5/24/2008

မော်ဒန် ...

ဟိုတုန်းကတော့ .. ခံစားမိတာလေးတွေ ရေးဖွဲ့ခဲ့ရင် .. ဒီခေတ်အခါ အများသုံးဖြစ်နေတဲ့
မော်ဒန်လိုင်းကို ဘယ်တော့မှ မရေးဘူးလို့ ဆုံးဖြတ်ထားတာ .. တကယ်တမ်း ရေးဖို့လုပ်တော့ ကျောင်းတုန်းကသင်ခဲ့ရတဲ့ ရတု .. ဧချင်း .. အိုင်ချင်း .. ကာချင်း .. ဆိုတာတွေ ရေးစပ်ဖို့နေနေသာသာ၊ လေးလုံးစပ်တို့ .. သံပေါက်တို့ .. လေးချိုး .. ဒွေချိုး .. ဆိုတာတွေတောင် ရေးစပ်ဖို့မလွယ်ဘူးဖြစ်နေတယ် ..
ကိုယ့်ရဲ့အတွေအခေါ်တွေကပဲ မော်ဒန်ဆန်လာလို့လား .. ဖတ်မိ ကြားမိတာတွေကပဲ မော်ဒန်ဖြစ်နေလို့လား၊
တဖြည်းဖြည်း ကိုယ်လည်း မော်ဒန်ကဗျာလောက်ပဲ ရေးချင်လာတော့တယ် ..
ဟိုတုန်းကတော့ .. မော်ဒန်ကို ခံစားလို့မရခဲ့ဘူး .. ပေါ့ပျက်ပျက်နိုင်တယ် .. အလွယ်ရေးဖွဲ့တယ် .. စိတ္တဇကဗျာ .. တွေလို့ပဲ သတ်မှတ်ခဲ့တာ ..
ကိုယ် ကိုယ်တိုင်ရေးဖွဲ့ရင်တော့ .. အနည်းဆုံး လေးလုံးစပ် လောက်တော့ ရေးစပ်မယ်လို့ စဉ်းစားမိတယ်၊
အခုတော့ .. ကိုယ်လည်း လွယ်လွယ်ကူကူ အများနားလည်လွယ်လောက်တဲ့ မော်ဒန်ရေးနည်းနဲ့ပဲ ခံစားရတော့မှာပဲ ..
မော်ဒန်ကဗျာ .. ဆိုတာဘာလဲ .. သူ့ရဲ့အစ ဘယ်ကလဲ .. ဘာစည်းကမ်းတွေရှိလဲ ..
ကိုယ် ခံစားနားလည်မိတာကတော့ ..
ဘာသာပြန်ကဗျာတွေကနေ ဆင်းသက်လာတာလို့ ထင်တယ် ..
မူရင်းကဗျာမှာတော့ သူ့စည်းမျဉ်းစည်းကမ်း ရှိနိုင်တယ် .. ဘာသာပြန်သူက နားလည်လွယ်အောင် အဆင်ပြေအောင် ရေးဖွဲ့ရတာ .. အဲဒါကို ဖတ်မိတဲ့သူက စာသားကို ခံစားမယ် .. ရေးဖွဲ့မှုကို အတုယူမယ် ..
အဲဒီကနေ မော်ဒန်ကဗျာဆိုတာဖြစ်လာတာလို့ ယူဆတယ် ..
တနည်းအားဖြင့် .. အင်္ဂလိပ်ကဗျာမှာ ပါတဲ့ .. Away of the Money! ဆိုတဲ့စာသားလေးကို
ဘာသာပြန်က `` လွင့်ကျသွားတဲ့ ခြင်္သေ့ကြီးတစ်ကောင် ´´လို့ ဘာသာပြန်ရေးဖွဲ့လိုက်တယ် ..
တိုက်ရိုက်နားလည်လိုက်ရင်တော့ ဘယ်လိုကြီးလဲ .. ဘာအဓိပ္ပါယ်လဲ လို့ ထင်စရာပဲ ..
ကိုယ် နားလည်လိုက်တဲ့ မော်ဒန်ဆိုတာကတော့ ဒါပါပဲ ..
ဘာပဲဖြစ်ဖြစ် ကိုယ်လည်း မော်ဒန်ကို ရေးဖွဲ့ဖြစ်ဦးမှာပါ ..

No comments: