5/19/2008

ကဆုန်လပြည့် ..

ဒီနေ့ ဘလော့မရေးတော့ဘူးလို့ စဉ်းစားထားတာ . .
သုံးရက်နဲ့ နှစ်ည . . အအိပ်ပျက် . အစားပျက် .. ဘလော့တစ်ခုကို ဖန်တီးလိုက်ရတာ . .
တော်တော်များများတော့ အဆင်ပြေပါတယ် .. .. တချို့နေရာတွေမှာ ဘာဖြစ်မှန်းမသိဘူး ဖြေရှင်းလို့မရဘူး ဖြစ်နေတယ် .. အခု ဘလော့နာကျတယ် ဆိုသလိုဖြစ်နေလို့ . . အနားယူမယ်ဆိုပြီး နေနေတာ ..
ဒါပေမယ့် . . ဒီနေ့က ကဆုန်လပြည့်နေ့ ဆိုတာနဲ့ မှတ်တမ်းလေးဖြစ်အောင် နည်းနည်းရေးလိုက်မိတယ် ..
ဘလော့ရေးနည်းနဲ့ပတ်သက်ပြီး ဘာမှသိမထားတော့ ဘလော့ရေးရင်း အခက်အခဲတွေတွေ့လာရတယ် ..
အဲဒါ ဘလော့ရေးနည်း စာအုပ်ကလေးများရမလားလို့ ရှာလိုက်ရတာ ဘယ်မှာမှ မရဘူး . .
ကိုယ်ကလည်း မြန်မာလိုပဲတတ်တော့ မြန်မာပြန်ထားတဲ့ စာအုပ်ပဲလိုချင်မိတာ ..
ဒီနေ့ ဘုရားသွားပြီးအပြန် .. မထင်မှတ်ပဲ Java Script စာအုပ်ကလေး ရလိုက်တယ် . ..
အဲဒါကြောင့် ဒီနေ့ ဘလော့ ရေးဖြစ်သွားပြန်တယ် ...
ဒီနေ့ ဗုဒ္ဓဘာသာဝင် တွေရဲ့ ဘုရားမှာ ဆုံတွေ့တဲ့နေ့ . .. တစ်နည်းအားဖြင့် ဘုရားကို သတိရလိုက်တဲ့နေ့ . ..
ကျွန်တော်အပါအ၀င် လူတော်တော်များများက အကြောင်းမျိုးစုံပြပြီး .. ဘုရားကို ရှောင်နေကြတာ ..
အခုလို အခါကြီး ရက်ကြီးတွေမှသာ ဘုရားကို သတိရကြတယ် ..
အင်း ... တခြားဘာသာဝင်များနဲ့ ကွာပ .
အစကတော့ ဘုရားသွားပြီး အေးအေးဆေးဆေးနေ ပုတီးလေးဘာလေးစိပ်မလို့ပါပဲ ..
ဒါပေမယ့် . ... ဘုရားကို ကြည်ညိုလွန်းတဲ့လူတွေ ပူဇော်ထားလိုက်ကြတာ ..
မီးခိုးတွေ မွှန်နေလို့ ကြာကြာမနေခဲ့ရဘူး .. ကျွန်တော်က မီးခိုးကြောက်တယ် ..
အဲဒီမှာ တရားထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကို အတော် ချီးကျူးသာဓု ခေါ်ခဲ့ပါတယ် ....
ကိုယ်မှ မလုပ်နိုင်တာ ...
ဒီနေ့ပြုသမျှ ကုသိုလ်အစုစုကို အမျှ အမျှ အမျှ ပေးဝေပါတယ် ...


ကျေးဇူးတင်စွာဖြင့် . . .
ကောင်းခန့်(ရသ)

No comments: