10/18/2008

မင်္ဂလာပါ ..

၁၀၁ ကြိမ်မြောက် နှုတ်ဆက်ခြင်းပါ ..


ဒီနေရာကို နှိပ်လိုက်ပါ . . .

10/14/2008

သီတင်းကျွတ်လပြည့်နေ့

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)

သီတင်းကျွတ်လပြည့် အခါသမယမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က မယ်တော်အမိနတ်သားကို တုဿိတာ နတ်ပြည်မှာ မွေးကျေးဇူးဆပ်တဲ့အနေနဲ့ အဘိဓမ္မာတရားဟောကြားတော်မူသောနေ့လို့ မှတ်သားဖူးပါတယ် ...
ဒီလို နေ့ရက်မျိုးမှာ အထူးတလည် သတိရမိတာက မွေးမေမေ ကိုပါ ..
အခုချိန်မှာ မိဘနဲ့ ဝေးရာမှာ ရောက်နေရသလို .. မိဘကျေးဇူး မဆပ်နိုင်သေးတဲ့အတွက် ၀မ်းလည်းနည်းမိပါတယ် ... ကိုယ်တိုင်ကိုယ်ကျ ရှိခိုးကန်တော့ဖို့တောင် မဖြစ်နိုင်တဲ့အတွက် ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ် ...
( ဒီပို့စ်လေးက ကျွန်တော့်ရဲ့ ပို့စ် ၁၀၀ ပြည့် အမှတ်တရပါပဲ )

ဒီနေရာကို နှိပ်လိုက်ပါ . . .

သီတင်းကျွတ်ပြီ ....

“မကြာခင် သီတင်းကျွတ်တော့မည် .. မင်နဲ့အတူ နေရာစုံအောင် လျှောက်လည်ချင်ပါတယ် ...” ဆိုတဲ့
သီချင်းလေးတစ်ပုဒ် ကြားဖူးပါရဲ့ .. ဒါပေမယ်လည်း .. သီချင်းဟာ သီချင်းဖြစ်သလို . စိတ်ကူးကလည်း စိတ်ကူးပါပဲ ..
သီတင်းကျွတ်ခဲ့ပေါင်းလည်း များခဲ့ပါပြီ .. သီတင်းကျွတ်ရောက်ခဲ့လေတိုင်း အမြဲတမ်းလုပ်ဖြစ်နေတာက
ကိုယ့်ထက် အသက်ဂုဏ်ဝါ ကြီးမြင့်သူတွေကို မှားခဲ့သမျှ ၀န်ချတောင်းပန်ရင်း ရှိခိုးကန်တော့ ခဲ့တာကလွဲလို့ ဘာမှကို မလုပ်ဖြစ်ပါဘူး ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

10/12/2008

ချစ်သူ .. သို့ ...

အပ်ဖျားတစ်ထောက်စာ ဒဏ်ရာလေးပေမယ့်
ဒါဟာဆပ်ပြာပူဖောင်းအတွက်ဆိုရင်တော့ ဘ၀ပါပျက်သွားနိုင်တယ် ...

မင်းကို စတွေ့တဲ့နေ့ကစပြီး လောကပါလနတ်တွေ
ငါ့နှလုံးသားမှာ မင်းနာမည်ကို စုတ်ထိုးသွားခဲ့တာ
မင်းအတွက်ဆိုရင် ရှေ့မရောက်တဲ့ငါ
နောက်နားမှာပဲ နေတော့မယ် ...

လူတွေမှာ တိရစ္ဆာန်တွေထက် ညံ့တဲ့အရည်အချင်းတစ်ခုရှိတယ်
အဲဒါသတိရခြင်းပဲ ..
မနက်လင်းတာနဲ့ သက်ပြင်းတစ်ခါချ
မင်းကိုသတိရတာလေးတော့ နားလည်ပေးပါ ..

အရင်ကတော့ အဖြူပါပဲ
ကြာတော့ တဖြည်းဖြည်းနဲ့ အရောင်ဖျော့လာတယ်
အဲဒါ ဘာအရောင်လဲ ..

နောက်ဆုံးအချိန်ထိ. ငါ မျှော်လင့်နေတာက
"ကြယ်ကြွေအောင် ပြုစားတတ်တဲ့" မင်းမျက်ဝန်းတွေပါပဲ .....

( ညီမငယ် တစ်ယောက် ရေးပေးတဲ့ ကဗျာလေးပါ )

ဒီနေရာကို နှိပ်လိုက်ပါ . . .

10/09/2008

လိုတာရ၍ .. ရတာလိုပါစေ ..

“ ကိုယ်လိုချင်တာကိုရရင် အောင်မြင်မှုလို့ခေါ်တယ် ... ကိုယ်ရတာကို နှစ်သက်နိုင်ရင် ပျော်ရွှင်မှုလို့ခေါ်တယ် ... ”
လောကမှာ လူတိုင်းဟာ အကြောင်းအမျိုးမျိုးကြောင့် မပျော်ရွှင်နိုင်ကြဘူး .. လူတိုင်းကိုယ်စီ ငြီးငြူနေကြတယ် ..
အဓိက စီးပွားရေး .. စားဝတ်နေရေးကိစ္စကြောင့် မပျော်နိုင်ကြဘူး ... ဆင်းရဲတာ .. ချမ်းသာတာနဲ့ မဆိုင်ပြန်ဘူး ..
သိန်းပေါင်းများစွာ ချမ်းသာတဲ့ ကျွန်တော့် သူဌေးက သန်းပေါင်းများစွာ ချမ်းသာနေတဲ့ သူတစ်ယောက်ကို ကြည့်ပြီးပြောတယ် .. “ သူ့လောက်သာ ချမ်းသာနေရင် ငါတော့ ဘာမှမလုပ်တော့ဘူး အေးအေးဆေးဆေးပဲ နေတော့မယ် ” တဲ့ ... ကျွန်တော်လည်း ပြန်ပြောမိတယ် ..“ သူဌေးလောက် ချမ်းသာနေရင် ကျွန်တော်လည်း ဘာမှ မလုပ်တော့ဘူး အေးဆေးပဲ နေတော့မယ် ” လို့ ...
“ ရောင့်ရဲတင်းတိမ်းနိုင်မှု ” ဆိုတာ ဘာလို့ လူတိုင်းမှာ ရှိမနေပဲ .. “ လောဘ ” ဆိုတာကြီးက လွှမ်းမိုးထာတာလဲ ...
အဲဒီလို လောဘ ရဲ့နောက်ကိုလိုက်ရင်း အခက်အခဲတွေနဲ့ တွေ့ကြုံရပြန်တယ် .. “ ပြဿနာ အခက်အခဲကို အကြောင်းပြုပြီး လူတစ်ချို့က ဦးကျိုးကျတယ် .. တချို့ကတော့ စံချိန်တွေပါ ချိုးပြတယ် ” .. အောင်မြင်မှုဆိုတာ လူတိုင်းအတွက်မဟုတ်ပြန်တော့ ကျရှုံးရသူတွေက စိတ်ညစ်ရပြန်တယ် .. ဘာကြောင့် ရှုံးနိမ့်ရတာလည်းဆိုတော့
“ ကိုယ်လိုချင်တာ ဘာမှန်းမသိတဲ့ လူဟာ .. ကိုယ်မသွားချင်တဲ့ နေရာအရောက်မှာ ရှေ့မဆက်တော့ဘဲ .. ရပ်ပစ်လိုက်တတ်တယ် ” ..အဲဒါကြောင့် ရည်ရွယ်ချက်ကို တိတိကျကျထားပါ .. ရည်မှန်းချက် ခိုင်မာအောင်ကြိုးစားပါ .. “ ကိုယ့်မှာ တောင့်တစရာဆိုလို့ ဆန္ဒတစ်ခုတည်းသာ ရှိမယ်ဆိုရင်လေ .. အဲဒီဆန္ဒကို ထုတ်ဖော်ဖို့ ဖြစ်နိုင်ပါစေ ” ... ရည်ရွယ်ချက်ရှိတယ်... ရည်မှန်းချက်ခိုင်မာပြီဆိုရင်တော့ ယုံကြည့်မှုနဲ့ ရှေ့သို့ဆက်ပါ .... “ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ” .. အကယ်၍ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ် .. ကိုယ်နားမလည်တဲ့ အလုပ်မျိုးဖြစ်နေတယ်ဆိုရင်တော့ “ နားလည်ချစ်စိတ် ပြင်းပြဖို့က ပထမ .. နားလည်အောင် လုပ်ဖို့က ဒုတိယ ” .. ဆိုတဲ့အတိုင်း ကြိုးစားပါ .. “ ဘာပဲလုပ်လုပ် စိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်ပါ .. အလေးအနက်ထားတတ်ရင် ပျော်မွေ့စရာ ကောင်းပါတယ် ” ...
ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် တစ်စုံတစ်ခုကို ပိုင်ဆိုင်နိုင်ပြီဆိုရင်တော့ .. “ ကိုယ်လိုချင်တာကိုရရင် အောင်မြင်မှုလို့ခေါ်တယ် ... ကိုယ်ရတာကို နှစ်သက်နိုင်ရင် ပျော်ရွှင်မှုလို့ခေါ်တယ် ... ” ဒါကြောင့် .. အောင်မြင်ပျော်ရွှင်နိုင်အောင် ကြိုးစားကြပါ .......

ဒီနေရာကို နှိပ်လိုက်ပါ . . .

ယုံကြည်မှုသည် အောင်မြင်မှု၏ ဇစ်မြစ်

ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအပေါ်မှာ ယုံကြည်မှုကို အပြည့်အ၀ထား ..
မကြာခင် အောင်မြင်မှုဆိုတာကို ရရှိမှာ မလွဲပါဘူး ..
ဘယ်နေရာမှမဆို .. ယုံကြည်မှုဆိုတာ အရမ်းကို အရေးကြီးပါတယ် ...
အောင်မြင်မှုတိုင်းဟာ ပေါ့ပေါ့လေးရတာ မဟုတ်ပါဘူး .. ယုံကြည်မှုနဲ့ ကြိုးစားမှုကြောင့်သာ ရလာတာပါ ..
ကျွန်တော်တို့ သူငယ်ချင်း ( ၅ )ယောက် ခရီးတစ်ခုကို ကားလေးတစ်စီးနဲ့ အတူသွားတုန်းက အဖြစ်ကလေးတစ်ခုကို သတိရမိပါတယ် ... တောင်ကုန်းတောင်တန်းများတဲ့ ရှမ်းဒေသကိုပါ .. ခရီးတစ်နေရာအရောက်မှာ တောင်ပြိုထားလို့ လမ်းကျဉ်းတစ်ခုနဲ့ ကြုံရပါတော့တယ် .. တစ်ဖက်က ချောက် .. တစ်ဖက်က ကမ်းပါး .. လမ်းအကျယ်က ကားတစ်စီးစာကွက်တိ .. ချော်ကျလို့ကတော့ မတွေးရဲစရာ .. မောင်းတဲ့လူကလည်း တောင်ပေါ်လမ်းကျဉ်းအတွေ့အကြုံ့မရှိ .. ရှေ့ဆက်လို့ကလည်းမဖြစ် .. နောက်ဆုတ်ဖို့ကလည်း လာခဲ့ရတဲ့ ခရီးက အဝေးကြီး .. အတော်လေး ဒုက္ခရောက်နေတဲ့အချိန် ...
အားလုံးလည်း ဘာလုပ်ရမှန်းမသိတော့ ..
အဲဒီအချိန်မှာ ကားမောင်းတဲ့ သူငယ်ချင်းက .. “ ခရီးကို ရှေ့ဆက်မယ်ဆိုရင် အားလုံးကားပေါ်တက်ပါ .. ကားပေါ်မှာ ရှိတဲ့လူတိုင်း မောင်းတဲ့လူကို ယုံကြည်မှုထားပေးပါ .. အားလုံးက ယုံကြည်မှုရှိတယ်ဆိုရင် ဒီလမ်းကို ဆက်မောင်းပါမယ် .. အားလုံးက ဆင်းနေခဲ့ပြီး တစ်ယောက်ထဲ မောင်းရမယ်ဆိုရင်တော့ နောက်ပြန်လှည့်မယ် .. ” လို့ ပြောလာပါတယ် ... မထူးတော့တဲ့ အခြေအနေမို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်တယ် ..
“ မောင်းကွာ ” လို့ ...
ယုံကြည်မှုရဲ့ အကျိုးလို့ဆိုရမှာပေါ့ .. လမ်းကျဉ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ် ..
ကားမောင်းတဲ့သူငယ်ချင်းက ပြောပါတယ် .. “ မင်းတို့အားလုံးရဲ့ အားကို လိုချင်လို့ အခုလို အားလုံးကို ကားပေါ်တက်ခိုင်းတာ .. ငါတစ်ယောက်ထဲဆို မမောင်းရဲ့ဘူး ”တဲ့ ... သူ့ရဲ့ သူငယ်ချင်းတွေအပေါ်က ယုံကြည်မှု ရယူပုံကို ပြောပါတယ် .. ကျွန်တော် နားလည်လိုက်တာကတော့ သေဖော်ညှိတာပါလို့ ...

ဒီနေရာကို နှိပ်လိုက်ပါ . . .