5/24/2008

ကောင်းခန့် .. ဘယ်မှာလဲ ..

တစ်နေ့တစ်နေ့ ပိုစ့်အသစ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့ ဘလော့တွေကို လိုက်ဖတ်မိတယ် ..
အများစုကတော့ .. နာဂစ်နဲ့ နှစ်ပါးသွားနေကြလေရဲ့ ..
တချို့တော့ .. မြန်မာပြည်အတွက် ကြိုးစားတိုက်ပွဲဝင်နေလေရဲ့ ..
တချို့က .. ကဗျာတွေ . စာတွေ ရေးဖွဲ့နေလေရဲ့ ..
နာဂစ်အတွက် ကြိုးစားနေသူတွေကို အားကျပါရဲ့ .. အားပေးပါ၏ ..
မြန်မာပြည်အတွက် ကြိုးစာနေသူတွေကို အားကျပါရဲ့ .. အားပေးပါ၏ ..
ကဗျာတွေ စာတွေရေးနေသူတွေကို အားကျပါရဲ့ .. အားပေးပါ၏ ..
အင်း ...
ကောင်းခန့် . . တစ်ယောက် ဘာလုပ်နေလဲ .. ဘယ်ရောက်နေလဲ ..
သူများတွေ နာဂစ်အတွက် ကြိုးစားနေချိန်မှာ သူ မပါ ပါလား ... ဘာဖြစ်လို့ ဘေးရောက်နေတာလဲ ..
သူများတွေ မြန်မာပြည်အတွက် ကြိုးစားနေချိန်မှာ သူ မပါ ပါလား .. ဘာဖြစ်လို့ ရှောင်နေတာလဲ ..
သူများတွေ ကဗျာ/စာ ရေးနေချိန်မှာ သူ မပါ ပါလား .. ဘာဖြစ်နေလဲ .. ခံစားချက်တွေ မရှိဘူးလား ..
အင်း ..
စဉ်းစားစရာပဲ ..

No comments: