5/31/2008

မေ . . .

မေ ..
နှုတ်ဆက်ခဲ့ပါတယ် .. မေ ရယ် ..
ကိုယ့် ဘ၀က မေနဲ့တွေ့မှ စတင်ရှင်သန်ခဲ့တာပါ ..
ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ မေ ..
အခြေအနေအရ အဖြစ်မနေ ခွဲခွာရပေမယ့် နောင်တစ်ချိန်မှာ ကိုယ်တို့ ပြန်ဆုံတွေ့ကြရဦးမှာပါ ..
အဲဒီတော့ မှ ကိုယ်တို့ အမှတ်တရ စကားလေးတွေ ပြောကြတာပေါ့ ..
တွေ့ ဆုံ ကြုံ ကွဲ လောကသဘာဝပဲမို့ ဒီနေ့က ကိုယ်တို့ရဲ့ နောက်ဆုံး ဆုံတွေ့ခြင်းပါ မေ . . .
မနက်ဖြန်ကစပြီး ကိုယ်ရဲ့ ငယ်ပေါင်း သူငယ်ချင်းဖြစ်သူ ဂျွန် နဲ့ ဆုံတွေ့ရဦးမယ် ..
ငယ်စဉ်တုန်းက ဂျွန် နဲ့ တွေ့ရမယ့် ရက်တွေက ကိုယ်အတွက် ရင်အခုန်ရဆုံး နေ့ရက်တွေပေါ့ ..
ဂျွန်နဲ့အတူ ရက်ပေါင်းများစွာ ဝေးကွာနေတဲ့ သူငယ်ချင်းတွေ နဲ့ ပြန်လည်ဆုံတွေ့ရမယ်လေ ..
ကလေးဘ၀ ပျော်ရွှင်ဖွယ်နေ့ရက်များစွာကို ဂျွန်နဲ့အတူ စတင်ဆုံတွေ့ခဲ့ရတာ အမြဲတမ်း အမှတ်ရစရာပါပဲ ..
ဘ၀တစ်ခုလုံးအတွက် တန်ဖိုးအရှိဆုံး ပညာရပ်တွေကို ဂျွန်နဲ့အတူ သင်ယူခဲ့ကြရတာတွေက အခုချိန်မှာ
ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ အချိန်တွေပါပဲ ..
ငယ်စဉ်ခါ ကလေးဘ၀ကို ပြန်လည်တမ်းတနေရုံမှအပ ဘယ်လိုမှ ပြန်မရနိုင်တော့ပါလား . . .
ဒီလို အချိန်က ကလေးတိုင်းအတွက် ပျော်ရွှင်စရာနေ့ရက်ကလေးပေါ့ ..
မျှော်လင့်ချက်များစွာနဲ့ ပညာသင်ကြားရာ ကျောင်းတော်ကြီးဆီကို . . .
ပညာရေးရည်မှန်းချက် .. သူငယ်ချင်းများနဲ့ ဆုံတွေ့လိုစိတ် ... စသည် .. စသည် ဖြင့် ...

No comments: