5/27/2008

စတင်ခံစားခြင်း . .

ရသစာပေ ဘာသာရပ်ကို ကျောင်းမှာသင်ကြားခဲ့ရစဉ်က
ကဗျာတစ်ပုဒ်မှ ရေးဖွဲ့ခဲ့ခြင်းမရှိတဲ့ အတွက် ပါမောက္ခ ဆရာမကြီးပြောတဲ့ စကားတစ်ခွန်းကို အမှတ်ရမိတယ် ..
`` ကဗျာဆိုတာ ခံစားမှုကနေ ဖြစ်ပေါ်လာတာ . . . မင်းကဗျာရေးလို့မရတာက မခံစားတတ်သေးလို့ . . .
ခံစားမှုဆိုတာက အချစ်ရှိမှဖြစ်မှာ ... အဲဒီအတွက် မင်းကဗျာရေးလို့ရအောင် .. ခံစားမှုကို နားလည်အောင် ..
ရည်စားထားပါ .. အချစ်ရှိမှ ကဗျာဆိုတာ လှပလာမှာ ..´´
အခုကျွန်တော် .. ကဗျာ စတင်ရေးသားမိပါပြီ ..
တနည်းအားဖြင့် .. အချစ်ကို ခံစားမိလာပြီ ..
ကျွန်တော့ နှလုံးသား လှုပ်ရှားလာပါပြီ . .. ...
သူ့ ကြောင့် ကျွန်တော်ရင်မှာ ကဗျာမြစ်တစင်း စီးဆင်းနေဦးမှာပါ . . .

ကောင်းခန့်(ရသ)
အဝေးကချစ်သူကို ရည်ရွယ်ရေးသားမိပါသည်။

No comments: