Showing posts with label ကာတွန်း/ဓါတ်ပုံ. Show all posts
Showing posts with label ကာတွန်း/ဓါတ်ပုံ. Show all posts

1/04/2009

လွတ်လပ်ရေးနေ့ ရွှေတြိဂံနယ်မြေ အမှတ်တရ

မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲ အမှတ်တရ ..
မွေးနေ့ပွဲလာ ဧည့်ပရိတ်သတ်များမြင်ကွင်း

ရွှေတြိဂံနယ်မြေ

ယိုးဒယားဘက်ခြမ်းက ဘုရားဆင်းတုတော်

မြန်မာဘက်ခြမ်းက Hotel Paradise

လာအိုဈေး အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ
လောကျွန်း ခေါ် လာအိုဈေး

ဒီနေရာကို နှိပ်လိုက်ပါ . . .

1/01/2009

မင်္ဂလာရှိသော ၂၀၀၉

နှစ်သစ်မှာ သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ ကြည်နူးသာယာနိုင်ကြပါစေ .. အောင်မြင်ချမ်းသာကြပါစေ ..

2009 ခုနှစ်ရဲ့ ပထမဆုံး လင်းရောင်ခြည် .. နွေးထွေးမှုတွေနဲ့အတူ နူးညံ့စွာ ကြိုဆိုခြင်း

2008 ခုနှစ်ရဲ့ နောက်ဆုံးလင်းရောင်ခြည် .. ၀မ်းနည်းစွာ နှုတ်ဆက်ထွက်ခွာသွားသူရဲ့ အပြုံး

အမှတ်တရ ..
2008 ခုနှစ်ရဲ့ နောက်ဆုံးလင်းရောင်ခြည်ကို ဓါတ်ပုံရိုက်ပြီး .. ညပိုင်း New Year ရှုခင်းလေးကို ဓါတ်ပုံရိုက် မှတ်တမ်းတင်မယ်လို့ စဉ်းစားထားတာ .. ညရောက်တော့မှ သိလိုက်ရတယ် . ကင်မရာဓါတ်ခဲက အားကုန်နေပြီ ။
နောက်နေ့ မနက်စောစော ၅ နာရီလောက်ကတည်းက ဘုရားကိုသွား .. ဘုရားကုန်းတော်ပေါ်ကနေ 2009 ခုနှစ်ရဲ့ ပထမဆုံးလင်းရောင်ခြည်ကို မှတ်တမ်းတင်မယ်လို့ စဉ်းစားထားတာတွေလည်း သွားပါပြီဗျာ ..
မနက်စောစော ဓါတ်ခဲ ၀ယ်လို့ရဖို့ကလည်း မလွယ်ဘူးလေ .. ဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ Happy New Year ကို အိပ်ယာထက်ကနေပဲ ကြိုဆိုလိုက်ပါတယ်ဗျာ ..
2009 ခုနှစ်ရဲ့ မနက် 6:30 မှာ အိပ်ယာက နိုးနိုးချင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နေမင်းရဲ့ အလင်းရောင်ကို မတွေ့ရသေး .. ကျွန်တော် အားတက်သွားတယ် .. ချက်ချင်းထ မျက်နှာသစ်ပြီးတော့ အိမ်အောက်ကို (အိမ်ခန်းက ၅ ထပ်မှာ) ပြေးဆင်း ဓါတ်ခဲရောင်းတဲ့ဆိုင် ဖွင့်တာနဲ့ အဆင်သင့်ပဲ ဓါတ်ခဲဝယ် .. အိမ်အပေါ် ခေါင်မိုးပေါ်ကနေ ရိုက်မယ်လို့ စဉ်းစားထားတာ ဘေးလှေခါးက ခုချိန်ထိမဖွင့်သေး (အရင်ဆို မနက် 5:30 ဆိုဖွင့်ပြီ) .. ဟား .. စိတ်ကိုညစ်ရော .. ဒါနဲ့ပဲ တောင်ပေါ်သွားရိုက်မယ်ဆိုပြီး သွားနေကျ ဆိုင်ကယ် Taxi ကို လှမ်းခေါ်ဖို့အလုပ် .. ဟိုက် .. ဖုန်းကျန်ခဲ့ပြီ ၊ ဒါနဲ့ပဲ အိမ်ပေါ်ကို ပြေးတက် ဖုန်းကိုယူ Taxi ခေါ်၊ Taxi သမားကလည်း အိမ်အောက်ရောက်တာနဲ့ ဖုန်းဆက်တယ် .. “ခရီးသွားတစ်ယောက်ရလို့ လိုက်ပို့ချင်လို့ ခဏ စောင့်ပေးနိုင်မလား” တဲ့ .. နိုး နိုး နိုး မဖြစ်ဘူး .. ငါက အရေးကြီးတယ် . တော်ကြာ နေမြင့်သွားရင် ရိုက်လို့အဆင်မပြေတော့ဘူး .. ဒါနဲ့ပဲ ခရီးသည် ခဏထားခဲ့ ငါ့အရင် တောင်ပေါ်ပို့ပဲ လုပ်ရတော့တယ် .. ခုမှပဲ တိုက်ဆိုင်နေလိုက်တာ .. တောင်ပေါ်ရောက်လို့ ဓါတ်ပုံ ရိုက်တဲ့ အချိန်က မနက် 7:00 ထိုးပြီ။ တော်ပါသေးသည် ရှင်နေမင်းကို အဆင်ပြေပြေ ဓါတ်ပုံ ရိုက်လို့ ရခဲ့လို့ .. တိမ်တွေကလည်း လှပစွာ ခြယ်မှုန်းပေးထားသေး။
ဓါတ်ပုံရိုက်ပြီးတော့ တစ်ခါတည်း မနက်စာ စားမယ်ဆိုပြီး စားနေကျဆိုင်ကို သွားလိုက်ပါတယ် .. ထုံးစံအတိုင်း မှာလိုက်ပါတယ် စားနေကျ မုန့်ဟင်းခါး .. စားပွဲထိုးလေးက လာပေးတော့မှ ဟိုက် လွဲပြန်ပြီ .. ငြုပ်သီးတွေနဲ့ . ကျွန်တော် မုန့်ဟင်းခါးစားတိုင်း ဘယ်တော့မှ ငြုပ်သီးမထည့် .. မထည့်ဖို့ကိုလည်း အမြဲမှာဖြစ်တယ် .. ဒီနေ့တော့ စားနေကျဆိုတော့ သူတို့လည်း သိနေပြီးဖြစ်တဲ့အတွက် မမှာလိုက် .. ကျွန်တော်က ငြုပ်သီးကြောက်သည်။ ထည့်လာမှတော့ မထူးပါဘူး စားလိုက်တော့သည်။ အင်း 2009 ခုနှစ်ရဲ့ နှစ်စမှ မျက်ရည်ကျလိုက်သည် (စပ်လို့)။ စားသောက်ပြီး တစ်ခါတည်း ဈေးသွားမယ်ဆို လုပ်လိုက်တော့မှ .. ဟောဗျာ .. ဈေးသွားလို့ မဖြစ်သေးတဲ့ အကြောင်းက ပေါ်လာလို့ . အိမ်ပေါ်ကို အမြန်ပြန်တက်ပြေးခဲ့ရပါတယ်ဗျာ ။
ဒီလိုနဲ့ 2009 ခုနှစ်ရဲ့ ပထမဆုံး လင်းရောင်ခြည် ကို အလွဲများစွာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ..
နှစ်စမှာ လွဲခဲ့သမျှဟာ .. တစ်နှစ်စာအတွက် စတင်လွဲမှားခြင်း၊ တစ်နှစ်စာ အလွဲများရဲ့ နိဒါန်း မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတော့တယ် ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/28/2008

နေအိမ်ကလေး အလှဆင်နိုင်ဖို့ ..

CD ထားဖို့ ဒီလို စတိုင်



စာအုပ်ထားဖို့ ဒါမျိုးလေး

ဧည့်ခန်းမှာ ဧည့်ခံဖို့အတွက် ဒါမျိုး ဒီဇိုင်း


အသက်ကြီးရင် မြေးတွေနဲ့ အတူထိုင်ဖို့

မိန်းမ ဈေးက၀ယ်လာတဲ့ ကြက်ဥတွေ ထားဖို့

ထမင်းစားရင်း အပျင်းပြေ သောက်ဖို့

ညဘက် မီးပျက်တဲ့အခါ အသုံးဝင်တဲ့ တံခါးလက်ကိုင်

အိမ်ရှေ့က နံရံမှာ အဆင်လှထားတဲ့ အလှမွေးငါးကန်

သူငယ်ချင်းတွေနဲ့ ပါတီပွဲကျင်းပတဲ့အခါ .. အဆင်ပြေစေမယ့် ပန်းကန် . ခွက်

မီးပျက်တဲ့အခါ ဖယောင်းတိုင်ထွန်းဖို့ နေရာ

ဒါက စာကြည့်စားပွဲ

ဒီနေရာကို နှိပ်လိုက်ပါ . . .

2009 မြန်မာပြက္ခဒိန်














ဒီနေရာကို နှိပ်လိုက်ပါ . . .

12/25/2008

ဆောင်းချမ်းချမ်း


ဒီလို ဆောင်းချမ်းချမ်းမှာ ဒါမျိုးတစ်စုံလောက် ရှိသင့်တာအမှန်ပါပဲ

ဒီနေရာကို နှိပ်လိုက်ပါ . . .

12/22/2008

စားသတိ .. သွားသတိ

သူငယ်ချင်းတို့ရေ .. ဒီလိုခေတ်ကြီးထဲမှာ .. ဒီလိုမျိုးတွေ အများကြီးနော် ..




မိုးကျရွှေကိုယ်ဆိုဒ်ထဲက ရတာလေးပြန်မျှတာ ..

ဒီနေရာကို နှိပ်လိုက်ပါ . . .

11/26/2008

ရှေးရှေးတုန်းက အချစ်

တူးဖော်ရရှိတဲ့ အရုပ်လေးတွေပါ ..








ဒီနေရာကို နှိပ်လိုက်ပါ . . .

မြန်မာကာတွန်း

အပျင်းပြေစရာ .. မြန်မာကာတွန်း ဟာသလေးတွေပါ




















ကာတွန်းတွေ ဖတ်လို့ မ၀သေးဘူးဆိုရင်တော့ ဒီမှာ သွားဖတ်ပါဗျာ .. e-Cartoon

ဒီနေရာကို နှိပ်လိုက်ပါ . . .