Showing posts with label ခံစားမှု. Show all posts
Showing posts with label ခံစားမှု. Show all posts

1/08/2009

လက်စွမ်းပြသံစဉ် ..



သံစဉ်တီးလုံးအများကြီးပါလို့ .. တစ်ပုဒ်ပြီးတစ်ပုဒ် ရွေးချယ်နားဆင်နိုင်ပါတယ်

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/07/2009

အကောင်းဆုံးသော အားပေးစကား

သင်မြတ်နိုးတဲ့ အိမ်ဂေဟာနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာမှာ သင်ရောက်နေတဲ့ အခါ..
သင့်ခြေဖ၀ါးအောက်မှာ သင်နဲ့ မရင်းနှီးတဲ့မြေ၊ သင့်ဦးခေါင်းထက်မှာက သူစိမ်းဆန်တဲ့ မိုးကောင်းကင်၊
သင့်ပတ်ဝန်းကျင်က သူစိမ်းတရံဆန်တွေ နဲ့ မနက်ကနေ ညနေထိ တစ်နေကုန်ပြောဆိုဆက်ဆံနေရငြား ..
သင့်အား သတိရနေတဲ့ တစ်စုံတစ်ယောက်ရှိတယ်ဆိုတာ မမေ့ပါနဲ့ ။
ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ၊ စိတ်ရောကိုယ်ပါနွမ်းနယ်တဲ့အခါ၊
ကိုယ့်ရဲ့ယုံကြည်ချက်ဟာ အဟောသိကံပဲလို့သံသယ၀င်လာတဲ့အခါ ..
တစ်စုံတစ်ယောက်ကသင့်ကို သတိရနေတယ်ဆိုတာ သတိရပါ ..
တစ်စုံတစ်ဦးက သတိတရရှိနေတယ်.. တစ်စုံတစ်ယောက်က ဂရုစိုက်ကြင်နာတယ်..
တစ်စုံတစ်ယောက်သောသူရဲ့ ဆုတောင်းစကားသံထဲမှာ သင့်ရဲ့အမည်နာမကို တီးတိုးရေရွတ်နေတာ ..
သင်ဘယ်နေရာ ရောက်ရောက်.. ဘာတွေဖြစ်နေဖြစ်နေ သင့်ကို သတိရနေသူ တစ်စုံတစ်ယောက်ရှိနေတာမို့
သင် အားတင်းထားပါ. သင့်အနာဂတ်ထွန်းတောက်လာဖို့ ကြိုးစားရမှာ အမှတ်ရပါ ...

(ဒီ အားပေးစကားလေး ပို့ပေးတဲ့ မနွေး ကို ကျေးဇူးတင်ပါတယ်)

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/03/2009

Year Of Ox . . .

2008 ခုနှစ်ကို ကုန်လွန်လို့ 2009 ခုနှစ်ကို ကူးပြောင်းသွားခဲ့ပါပြီ ..
တရုတ်ရိုးရာ နှစ်သစ်ကူးပွဲကတော့ မကြာခင်ကာလအတွင်းမှာ ရောက်လာတော့မှာပါ ..
2008 ခုနှစ်ကို တရုတ်ရိုးရာအရ ကြွက်နှစ် အဖြစ်သတ်မှတ်ထားပြီး 2009 ခုနှစ်ကို နွားနှစ်အဖြစ် သတ်မှတ်ထားပါတယ်။
2009 ခုနှစ်ကို နွားနှစ်အဖြစ် သတ်မှတ်ထားတယ်ဆိုတာကို သိလိုက်ရတဲ့ ကျွန်တော် .. တော်တော် တုန်လှုပ်သွားမိပါတယ် .. နွားဆိုတဲ့ သတ္တ၀ါက အမြဲတမ်း ရုန်းကန်နေရတဲ့ ဘ၀ .. နွားနှစ်မှာ ကျွန်တော်တို့ ဘယ်လောက်ထိ ရုန်ကန်ရဦးမှာလည်း .. ကြွက်နှစ်မှာတုန်းကလည်း ကြွက်တစ်ကောင်လို ခိုးချောင်ခိုးဝှက်နဲ့ကို နေခဲ့စားခဲ့ရပါတယ် .. ဒီနှစ် နွားနှစ်ဆိုတော့ စိုင်းစိုင်း စကားနဲ့ ပြောရရင် .. “ သေပြီဆရာ ”
2009 ခုနှစ်မှာ ကျွန်တော့် ဘ၀ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုကြီးတစ်ခုကို စတင်ဖို့ ရည်ရွယ်ထားတဲ့နှစ် ..
ဒီအတိုင်းသာဆို .. နွားနှစ်မှာ .. သေပြီဆရာ .

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/22/2008

ကျွန်တော့်ဘ၀ ဇာတ်လမ်း

ကျွန်တော့် နာမည် “ ညိုတုတ် ”.. အသားညိုညို .. ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းမို့ အများက ခေါ်ကြတာပါ .. ငယ်စဉ်က ချမ်းသာကြွယ်ဝတဲ့ အသိုင်းအ၀ိုင်းကြားမှာ မွေးဖွားကြီးပြင်းလာခဲ့ရသူ .. အခြေအနေ အပြောင်းအလဲ မျိုးစုံတို့ကြောင့် ကံမကောင်းတဲ့ ကျွန်တော်တို့ မိသားစု .. လမ်းဘေးရောက်ခဲ့ရတာပါ .. လမ်းပေါ်မှာ ကျင်လည်ရင်း မိသားစုနဲ့လည်း ဝေးခဲ့ရပြီ ..

