယ် တကယ်ပိန်လား . ၀လား သိချင်ရင် ဒါလေးနဲ့ စမ်းကြည့်ရအောင်


ပုံပေါ် နှိပ်ပြီး Download ချပါ ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/11/2009

I Like Beer . . . :)

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/10/2009

Chinese New Year .. Lion Dance

ဒီနေရာကို နှိပ်လိုက်ပါ . . .

Internet Journal

လစဉ်ထုတ် အင်တာနက်ဂျာနယ်ကို ဖတ်ရှုလေ့လာလိုသူများအတွက် ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/09/2009

Email တွေကို လုံခြုံအောင် ပို့မယ်

မိတ်ဆွေတို့ကိုအခုဖော်ပြပေးမှာကတော့ မိတ်ဆွေတို့ရဲ့ email လေးတွေကို လုံလုံခြုံခြုံပို့နိုင်အောင် website တစ်ခုကိုလမ်းညွှန်ပေးမှာပါ။လမ်းညွှန်မူမပေးခင်မှာ အသုံးပြုပုံလေးကိုရှင်းပြချင်ပါတယ်။
အရေးကြီးတဲ့စာတွေကို ပုံမှန်မဟုတ်ပဲ ဝေလည်ကြောင်ပတ်ရေးသားပြီ လက်ခံရရှိသူက ပြန်လည် ဖော်ထုတ်တာကို အသုံးပြုနည်းဖြစ်ပါတယ်။
ရောမခေတ်မှာတော့ စစ်ရေးနဲ့ပတ်သက်ပြီ တစ်ခြားနိုင်ငံကိုစာပို့ရာမှ လုံခြုံမူရှိစေရန် စစ်သည် တစ်ဦးကို ခေါင်းတုံးရိတ်စေပြီး သူခေါင်းမှာ ဆေးမင်ကြောင်ပုံ စုပ်ထိုးပြီးစာရေးပါတယ်တဲ့။ စစ်သည် ဆံပင်ပြန်ပေါက်တော့မှ သူ့ကို စာပို့လိုတဲ့တိုင်းပြည်ကိုလွတ်ပြီး စာကိုလုံလုံခြုံခြုံရှိအောင် လုပ်ခဲ့တယ် လက်ခံရရှိသူက စစ်သည်ကိုကတုံးတုံးပြီးစာဖတ်တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဘူးပါတယ်။
အဲဒါမျိုးကို Cipher သွင်းတယ် Cipher ဖော်တယ်လို့လဲခေါ်ကြပါတယ်။
သဘောတရားကတာ့ လုံခြုံမူရှိအောင်လုပ်လေ ရှုပ်ထွေးစွာလုပ်ဆောင်ရလေပါပဲ။
ရှုပ်ထွေးအောင်လုပ်လေလေ အချိန်ပိုကြာလေပါပဲ။
အချိန်နဲ့ လုံခြုံမူဟာ တိုက်ရိုက်ဆက်စပ်နေပါတယ်။
အချိန်ပိုကြာကြာပေးရင် လုံခြုံမူပိုရှိမယ်
အချိန်နဲနဲပဲပေးရင် လုံခြုံမူလျော့နည်မယ်
အဲတော့မိတ်တွေက ကိုယ်ပို့မဲ့ email ဟာ ဘယ်လောက်ထိအရေးကြီးလဲမကြီးလဲဆိုတာကို ဆုံးဖြတ်ပြီး လုံခြုံမူရှိအောင်လုပ်ဖို့ဆုံးဖြတ်ပေါ့ဗျာ။
ကဲလုပ်နည်းစပြောမယ်။

ပေးပို့နည်း
၁။ Encode a message now ကိုနှိပ်လိုက်ပါ။
၂။ Enter Your ဆိုတဲ့နေရာမှာ သင်ရဲ့လျို့ဝှက်နံပါတ်လေးထည့်ပါ။
စာလေးဖြစ်ဖြစ်လဲရပါတယ်။
သတိပေးလိုတာကတော့ စာလက်ခံမဲ့သူကို ကိုယ်က အဲလျို့ဝှက်နံပတ်လေးကြိုပြောဖို့
တော့လိုပါတယ်။ဖုန်းနဲ့သော်၎င်းပေါ့ဗျာ။ဒါမှမဟုတ်လည်း အချင်းချင်းတွေ့တုန်း နံပါတ်
တစ်ခုခုသတ်မှတ်ထားပေါ့ဗျာ။
၃။ Type your message here ဆိုတဲ့နေရာမှာ ကိုယ်ရေးမဲ့စာသားတွေကိုရေးလိုက်ပါ။
၎။ ရေးပြီးရင် encode now ကိုနှိပ်လိုက်ပါ။
၅။ encode လုပ်ပြီးတာနဲ့ သင့်စာတွေရဲ့ ဖောင့်တွေပုံစံမျိုးစုံတွေ့ရမှာပါ။
၆။ ပြီးရင် စာတွေကို copy လုပ်ပြီး မေးနဲ့ပို့လိုက်ပေတော့။

လက်ခံဖတ်ရှနည်း
၁။ စာမှာပါလာတဲ့ စာကိုယ်ကို copy လိုက်ပါ။
၂။ Enter your ဆိုတဲ့နေရာမှာ ပို့သူနဲ့လက်ခံသူ နားလည်မူယူထားတဲ့ လျို့ဝှက်နံပါတ်လေးကို
ထည့်ပါ။
၃။ Paste your coded message ဆိုတဲ့နေရာမှာ စောနက email ကနေ copy ထားတဲ့စာကို
paste လုပ်လိုက်ပါ။
၎။ ပြီးရင်decode now လုပ်လိုက်ပါ။
၅။ ဒါဆိုတစ်ဖက်က ပို့လိုက်တဲစာကိုသင်ဖတ်လို့ရပါပြီ။

မှတ်ချက်
၁။ ပိုလုံခြုံလိုလျင် encode ကိုအကြိမ်ကြိမ်သွင်းပေါ့ဗျာ။
၂။ လက်ခံတဲ့သူကလဲ အကြိမ်ကြိမ် encode လုပ်ထားတဲ့စာကို သူ့အကြိမ်အတိုင်း decode
ပြန်လုပ်ပေါ့ဗျာ။
၂။ ပို့သူနဲ့ လက်ခံသူ လျို့ဝှက်နံပါတကို ကြိုတင်သတ်မှတ်ထားရမယ်။
၃။ တစ်ဖက်သူကလဲ အခုအသုံးပြုတဲ့ဆိုက်ကိုသိရမယ်လေ။

ဥပမာ
ကျွန်တော်ဥပမာနဲ့ပို့ပြမယ်
ကျွန်တော့်သူငယ်ချင်းဆီကို အကြွေးမပေးနိုင်သေးကြောင်းစာရေးမယ်။
သူများသိသွားရင် ရှက်ဖို့ကောင်းတယ်။
အဲတော့လျို့ဝှက်ပြီးရေးမယ်--ကဲစပြီ
သူငယ်ချင်းရေ
မင်းပို့လိုက်တဲ့စာကိုရပါတယ်ကွယ်
မင်းငွေကိုငါလကုန်ရင်ပို့လိုက်ပါ့မယ်။
လောလောဆယ်ငါအဆင်မပြေသေးလို့ပါ။
မိန်မကလဲ မီးဖွားပြီးစဆိုတော့ ငွေရေးကြေးရေးကျပ်တည်းနေလို့ပါ။
စိတ်ချပါ ဒီလကုန် လစာထုတ်ထုတ်ချင်း မင်းငွေကို ငါရိုးမဘဏ် ကနေ
ပို့လိုက်ပါ့မယ်။
မင်းရဲ့သူငယ်ချင်း


ကဲလုံခြုံအောင် encode လုပ်လိုက်မယ်
encode လုပ်လိုက်တဲ့စာသားတွေကဒီလိုရတယ်

1D38EFEAFD44C290EA0F03A309564111CB578FEAF4DAB80B0FCCCCC5DDD013D4C60
E42394492C7A5F8429FFDE8CDA3FD6842EF90ABEB06C0EBDCCBCECAE7DC39DCCB
CEE9E174D9DCCBE62B8AC4D9DCFAEAC10CC4F29CDDEEDFDFDFBCFBF2BFD9DCE
325E1C6C4D9D8AFD8DF07C4D8C7D30C2640C4D99C52FC0828DCD9DC68CEECC9C4D
9BFFDCFD92E88D9DE03EE0B0C4CD9FC0F0E8B1AF659CAF902EFA905D999CD05E2E
848FFDD92C6CBF9DC19FC0756C6C8C634ECD1EEEACC75D91FC10FEEC509D8CC06C
DC8F9CDC91ED8CBF8D0F2D8DDC7481DEA4DD95DD9161AD6E4011E48D6C40105D0B
0FAC7D2C6226FD1FD0C12FECE3CFCA9CFC5CE84C1EF9B825ED18CDF3C0AD6C0CE
86C16C02FEFAE1CDDF6FEFED812BF5C13DCB042FDFADCF0FED1D76C5C059DCCBF
E92D144D9DC535ED6F9C4D9CDDD56D2C4C4F2DFDCFBCCDFDFD3CFF34EC9DCCAD
E7DAE69B2DCC9DA0B57C419DDF8FD9814C1D9DC46C248CA22D9C7FACCFED7F1E9
DC896BD8050CB91CD88EA600D6D0DC0B4DDBEE67D59C68FEEF008C1D1180C29F09
C03F0FCBC2EA0A6FD50FEBAEFEAAF4DDBC492FA7D104154CF982CD49F649FC28D
7D80FDDD9EDDADE07CC027DD012EDFD4C10CF5DC8A85CC3AC1B9DD8FECE1881D
D0FD2C217C82434984B5FD12E07E91DEAC2F9C88CBAD009F8C6F8C0013FE12CE8C8
E5B53C008EAF56F4553DD9EE8B0C2600F9FB0F10EDDDDB04CB280CFDD41D9DCBC
2E20DF60B3A11D8CDD7C059DCDF0DAF5302D9DCA89EC0D6AE79DCC6FE0ECEE4C9
DC47FCAEFE14EBDCD8E842EAC0B4F5591F46ECDAC97FCC9AD0E7E3C7E6C7DBD7F
928FBCD1698CCD2C8C8EDD4EB1AFB2FF8CBC23F0DC703EF07C8D31CFA88CAAEC1
DFEC80C5EFA917EAFFFBEE55FD0DEDCA5AECACEDDDDFDEFBC3D6831DF4D1FBD
DEAF614D4DCDFC2DDE5A01BC4C2C82EDD0FD544076E1D071DC9BFCECCC6CE2632

ဒီ encode လုပ်ထားတဲ့စာသားတွေကို copy လုပ်ပြီး email နဲ့ပို့လိုက်မယ်။
လက်ခံရတဲ့သူက decode ပြန်လုပ်ဖတ်မယ်။
ပိုလိုခြုံချင်ရင် encode လုပ်ပြီးသားကို ထပ်ပြီး encode အကြိမ်ကြိမ်လုပ်နိုင်တယ်။
အဲဒီမှာသွားစမ်းသပ်ပါ။
ဒီကနေသင့် email တွေကိုလုံခြုံအောင်လုပ်ပေးပါလိမ့်မယ်။ဒီအခန်းထဲကိုဝင်--
လျှို့ဝှက်အခန်း

Myanmar IT Development မှ ကိုထိုက်ကျော်ရဲ့ ပို့စ်ကို ကူးယူတင်ပြပါသည်။

ဒီနေရာကို နှိပ်လိုက်ပါ . . .

အိမ်ထောင်ရှင်မလေး အေကို (Aiko)

အသက်က (၂၀)၀န်းကျင်မျှသာ ရှိဦးမည်။ မျက်နှာလေးက ချောမောပြီး ခန္ဓာကိုယ် အချိုးအစားက (၃၂-၂၃-၃၃)။ နောက်ပြီးတော့ အိမ်မှုကိစ္စ အ၀၀ကိုလည်း တာဝန်ယူထားသေးသည်။ ခင်ပွန်းအပေါ်မှာလည်း အပြုစု၊ အယုယကောင်းသည်။ ထိုသို့သော မိန်းကလေးမျိုး ခေတ်သစ် တော်လေး၀၀င်အဖြစ် ဂုဏ်တင် ခိုင်းနှိုင်းပါက လွန်အံ့မထင်ပါ။
သို့သော်လည်း ထိုမိန်းမချောလေး အေကို(Aiko)သည် လူသားစင်စစ် မဟုတ်ခြင်းကတော့ နှမျောစရာ ကောင်းလှပါသည်။ သူမသည် စက်ရုပ်လေး တစ်ရုပ်ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ လီတရွန်က သူမအား နှစ်နှစ်ကြာမျှ အချိန်ယူပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။
ကနေဒါနိုင်ငံ၊ အွန်တေရီယိုတွင် နေထိုင်သော ကွန်ပျုတာ ပညာရှင်လီသည် အေကိုအား အလုံးစုံ ပြီးပြည့်စုံသော စက်လူရုပ်ဖြစ်လာအောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားဦးမည်ဖြစ်ပြီး ယခုအချိန်ထိ အေကိုအား တီထွင်စရိတ် ပေါင်စတာလင်(၁၄,၀၀၀)ကျော် ကုန်ကျထားပြီးဖြစ်သည်။ လီက သူမအား ဇနီးမယားအဖြစ် ပေါင်းသင်းနိုင်ရန် တီထွင်ထားခြင်း ဖြစ်သည်။ လီသည် အေကိုအား Star Warsရုပ်ရှင်များမှ C3POစက်ရုပ်ကဲ့သို့ ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။အေကိုနှင့်ပတ်သတ်ပြီး တီထွင်သူလည်းဖြစ်၊ ခင်ပွန်းလင်လည်းဖြစ်သော လီက "အေကိုသည် သိပ္ပံပညာနှင့် အလှတရားတို့ ပေါင်းစပ်ထားသည့် ရလဒ်အမြုတေတစ်ခုဖြစ်သည်"ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။

အေကိုသည် မနက်စောစောတိုင်း သတင်းစာ ခေါင်းကြီးပိုင်းများကို ခင်ပွန်းသည်အား ဖတ်ပြလေ့ရှိသည်။ ညနေပိုင်းတွင် ညစာအတူ ထွက်စားသည်။ ထို့အပြင် ဇနီးမောင်နှံနှစ်ဦးတို့သည် မြို့ထဲတွင် ကားတစ်စင်းနှင့် မကြာခဏ လျှောက်လည်တတ်ကြောင်း မျက်မြင်များက ပြောဆိုသည်။ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုအတွက် အေကိုတွင် အသုံးပြုထားသော Softwareများက အလိုအလျောက် လှုံ့ဆော်တက်ကြွလာစေကြောင်း ရှင်းပြခဲ့သည်။
ယခုအခါ လီသည် အေကိုအား လူနှင့်ပိုတူလာစေရန် ဆက်လက်တီထွင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မည့် ပုဂ္ဂိုလ်ကို ရှာဖွေနေသည်။ အေကိုမှာ ဆီလီကွန်များဖြင့် ဖွဲ့စည်းထားပြီး လူ့အသားအရေနှင့် ချွတ်ဆွတ်တူအောင် ပြုလုပ်ထားသည်။ ၀ိုင်အနည်းငယ် သောက်နိုင်ပြီး အစားအသောက်ကို ကျွေးလည်းရ၊ မကျွေးလည်းရသည်။ နားချိန်မယူဘဲ (၂၄)နာရီ အလုပ်လုပ်နိုင်ပြီး စကားများခြင်း၊ ငြူစူရန်ဖြစ်ခြင်း လုံးဝမရှိသော အေကိုမှာ စံပြအိမ်ထောင်ရှင်မဟု လီက ချီးကျူးခဲ့သည်။
လီသည် ၎င်း၏တီထွင်မှု နည်းပညာ အဆင့်ဆင့်ကို ဖြန့်ဖြူးပေးရန် ငြင်းဆိုခဲ့ပြီး အလုံးစုံ ပြီးပြည့်စုံပြီဟု ယူဆရမှသာ နည်းပညာပိုင်း ဖွင့်ထုတ်ကြေညာမည်ဟု ပြောကြားသွားသည်။လီက ၎င်း၏ဇနီးအား လာရောက် ကြည့်ရှုကြသည့် လူအများတွင် မိန်းမများက အေကိုနှင့် စကားပြောချင်ကြပြီး ယောက်ျားများကမူ အေကိုအား ကိုင်တွယ်ကြည့်လိုကြောင်း ရယ်မောပြီး ရှင်းပြနေချိန်တွင် စက်ရုပ်ဇနီးလေး အေကိုကမူ ခင်ပွန်းသည် လီ၏နေအိမ်အား သန့်ရှင်းရေးလုပ်ရင်း မအားမလပ်နိုင် ရှိနေဆဲပင်။
အေကိုအား ယခုထက်ပိုသည့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီးပါက လူသားအကျိုးပြု အိမ်အကူစက်ရုပ်များ တီထွင်နိုင်မည့် ခေတ်တစ်ခေတ်ကို ချဉ်းနင်းဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း လီကအဆုံးသတ် ပြောဆိုသွားခဲ့သည်။ အေကိုအား ဖန်တီးတီထွင်ခဲ့သည့် လီက ၎င်းအတွက် အဓိကစိန်ခေါ်မှုမှာ အေကို လမ်းလျှောက်နိုင်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အိမ်ရှင်မ စက်ရုပ်လေးအေကိုနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက http://www.projectaiko.com တွင်လည်း သွားရောက် လေ့လာနိုင်ကြောင်း သိရသည်။

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/08/2009

Myanmar Fonts

ကွန်ပျူတာမှာ မြန်မာစာလုံး အခက်အခဲ ဖြစ်နေသူတွေအတွက်
မြန်မာဖောင့်တော်တော်များများကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ ဆိုဒ်တစ်ခုပါ
ကျွန်တော်လည်း ရှာရင်းဖွေရင်းနဲ့ တွေ့မိလို့ ဆက်လက်ဖြန်ဝေပေးပါတယ် ..
ဒီနေရာမှာ .. သွားကြည့်ပါနော်

ဒီနေရာကို နှိပ်လိုက်ပါ . . .

လက်စွမ်းပြသံစဉ် ..



သံစဉ်တီးလုံးအများကြီးပါလို့ .. တစ်ပုဒ်ပြီးတစ်ပုဒ် ရွေးချယ်နားဆင်နိုင်ပါတယ်

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/07/2009

အကောင်းဆုံးသော အားပေးစကား

သင်မြတ်နိုးတဲ့ အိမ်ဂေဟာနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာမှာ သင်ရောက်နေတဲ့ အခါ..
သင့်ခြေဖ၀ါးအောက်မှာ သင်နဲ့ မရင်းနှီးတဲ့မြေ၊ သင့်ဦးခေါင်းထက်မှာက သူစိမ်းဆန်တဲ့ မိုးကောင်းကင်၊
သင့်ပတ်ဝန်းကျင်က သူစိမ်းတရံဆန်တွေ နဲ့ မနက်ကနေ ညနေထိ တစ်နေကုန်ပြောဆိုဆက်ဆံနေရငြား ..
သင့်အား သတိရနေတဲ့ တစ်စုံတစ်ယောက်ရှိတယ်ဆိုတာ မမေ့ပါနဲ့ ။
ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ၊ စိတ်ရောကိုယ်ပါနွမ်းနယ်တဲ့အခါ၊
ကိုယ့်ရဲ့ယုံကြည်ချက်ဟာ အဟောသိကံပဲလို့သံသယ၀င်လာတဲ့အခါ ..
တစ်စုံတစ်ယောက်ကသင့်ကို သတိရနေတယ်ဆိုတာ သတိရပါ ..
တစ်စုံတစ်ဦးက သတိတရရှိနေတယ်.. တစ်စုံတစ်ယောက်က ဂရုစိုက်ကြင်နာတယ်..
တစ်စုံတစ်ယောက်သောသူရဲ့ ဆုတောင်းစကားသံထဲမှာ သင့်ရဲ့အမည်နာမကို တီးတိုးရေရွတ်နေတာ ..
သင်ဘယ်နေရာ ရောက်ရောက်.. ဘာတွေဖြစ်နေဖြစ်နေ သင့်ကို သတိရနေသူ တစ်စုံတစ်ယောက်ရှိနေတာမို့
သင် အားတင်းထားပါ. သင့်အနာဂတ်ထွန်းတောက်လာဖို့ ကြိုးစားရမှာ အမှတ်ရပါ ...

(ဒီ အားပေးစကားလေး ပို့ပေးတဲ့ မနွေး ကို ကျေးဇူးတင်ပါတယ်)

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/04/2009

လွတ်လပ်ရေးနေ့ ရွှေတြိဂံနယ်မြေ အမှတ်တရ

မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲ အမှတ်တရ ..
မွေးနေ့ပွဲလာ ဧည့်ပရိတ်သတ်များမြင်ကွင်း

ရွှေတြိဂံနယ်မြေ

ယိုးဒယားဘက်ခြမ်းက ဘုရားဆင်းတုတော်

မြန်မာဘက်ခြမ်းက Hotel Paradise

လာအိုဈေး အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ
လောကျွန်း ခေါ် လာအိုဈေး

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/03/2009

Year Of Ox . . .

2008 ခုနှစ်ကို ကုန်လွန်လို့ 2009 ခုနှစ်ကို ကူးပြောင်းသွားခဲ့ပါပြီ ..
တရုတ်ရိုးရာ နှစ်သစ်ကူးပွဲကတော့ မကြာခင်ကာလအတွင်းမှာ ရောက်လာတော့မှာပါ ..
2008 ခုနှစ်ကို တရုတ်ရိုးရာအရ ကြွက်နှစ် အဖြစ်သတ်မှတ်ထားပြီး 2009 ခုနှစ်ကို နွားနှစ်အဖြစ် သတ်မှတ်ထားပါတယ်။
2009 ခုနှစ်ကို နွားနှစ်အဖြစ် သတ်မှတ်ထားတယ်ဆိုတာကို သိလိုက်ရတဲ့ ကျွန်တော် .. တော်တော် တုန်လှုပ်သွားမိပါတယ် .. နွားဆိုတဲ့ သတ္တ၀ါက အမြဲတမ်း ရုန်းကန်နေရတဲ့ ဘ၀ .. နွားနှစ်မှာ ကျွန်တော်တို့ ဘယ်လောက်ထိ ရုန်ကန်ရဦးမှာလည်း .. ကြွက်နှစ်မှာတုန်းကလည်း ကြွက်တစ်ကောင်လို ခိုးချောင်ခိုးဝှက်နဲ့ကို နေခဲ့စားခဲ့ရပါတယ် .. ဒီနှစ် နွားနှစ်ဆိုတော့ စိုင်းစိုင်း စကားနဲ့ ပြောရရင် .. “ သေပြီဆရာ ”
2009 ခုနှစ်မှာ ကျွန်တော့် ဘ၀ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုကြီးတစ်ခုကို စတင်ဖို့ ရည်ရွယ်ထားတဲ့နှစ် ..
ဒီအတိုင်းသာဆို .. နွားနှစ်မှာ .. သေပြီဆရာ .

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/01/2009

မင်္ဂလာရှိသော ၂၀၀၉

နှစ်သစ်မှာ သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ ကြည်နူးသာယာနိုင်ကြပါစေ .. အောင်မြင်ချမ်းသာကြပါစေ ..

2009 ခုနှစ်ရဲ့ ပထမဆုံး လင်းရောင်ခြည် .. နွေးထွေးမှုတွေနဲ့အတူ နူးညံ့စွာ ကြိုဆိုခြင်း

2008 ခုနှစ်ရဲ့ နောက်ဆုံးလင်းရောင်ခြည် .. ၀မ်းနည်းစွာ နှုတ်ဆက်ထွက်ခွာသွားသူရဲ့ အပြုံး

အမှတ်တရ ..
2008 ခုနှစ်ရဲ့ နောက်ဆုံးလင်းရောင်ခြည်ကို ဓါတ်ပုံရိုက်ပြီး .. ညပိုင်း New Year ရှုခင်းလေးကို ဓါတ်ပုံရိုက် မှတ်တမ်းတင်မယ်လို့ စဉ်းစားထားတာ .. ညရောက်တော့မှ သိလိုက်ရတယ် . ကင်မရာဓါတ်ခဲက အားကုန်နေပြီ ။
နောက်နေ့ မနက်စောစော ၅ နာရီလောက်ကတည်းက ဘုရားကိုသွား .. ဘုရားကုန်းတော်ပေါ်ကနေ 2009 ခုနှစ်ရဲ့ ပထမဆုံးလင်းရောင်ခြည်ကို မှတ်တမ်းတင်မယ်လို့ စဉ်းစားထားတာတွေလည်း သွားပါပြီဗျာ ..
မနက်စောစော ဓါတ်ခဲ ၀ယ်လို့ရဖို့ကလည်း မလွယ်ဘူးလေ .. ဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ Happy New Year ကို အိပ်ယာထက်ကနေပဲ ကြိုဆိုလိုက်ပါတယ်ဗျာ ..
2009 ခုနှစ်ရဲ့ မနက် 6:30 မှာ အိပ်ယာက နိုးနိုးချင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နေမင်းရဲ့ အလင်းရောင်ကို မတွေ့ရသေး .. ကျွန်တော် အားတက်သွားတယ် .. ချက်ချင်းထ မျက်နှာသစ်ပြီးတော့ အိမ်အောက်ကို (အိမ်ခန်းက ၅ ထပ်မှာ) ပြေးဆင်း ဓါတ်ခဲရောင်းတဲ့ဆိုင် ဖွင့်တာနဲ့ အဆင်သင့်ပဲ ဓါတ်ခဲဝယ် .. အိမ်အပေါ် ခေါင်မိုးပေါ်ကနေ ရိုက်မယ်လို့ စဉ်းစားထားတာ ဘေးလှေခါးက ခုချိန်ထိမဖွင့်သေး (အရင်ဆို မနက် 5:30 ဆိုဖွင့်ပြီ) .. ဟား .. စိတ်ကိုညစ်ရော .. ဒါနဲ့ပဲ တောင်ပေါ်သွားရိုက်မယ်ဆိုပြီး သွားနေကျ ဆိုင်ကယ် Taxi ကို လှမ်းခေါ်ဖို့အလုပ် .. ဟိုက် .. ဖုန်းကျန်ခဲ့ပြီ ၊ ဒါနဲ့ပဲ အိမ်ပေါ်ကို ပြေးတက် ဖုန်းကိုယူ Taxi ခေါ်၊ Taxi သမားကလည်း အိမ်အောက်ရောက်တာနဲ့ ဖုန်းဆက်တယ် .. “ခရီးသွားတစ်ယောက်ရလို့ လိုက်ပို့ချင်လို့ ခဏ စောင့်ပေးနိုင်မလား” တဲ့ .. နိုး နိုး နိုး မဖြစ်ဘူး .. ငါက အရေးကြီးတယ် . တော်ကြာ နေမြင့်သွားရင် ရိုက်လို့အဆင်မပြေတော့ဘူး .. ဒါနဲ့ပဲ ခရီးသည် ခဏထားခဲ့ ငါ့အရင် တောင်ပေါ်ပို့ပဲ လုပ်ရတော့တယ် .. ခုမှပဲ တိုက်ဆိုင်နေလိုက်တာ .. တောင်ပေါ်ရောက်လို့ ဓါတ်ပုံ ရိုက်တဲ့ အချိန်က မနက် 7:00 ထိုးပြီ။ တော်ပါသေးသည် ရှင်နေမင်းကို အဆင်ပြေပြေ ဓါတ်ပုံ ရိုက်လို့ ရခဲ့လို့ .. တိမ်တွေကလည်း လှပစွာ ခြယ်မှုန်းပေးထားသေး။
ဓါတ်ပုံရိုက်ပြီးတော့ တစ်ခါတည်း မနက်စာ စားမယ်ဆိုပြီး စားနေကျဆိုင်ကို သွားလိုက်ပါတယ် .. ထုံးစံအတိုင်း မှာလိုက်ပါတယ် စားနေကျ မုန့်ဟင်းခါး .. စားပွဲထိုးလေးက လာပေးတော့မှ ဟိုက် လွဲပြန်ပြီ .. ငြုပ်သီးတွေနဲ့ . ကျွန်တော် မုန့်ဟင်းခါးစားတိုင်း ဘယ်တော့မှ ငြုပ်သီးမထည့် .. မထည့်ဖို့ကိုလည်း အမြဲမှာဖြစ်တယ် .. ဒီနေ့တော့ စားနေကျဆိုတော့ သူတို့လည်း သိနေပြီးဖြစ်တဲ့အတွက် မမှာလိုက် .. ကျွန်တော်က ငြုပ်သီးကြောက်သည်။ ထည့်လာမှတော့ မထူးပါဘူး စားလိုက်တော့သည်။ အင်း 2009 ခုနှစ်ရဲ့ နှစ်စမှ မျက်ရည်ကျလိုက်သည် (စပ်လို့)။ စားသောက်ပြီး တစ်ခါတည်း ဈေးသွားမယ်ဆို လုပ်လိုက်တော့မှ .. ဟောဗျာ .. ဈေးသွားလို့ မဖြစ်သေးတဲ့ အကြောင်းက ပေါ်လာလို့ . အိမ်ပေါ်ကို အမြန်ပြန်တက်ပြေးခဲ့ရပါတယ်ဗျာ ။
ဒီလိုနဲ့ 2009 ခုနှစ်ရဲ့ ပထမဆုံး လင်းရောင်ခြည် ကို အလွဲများစွာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ..
နှစ်စမှာ လွဲခဲ့သမျှဟာ .. တစ်နှစ်စာအတွက် စတင်လွဲမှားခြင်း၊ တစ်နှစ်စာ အလွဲများရဲ့ နိဒါန်း မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတော့တယ် ..

ဒီနေရာကို နှိပ်လိုက်ပါ . . .