တစ်နေ့ .. လမ်းဘေးမှာ လေလွင့်နေတဲ့ကျွန်တော် .. ကံကောင်းထောက်မစွာ နေအိမ်လေးတစ်ခုဆီ ရောက်ခဲ့ပါတယ် .. ခိုလှုံခွင့်ပြုခဲ့တဲ့ မိသားစုရဲ့ စေတနာကြောင့် ကျွန်တော့် ဘ၀ ပြန်လည် စိုပြေခဲ့ရပါတယ် ….
သူတို့မိသားစုကလည်း ကျွန်တော့်ကို ယုံကြည်အားကိုးကြပါတယ် .. ကျွန်တော့်ရဲ့ ပုံသဏ္ဍန်ကလည်း အားကိုးလောက်အောင်ရှိနေခဲ့တာကိုး … ကျွန်တော့်ရဲ့ အကျိုးပေးကြောင့်လားမသိပြန်ဘူး .. ကျွန်တော်ရောက်ပြီးမှ သူတို့မိသားစုမှာလည်း အဆင်မပြေမှုတွေ ဖြစ်နေခဲ့တယ် .. တိုက်ဆိုင်မှုသာ ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ် ..
သူတို့မိသားစု အခြားဒေသတစ်ခုကို ပြောင်းရွှေ့သွားတဲ့အခါမှာတော့ ကျွန်တော်လည်း သူတို့နဲ့အတူ လိုက်ပါခွင့် ရခဲ့ပြန်ပါတယ် .. နေရာသစ်တစ်ခုကို ရောက်ခဲ့ပေမယ့် ကျွန်တော့်အတွက် အရာရာ အဆင်ပြေပါတယ် ..
အချိန်တန် အိပ် .. အချိန်တန် စား .. ပူပင်စရာမလို .. မမျှော်လင့်ပဲ စိတ်ချမ်းသာ စရာတွေနဲ့ ကြုံတွေ့နေရာတာပါ။ ပိုပြီးကျေနပ်ဖို့ကောင်းတာက ဘေးအိမ်က မိသားစုက ကျွန်တော့်ကို အရမ်းချစ်ကြတယ်ဗျ .. ။ သူ့တို့ကလည်း ကျွန်တော့်ရဲ့ ပုံသဏ္ဍန်ကို သဘောကျလို့ထင်ပါရဲ့ .. ယုံကြည်အားကိုးကြပါတယ် .. အကျွေးအမွေးလည်း ရက်ရောတယ်ဗျ .. သူတို့အိမ်ကို မကြာမကြာသွားလည်ဖြစ်ပါတယ် .. သူတို့မိသားစုအချင်းချင်းကလည်း စီးပွားဖက်တွေ ဖြစ်နေတော့ အဆင်ပြေတာပေါ့ဗျာ .. ကျွန်တော်လည်း တာဝန်တိုးသွားတာပေါ့ .. မိသားစုနှစ်ခုကို ကူညီစောင့်ရှောက်ရတာလေ .. ။ ပေးရင်ယူ .. ကျွေးရင်စား .. ခိုင်းရင်လုပ် .. ခေါ်ရင်ထူး .. နဲ့ ကျွန်တော်ကလည်း အောက်သက်ကျေခဲ့သူဆိုတော့ အဆင်ပြေပါတယ် ..။
အဲပြဿနာက .. ကျွန်တော်က ဟိုဘက်မိသားစုဆီ မကြာခဏသွားနေတတ်တာ၊ အဲဒီမိသားစုကို ပိုပြီးရင်းနှီးသလို ဖြစ်သွားတာက စတာပါပဲ … ဒီဘက် မိသားစုအတွက် တာဝန်တွေ မလစ်ဟင်းစေရသလို .. ဟိုဘက် မိသားစုအတွက်လည်း တာဝန်ကျေမိခဲ့လို့ .. ကျွန်တော့်ကို ဟိုဘက်မိသားစုဆီ ရောက်သွားမှာ စိုးနေလို့ ကျွန်တော့်အပေါ် မကြည်ဖြူကြတော့ဘူးပေါ့ဗျာ … ဟိုဘက်မိသားစုကလည်း ကျွန်တော့်ကို ခေါ်ထားချင်ပေမယ့် .. ဒီဘက်မိသားစုက ရှိနေတော့ သူတို့ကလည်း ခေါ်မထားရဲကြဘူး .. သူတို့အချင်းချင်းလည်း ကျွန်တော့်ကြောင့် အဆင်မပြေမှုတွေ ဖြစ်နေရတာပေါ့ဗျာ .. ကျွန်တော်လည်း အနေ အစား ကြပ်လာတာပေါ့ဗျာ .. ကြာတော့လည်း စိတ်ညစ်လာတယ်ဗျာ .. အေးအေးနေရတယ်ဆိုပေမယ့်လည်း အဆင်မပြေမှုတွေ ကြားထဲမှာ ကျွန်တော် မနေချင်တော့ဘူး .. သူ့တို့အချင်းချင်းကိုလည်း ကျွန်တော့်ကြောင့် ပြဿနာ မတက်စေချင်ဘူးပေါ့ … လမ်းဘေးမှာ နေခဲ့ဖူးတဲ့ကောင် လမ်းဘေးပြန်ရောက်မှာကို ကျွန်တော် မကြောက်ပါဘူး .. အတူနေခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့်ရော .. ကျွန်တော်မရှိတဲ့အခါ သူတို့မိသားစုတွေ တစ်ခုခု အဆင်မပြေဖြစ်မှာကိုလည်း စိုးမိတဲ့အတွက် ကျွန်တော်လည်း ဘယ်မှ မသွားဖြစ်သေးပါဘူး .. ဒါပေမယ့် . တစ်နေ့နေ့မှာ ကျွန်တော် ဒီနေရာဒေသကို စွန့်ခွာသွားးမှာပါ .. ကိုယ့်အပေါ်မှာ အမြင်မကြည်လင် .. မကြည်ဖြူတော့တဲ့ သူတွေနဲ့ ကျွန်တော် အတူမနေလိုတော့ဘူး .. အဆိုးဆုံးကတော့ ကျွန်တော့်ကိုပြောတဲ့ စကားတစ်ခွန်းကို ကျွန်တော် အမှတ်ရမိတဲ့အချိန်တိုင်း ဒီနေရာက ချက်ချင်း ထွက်သွားချင်မိတယ် .. “ခွေး ဖြစ်ပြီး သစ္စာမရှိဘူး” တဲ့။

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/21/2008

နှင်းချယ်ရီမြိုင်

ဒီနေ့
ပျင်းပျင်းရှိတာနဲ့ မြန်မာဗွီဒီယိုဇာတ်ကားလေး တစ်ကား ကြည့်မိပါတယ်
“ နှင်းချယ်ရီမြိုင် ”တဲ့ .. နိုင်းနိုင်း .. နန္ဒာလှိုင်
ဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပါပဲ .. ..
အခုပြောချင်တာက ဇာတ်လမ်းအကြောင်းလည်း မဟုတ်ဘူး၊ မင်းသား .. မင်းသမီး အကြောင်းလည်း မဟုတ်ဘူး ..
မြန်မာဗွီဒီယို ဇာတ်လမ်းတွေ ဘာကြောင့် မတိုးတက် .. မအောင်မြင်သလဲ ဆိုတဲ့အထဲက တစ်ချက်ကို ပြချင်လို့ပါ။
ဇာတ်လမ်းတစ်ခုကို ပေါ့ပေါ့တွေး .. ပေါ့ပေါ့ရိုက် တတ်တဲ့အတွက် ခပ်ပေါပေါတွေ ဖြစ်နေတာပါ ..
ကြည့်ပါပရိတ်သတ် ..


ဇာတ်ဝင်ခန်းလေး တစ်ခုတည်းမှာတင် မင်းသားအပါအ၀င် .. ဇာတ်ရံတွေအားလုံး အ၀တ်အစားပြောင်းသွားသလို .. လူတွေပါ နေရာပြောင်းကုန်ပါတယ် ..
သေချာသာ လိုက်ကြည့်ပြီး ပြောရရင် တော်တော်များများ ရှိနေဦးမှာပါ ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/07/2008

ကွန်ယက်ထဲက ချစ်သူ ...

ရန်ကုန်မြို့ရဲ့ အချက်အခြာနေရာ .. မြို့လယ်လို့ တင်စားထားတဲ့ ဆူးလေဘုရားအနီး အင်တာနက်ဆိုင်မှာ ကျွန်တော် အလုပ်ဝင်လုပ် ဖြစ်ခဲ့ပါသည်။ ကျွန်တော့် တာဝန်က အင်တာနက် လာသုံးတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီပေးဖို့၊ နောက် အင်တာနက်နဲ့ပတ်သက်ပြီး သိချင် . တတ်ချင် တဲ့လူတွေကို သင်တန်းပေးဖို့။ မနက်ဆိုင်ဖွင့်ချိန်(၉)နာရီကနေ ညဆိုင်ပိတ်ချိန်(၁၀)နာရီ အတွင်းမှာ အလုပ်ချိန်အားရင် အားသလို အွန်လိုင်းမှာ ရှိနေတတ်တဲ့ကျွန်တော်၊ တစ်နည်းအားဖြင့် တစ်နေ့ကို (၁၃)နာရီလောက် အွန်လိုင်းမှာ ရှိနေတတ်တဲ့ ကျွန်တော့်ရဲ့ Email Account ထဲမှာ မိတ်ဆွေ သူငယ်ချင်းတွေ၊ သင်တန်းလာတက်တဲ့ သင်တန်းသားတွေ၊ အွန်လိုင်းပေါ်မှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ Account တွေက များမှများပါပဲ။ အဲဒီထဲကမှ တချို့က ရင်းရင်းနှီးနှီးရှိသလို .. တစ်ခါတစ်လေမှ ပြောဖြစ်ဆိုဖြစ်တဲ့ သူတွေလည်း ရှိနေပါတယ်။ တချို့လူတွေကို ကောင်းကောင်း မှတ်မိသလို .. တချို့ကိုတော့ ယောင်ဝါးဝါးဖြစ်နေတာလည်း မဆန်းသလိုပါပဲ။
တစ်နေ့ .. ကျွန်တော့် ဆီကို Account တစ်ခုက Invite လုပ်လာပါတယ် .. ထုံစံအတိုင်း ကိုယ်ကလည်း လက်ခံနေကျဆိုတော့ OK ပေါ့ ..
“ hi ” ရိုးရာမပျက်ပေါ့ .. သူ့ဘက်က နှုတ်ဆက်လာတော့ ကိုယ်ကလည်း “ hi ”
“ u asl plz ” လာပါပြီဗျာ .. တကယ်ကို ရိုးရာမပျက်
“ 30 m ygn . n u ? ” “ 25 f ygn ” အော် .. ရန်ကုန်သူပဲကိုး
“ကိုကြီး . မီးကိုသိလား” “သိဘူး” သူကလည်း စချက်သေးတယ် .. ဘာမှလည်း မပြောရသေးဘဲ သိလားဆိုတော့ ..
“ကိုကြီးက ချောတယ်နော်” “ဟောဗျာ .. သိလို့လား”
“သိတာပေါ့ .. မီးဆီမှာ ချောတဲ့လူတွေရဲ့ စာရင်းရှိတယ်” “ဟုတ်လား” ထူးနေပြီ . ကျွန်တော့် account မှာ တင်ထားတာက ကျွန်တော့် ဓါတ်ပုံမဟုတ် .. ကာတွန်းပုံ ။ ကျွန်တော့်သိနေတယ် ဆိုပါလား .. ကြပ်နေတာလား .. တကယ်သိတာလား။
“ဘယ်လို သိတာလဲ . ဘယ်သူပြောတာလဲ” “ဒီလိုပဲ သိတာပေါ့”
“ဆိုင်မှာ လာသုံးဖူးတာလား .. သင်တန်းတက်ဖူးတာလား” “အဲဒီဆိုင်ကို မရောက်ဖူးဘူး” ဟောဗျာ . တကယ်ပါပဲ ..
သူနဲ့ ချက်ရင်း .. မေးရင်း သိလိုက်ရတာက .. ကျွန်တော့် အကြောင်းတချို့ကို သူတကယ်သိနေခဲ့တယ် .. ကျွန်တော် ဘယ်သူလဲဆိုတာကို သူတကယ်သိနေတာပဲ။
“နာမည်ပြောပါလား” “မီးလေ”
“ဘယ်မှာနေတာလဲ” “အိမ်မှာ” တကယ်ကို ဘုမလေးပဲ .. သူအကြောင်းကြ ဘာမှ မပြောဘူး။
တစ်ရက် .. နှစ်ရက် .. သုံးရက် .. သူက ကျွန်တော်နဲ့ ပတ်သက်တဲ့ အကြောင်းတချို့ကို တိတိကျကျ သိနေပြီး .. သူ့အကြောင်းကို ကိုယ်က ဘာမှ မသိရ။ တွေ့လိုက်တိုင်းလဲ ဘာမှ ရေရေရာရာ ပြောမပြ။
သူဘယ်သူလဲ .. ဘာလို့ ကျွန်တော့် အကြောင်းတွေ သိနေရတာလဲ ..
ကျွန်တော့် ကို ဝေဒနာတွေ ပေးမယ့်သူလား .. အကြင်နာတွေ မျှဝေနိုင်သူလား ..
ကျွန်တော် သူ့ကို တော်တော်လေး စိတ်ဝင်စားမိသွားပြီ .. နေ့စဉ်နေ့တိုင်း ဆိုင်ရှေ့က ဖြတ်သွားတဲ့ ကောင်မလေးတွေကိုသာ လိုက်ကြည့်နေမိသည် .. သူလေလား .. သူများဖြစ်မလား .. ကိုယ့်ကို ပုန်းကွယ်နေသူ .. ကိုယ်မသိတဲ့ လူတစ်ယောက်ကို လိုက်ရှာရတာ တော်တော်ပင်ပန်းပါလားနော် ...

------------------------------- ။။ ----------------------------------

“hi” ပေါ်လာပြန်ပြီ နတ်မိမယ်လေးရယ်
“hi ပါဗျာ” “ကိုကြီး . စားပြီးလား” “အင်း ပြီးပြီ”
“ဟိတ် . အခု ဘယ်ကချက်နေတာလဲ” “မြို့ထဲက .. ဆူးလေနားက” “ဒါဆို နီးနီးလေးပဲ . ဘယ်ဆိုင်မှာလဲ” “ပြောဘူး”
ခက်နေပါပြီ .. “ဒါဆိုလည်း အပြင်ထွက်ခဲ့ပါလား .. ကိုယ် မင်းကို အရမ်း တွေ့ချင်နေပြီ” “အင်း . ဘယ်ကို လာရမှာလဲ”
ကံတရားက ကိုယ့်ဘက် နည်းနည်းတော့ ပါလာပြီ .. “Tokyo Donuts ဆိုင်ကိုသိလား” “အင်း”
“ဒါဆို အဲဒီကိုလာခဲ့” “အခုလား”
“ဟုတ်တယ် အခုလာခဲ့” “နောက် နာရီဝက်လောက်ဆို ရောက်ပြီ .. စောင့်နေ”
“အင်း .. မင်းလာရင် ကိုယ် ဘယ်လိုသိရမလဲ” “ကိုကြီးကို မီးသိနေတာပဲ .. စောင့်နေ” “ဟုတ်ပါပြီဗျာ”
Tokyo Donuts က ကျွန်တော့်ဆိုင်နဲ့ နီးနီးလေး ၊ ခဏနေတော့ ကျွန်တော် သွားစောင့်နေခဲ့သည် ..
သူဘယ်သူလည်းဆိုတာ သိရတော့မှာမို့ ကျွန်တော့် ရင်တွေ အရမ်းခုန်နေသည်။
သူ့ကို တွေ့ချင်စိတ်က အရမ်းကြီးစိုးနေပြီ .. မြန်မြန်လာပါတော့ ကောင်မလေးရေ ...
ဟော ၀င်လာပါပြီ .. ကောင်မလေးတစ်ယောက် .. ဒါပေမယ့် ကျွန်တော့် ဆီကိုမလာခဲ့ ။ သြော် .. သူမဟုတ်လို့နေမှာပါ။
ဝင်လာပြန်ပါပြီ တစ်ယောက် .. ဟိုကြည့်ဒီကြည့် .. သူဘယ်သူ့ကို ရှာနေတာလဲ .. ငါ့ကိုလား .. ငါပြုံးပြလိုက်ရမလား ..
မဟုတ်သေး .. သူရှာတဲ့လူက ငါမဟုတ် ။ မီး .. တကယ်ကို ပူလောင်စေပါလားကွာ .. မင်း ငါ့ကို တကယ်မသိပဲ လှည့်စားနေတာလား ... သိရက်နဲ့ ငါ့ကို တမင် နှုတ်မဆက်ဘဲ ညဉ်းဆဲထားလေသလား ...
တစ်ယောက် .. နှစ်ယောက် .. သုံးယောက် .. လူတွေကတော့ ၀င်လိုက်ထွက်လိုက်ပါပဲ ..
၁၅ မိနစ် .. နာရီဝက် .. ၄၅ မိနစ် .. ဟောဗျာ .. ကျွန်တော်ရောက်နေတာ ၁ နာရီတောင် ကြာနေပြီ .. ဘယ်သူမှလည်း မရောက်လာ .. အညာမိပြန်ပါလား .. ညာရက်တယ် မီးလေးရယ် ..

------------------------------- ။။ ----------------------------------

“sorry ပါ ကိုကြီး” “ညာတေးလေး”
“မညာပါဘူး .. ညက မီး လာသေးတယ် .. ဆိုင်ထဲ မ၀င်ရဲလို့” “ဆိုင်ထဲ မ၀င်ရဲ ဆိုင်ပြင်က လှမ်းအော်လိုက်ပေါ့” မထူးတော့ ညစ်ညစ်နဲ့ ကြပ်တော့မယ် .. “တကယ်ပြောတာပါ” “ဟုတ်ပါပြီ .. ယုံပါတယ် . ဒီညရော လာမှာလား” “အင်း”
လုပ်လာပြန်ပြီ .. ပြောရင်တော့ ဘယ်တော့မှ မငြင်း .. ပြီးမှ တလွဲ “ဒါဆိုရင် ၇ နာရီကို စောင့်နေမယ်” တွေ့ချင်နေသူက ကိုယ် ဆိုတော့လည်း တွေ့ခွင့်ရဖို့ကိုပဲ ကြိုးစားရတော့မှာပဲ .. သည်းခံ .. သည်းခံ။
“hi” “မဟိုင်းဘူး” .. “ကိုကြီး စိတ်ဆိုးနေလား”
“ကိုယ်လုပ်တာ ကိုယ်သိမှာပေါ့ .. ဟိုတစ်ညကလည်း ရောက်မလာ.. နောက်တစ်ခါ ချိန်းတော့လည်း ပေါ်မလာ”
“စိတ်မဆိုးပါနဲ့ .. မီး ကိုကြီးကို တကယ် မတွေ့ရဲလို့ပါ .. မီးက ရုပ်ဆိုးတယ်လေ .. တော်ကြာ ကိုကြီး မခင်တော့ရင် ဘယ်လိုလုပ်မလဲ” အမလေးဗျာ တွေ့ချင်ပါတယ်ဆိုမှ သူက ဈေးကိုင်နေပြန်ပြီ။
“မပူပါနဲ့ ကိုယ်က ခင်တတ်ပါတယ် .. ဒါပေမယ့် မင်း အခုလို ဆက်ညာနေမယ်ဆိုရင်တော့ ငါ စိတ်မရှည်တော့ဘူး”
“ဒါဆို ဒီည တကယ်လာခဲ့မယ် .. ဆက်ဆက်စောင့်နေ” “သေချာလား” “အင်း . သေချာတယ် . တကယ်”
မထူးတော့ပြီ .. တွေချင်လွန်းတော့လည်း . သူ့ပြောသမျှပေါ့ .. လေးမှန်ဖူးတဲ့ စာသူငယ်လို .. နှစ်ညဆက်တိုက် ခံထားရတော့လည်း မသွားချင် .. အရင်ကတည်းက မိန်းမတွေနဲ့ ပတ်သက်ရင် .. အဲဒီလို စိတ်မရှည်တတ်လို့ ခပ်ဝေးဝေး နေခဲ့သည်။ ညီမ တွေနဲ့ ပတ်သက်ရင်တောင် ၁၀ မိနစ်လောက် စောင့်နေရရင် ဒေါသက အလိုလိုထွက်လာတတ်သူ ..
အခုတော့ ၁၀ မိနစ်မက .. ဒါအပြင် တစ်ရက်တည်းလည်းမဟုတ် ..

--------------------------------- ။။ -------------------------------------

နေ့တွေ .. နေ့တွေ .. နေ့တွေ .. တစ်နေ့ပြီး တစ်နေ့သာ ကုန်ကုန်သွားတယ် .. မရိုးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကတော့ ရှေ့ကို ဆက်မလာခဲ့ .. သူဘယ်သူလည်း .. ဘာလို့ အဲဒီလောက်ထိ လျှို့ဝှက်ထားရတာလဲ ... ဒီလိုနဲ့ ကျွန်တော် ရန်ကုန်မြေကို စွန့်ခွာခဲ့ရပါတယ် .. အဝေးတစ်မြေကို ရောက်နေရသလို .. အွန်လိုင်းပေါ်မတက်ဖြစ်တာ ၂ လလောက် ရှိနေခဲ့ပြီ ...
ကျွန်တော် အွန်လိုင်းပေါ် တက်ဖြစ်တဲ့တစ်နေ့ .. အရင်ဆုံး သတိရမိတာက မီး .. ရင်ကို ပူလောင်စေတဲ့ မီး ..
အချိန်မှန်တယ်ပြောရမလား .. ညနေစောင်းဆို သူအွန်လိုင်းကို ရောက်လာနေကျအတိုင်း ပေါ်လာပါပြီဗျာ ..
သူ့ Status Bar မှာ ရေးထားတာက .. “အရမ်း လွမ်းနေပြီ” တဲ့
“ဟယ်လို ကိုကြီး .. မတွေ့တာကြာပြီ” “အင်း . ဟုတ်တယ်”
“ဘယ်ရောက်နေလဲ” “အခု . ယိုးဒယားဘက်မှာ” .. “အဆင်ပြေလား” “ပြေပါတယ်”
“ဘယ်တော့ ပြန်လာမှာလဲ” “မသိသေးဘူး .. အလုပ်အဆင်ပြေရင်တော့ ပြန်ဖြစ်မှာ မဟုတ်သေးဘူး”
“ဒါဆို လွမ်းနေရတော့မှာပေါ့” ပြောနိုင်သေးတယ်နော် .. “တကယ်လွမ်းနေမှာလား” “အင်းပေါ့”
“ဒါဆိုလည်း နာမည်လောက်တော့ ပြောဖို့ကောင်းနေပြီ” “ပြောပြီးပြီလေ”
“ဘယ်တုန်းကပြောလို့လဲ .. အရင်ပြောတာက နာမည်ရင်းမှ မဟုတ်တာ” “အင်း . ပြောရမှာလား”
“သိချင်ပါတယ်ဆိုမှ .. ပြောပေါ့” “ စု ” “တစ်လုံးတည်းလား” “ဟုတ်”
“နာမည်တောင် အမှန်မပြောဘဲနဲ့ လွမ်းနေမယ် ဆိုတာကို ဘယ်လို ယုံရမှာလဲ” “ယုံပေးပါ” “ဟုတ်ပါပြီ . . ယုံပါတယ်”
“ဓါတ်ပုံ ပို့ပေးပါလား .. အလွမ်းပြေ ကြည့်ရအောင်” “လွမ်းတတ်လို့လား . မယုံပါဘူး”
“တကယ်ပြောတာပါ .. လူမမြင်ဘူးတော့ ပိုပြီးသတိရနေတာ” “လူကို မမြင်ဘူးပဲ ဘာကိုလွမ်းတာလဲ”
“လူမမြင်ဘူးလို့ ပိုလွမ်းတာပေါ့ .. ကိုယ့်ကို အရူးလုပ်သွားတဲ့ ကောင်မလေးကို အမြဲသတိရနေတာ .. နာမည်လည်းမပြော .. လူကိုလည်း မမြင်ဘူး .. ကိုယ့်ကိုကြတော့ သိနေတယ် .. မတရားဘူးနော်”
“စိတ်မဆိုးပါနဲ့” “မဆိုးပါဘူး .. သိချင်တယ် .. တွေ့ချင်တယ် ”
“ဖုန်းခေါ်လိုက်လေ” “ဖုန်းနံပတ်မပြောဘဲနဲ့” “ပြောမှာပေါ့ .. * * * * * * အဲဒီကိုခေါ်လိုက်”
“အိုကေ .. ဘယ်သူကို ခေါ်ပေးပါလို့ ပြောရမှာလဲ” “စုကလျာ”
“အစောကတည်းက နာမည်ပြောလိုက်ပြီးရော” “ခေါ်မှာလား” “ဘယ်အချိန်တွေရှိလဲ” “ရုံးချိန်ဆို ခေါ်လို့ရတယ်” “အိုကေ”

------------------------------- ။။ -------------------------------------

ဒီလိုနဲ့ အွန်လိုင်းမှာ မကြာခဏတွေ့တတ်သလို .. ဖုန်းတွေလည်း မကြာမကြာ ပြောတတ်ခဲ့ပါပြီ ..
သူ့ကို မမြင်ဘူးသေး .. သူ့အကြောင်း တချို့ကိုတော့ သူပြောပြသလောက် သိထားရသည်။
ဓါတ်ပုံ ပို့ပေးဖို့ ပြောတော့ “တွေ့ချင်ရင် ရန်ကုန်ပြန်လာခဲ့ပါလား” တဲ့ .. မဖြစ်နိုင်သေးမှန်းသိလို့ ပြောရက်သည်။
အချိန်တိုင်း သူ့နဲ့ စကားတွေ ပြောချင်သည်။ သူ့ကိုတွေ့ချင်သည်။ သူ့ကို အမြဲသတိရနေတတ်သည်။
ကျွန်တော် သူ့ကို ချစ်မိသွားပြီလား .. ချစ်နေမိပြီလား .. တကယ်ချစ်တာ ဖြစ်နိုင်ပါ့မလား ..
ကိုယ်မသိတဲ့ .. ကိုယ်မတွေ့ဘူးတဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား။
အွန်လိုင်း ချစ်သူဆိုတာ .... အချစ်စစ်ဖြစ်နိုင်ပါ့မလား ..။
အပြင်မှာ တွေ့တဲ့အချိန် .. သူ့ကို ကျွန်တော် ချစ်တယ်လို့ ဖွင့်ပြောမိပါ့မလား ..
သူကရော .. ကျွန်တော့်ကို တကယ်ချစ်တာ ဟုတ်ရဲ့လား .. အပျော်သဘောမျိုး စတတ် နောက်တတ်တဲ့ ကောင်မလေးလား။

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/01/2008

ငါတစ်ယောက်တည်း နေပါရစေ ..

ချစ်သူ ..
ငါဟာ .. သ၀န်ကြောင်တတ်သူ တစ်ယောက်မဟုတ်သလို
ဝေဿန္တရာလို .. ချစ်သူကို စွန်လွှတ်နိုင်လောက်တဲ့ ပါရမီရှင် တစ်ယောက် မဟုတ်ခဲ့ဘူး ....
ချစ်သူတိုင်းမှာ .. သ၀န်တိုခြင်းမကင်းဘူးတဲ့
ဒါပေမယ့် .. ချစ်သူကို လွတ်လပ်စေချင်တဲ့ ငါ ..
မင်း အပေါ်မှာ နည်းနည်းလေးမှ သ၀န်မတိုခဲ့ပါဘူး ..
အရာရာကို ငါသည်းခံ နားလည်ပေးခဲ့တယ် .... ။

ချစ်သူ ..
မင်းဟာ .. ငါ့နှုတ်က ချစ်တယ်လို့ ပြောခဲ့ဖူးတဲ့ တစ်ဦးတည်းသူ ဖြစ်သလို ..
ငါ့ဘ၀အတွက် .. လက်တွဲဖော်တစ်ယောက်အဖြစ် လက်ထပ်ခွင့်တောင်းခဲ့ဖူးတဲ့
တစ်ဦးတည်းသောသူပါ ..

ချစ်သူ ..
တစ်ချိန်ချိန်မှာ ငါမင်းကို လက်ထပ်ပါရစေ ..
ခုချိန်မှာတော့ .. ငါတစ်ယောက်တည်း နေခွင့်ပြုပါ ...
ငါရဲ့ စိတ်တွေကို ယာယီ လွတ်လပ်ခွင့်ပေးပါ ...

ဒီနေရာကို နှိပ်လိုက်ပါ . . .

11/30/2008

မေတ္တာပို့ ..







ဒီနေရာကို နှိပ်လိုက်ပါ . . .

9/27/2008

Love is ...

အချစ်မှာ အချိန် . အကွာအဝေး . နေရာဒေသ . လူမျိုးဘာသာ ကန့်သတ်မှု မရှိပါဘူး ..

(၅)နှစ်အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ပြောတယ် ..
နင်ခေါင်းကိုငဲ့ပြီး မျက်လုံးဝိုင်းကလေးကို ပုတ်ခတ်ရင်း .. အဲဒါ ဘာအဓိပ္ပါယ်လည်းလို့ ငါ့ကို မေးခဲ့တယ်။

(၁၅)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
အင်္ကျီအနားစကို အဓိပ္ပါယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။

(၂၀)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
ငါ့ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ငါပျောက်ကွယ်သွားမှာကို စိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး ဖက်ထားတယ်။

(၂၅)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
မနက်စာကိုပြင်ဆင်ရင်း ငါ့နဖူးကိုတစ်ချက်နမ်းပြီး `` သိပါတယ် .. ထပါတော့လူပျင်းလေးရယ် ´´ လို့ ချစ်စနိုးနဲ့ နင်ပြောခဲ့တယ်။

(၃၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
``တကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ပစ္စည်းတွေကိုလည်း ၀ယ်ခဲ့ဖို့ မမေ့နဲ့´´လို့ နင်ရယ်ပြီး ပြောခဲ့တယ်။

(၄၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
ပန်းကန်တွေသိမ်းရင်း ``ကောင်းပါပြီ .. ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး´´ လို့ နင်စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
သိုးမွှေးချည်ကိုထိုးရင်း ``တကယ်လား .. နင့်စိတ်ထဲမှာ ငါ့ကို စောစော သေစေချင်နေတယ်မဟုတ်လား´´ လို့ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်နေခဲ့တယ်။

(၆၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
ငါ့လက်မောင်းကို တစ်ချက်ထုရင်း ``အဘိုးကြီး မြေးတွေတောင်ကြီးနေပြီး အပြောကမက်တုန်း´´လို့ ပြောခဲ့တယ်။

(၇၀)အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ထိုင်ခုံပေါ်မှာ တူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်(၅၀)က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့လက်ကို ငါဆုတ်ကိုင်ရင်း ငါနင့်ကိုချစ်တယ်လို့ပြောတယ် ..
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေနေပေမယ့် နင့်ရဲ့မျက်နှာဟာ လှပနေဆဲပါ။

(၈၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ပြောတယ် ..
နင် လဲလျောင်းနေတယ် .. ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်း နင်ပြောခဲ့တယ် `` ငါ .. နင့် .. ကို .. ချစ် .. တယ်´´
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ ။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့ ၊ မြတ်နိုးတတ်ဖို့ နဲ့ နားလည်တတ်ဖို့ပဲ လိုတယ်။

ရဲရင့်ငယ် ဘလော့ဂ် ထဲကတွေ့လို့ ပြန်လည်ကူးယူ ခံစားလိုက်တာပါ ...

(၅)နှစ်အရွယ်မှာ ချစ်တယ်လို ပြောခဲ့ဖူးပါတယ် ..
(၁၅)နှစ်အရွယ်မှာ ချစ်တယ်လို့ ပြောခဲ့ဖူးတယ် .. ဒါပေမယ် သူမ မဟုတ်ဘူး ..
(၂၀)နှစ်အရွယ်မှာ ချစ်တယ်လို့ ပြောခဲ့မိတယ် .. တခြား တစ်ယောက်ကိုပေါ့ ..
(၂၅)နှစ်အရွယ်မှာ ချစ်တယ်လို့ ပြောခဲ့ပါတယ် .. နောက် တစ်ယောက်ကိုပါ ..
အခု ကျွန်တော် အသက်(၃၀)မှာ ...
ကောင်မလေးတစ်ယောက်ကို ရင်ခုန်စွာနဲ့ ချစ်တယ်လို့ ပြောလိုက်ပါတယ် ..
မြတ်နိုးစွာနဲ့ ချစ်မိသွားတယ်လို့ လည်း ယုံကြည်ပါတယ် ..
သူမ ကလည်း ကျွန်တော့်ကို ချစ်နေတယ်ဆိုတာ ကျွန်တော်သိထားတယ် ...
ကျွန်တော် သူမကို လက်ထပ်ဖို့ ရည်ရွယ်ထားတယ် .. မကြာခင်မှာ ကျွန်တော်တို့ လက်ထပ်ဖြစ်မယ်လို့လဲ ယုံကြည်ထားတယ် .. ဘယ်လိုအကြောင်းမျိုးကြောင့်မှ ကျွန်တော်တို့ ဝေးကြရမှာ မဟုတ်ပါဘူး ..
ကျွန်တော်တို့ နှစ်ယောက်ကြားထဲမှာ စကားလေးတစ်ခွန်းရှိတယ် ..
ခိုင်မာသော သစ္စာ .. ခိုင်မြဲသော မေတ္တာ များဖြင့် ခိုင် မှ ခိုင် ပါ လို့ ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

7/17/2008

ဝါဆိုလပြည့်နေ့

ဒီနေ့ ..

္လ၀ါဆိုလပြည့်နေ့


သံဃာတော်အရှင်သူမြတ်များ .. ၀ါဆိုဝါကပ်တော်မူရန် စတင်တော်မူသောနေ့

ဒီနေရာကို နှိပ်လိုက်ပါ . . .

6/18/2008

ချစ်မေ မွေးနေ့

ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်ဖြစ်ပါစေ ..
မေမေ ..
ဒီနေ့ နယုန်လပြည့်နေ့မှာ ကျရောက်တဲ့ ချစ်မေမေရဲ့ မွေးနေ့မှာ
အဝေးကနေပဲ ရှိခိုး ကန်တော့လိုက်ပါတယ် ...
မေမေ ..
စိတ်၏ ကျန်းမာခြင်း .. ကိုယ်၏ချမ်းသာဖြင့် ..
အစဉ်ထာဝရ ပြည့်စုံနိုင်ပါစေ ..
ချစ်သော မိသားစုနဲ့ ပျော်ရွှင်စွာ ရှိနိုင်ပါစေ ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

5/31/2008

ဆန္ဒ တစ်စုံ . .

တကယ်လို့ မင်းတစ်ယောက်ထဲ ဖြစ်နေမယ်ဆိုရင် ..
ငါဟာ အမြဲတမ်း မင်းရဲ့အရိပ်ကလေးပါ ။
တကယ်လို့ မင်းငိုနေမယ်ဆိုရင် ..
ငါဟာ အမြဲတမ်း မင်းအတွက် နှစ်သိမ့်ဖော်ပါ ။
တကယ်လို့ မင်းအတွက် ပျော်ရွှင်မှုတွေ လိုအပ်မယ်ဆိုရင် ..
ငါဟာ အမြဲတမ်း မင်းအတွက် ပြုံးနေမှာပါ ။
ဒါပေမယ် ...
မင်းအတွက် လိုအပ်နေတာ သူငယ်ချင်းတစ်ယောက် ဆိုရင်တော့
အဲဒါ ငါပဲ ဖြစ်စေရမယ် . . .

ကောင်းခန့်(ရသ)

ဒီနေရာကို နှိပ်လိုက်ပါ . . .

5/19/2008

ကဆုန်လပြည့် ဗုဒ္ဓနေ့

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

အနှိုင်းမဲ့ မေတ္တာတော်ဖြင့် . အတုမရှိကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရား . .
ပူဇေမိ . . ပူဇော်ပါ၏ အရှင်မြတ်ဘုရား . . .

ဒီနေ့ ထူးမြတ်လှစွာသော ကဆုန်လပြည့်နေ့
ဗုဒ္ဓ၀င် မှာ မပါမဖြစ် ထူးမြတ်စွာပါဝင်သော နေ့
ထူးမြတ်သောနေ့

ဒီနေ့

ကဆုန်လပြည့်နေ့


ဦးနှိမ်ရိုကျိုး လက်စုံမိုး . . ရှိခိုးပူဇော်ပါ၏ . .
ကောင်းခန့်(ရသ)

ဒီနေရာကို နှိပ်လိုက်ပါ . . .