11/27/2008

ဘုရားကို ဒုက္ခပေးသူများ

ဆောင်းမနက် .. အေးမြတဲ့ရာသီမှာ စောစောထ လမ်းလျှောက်ရင်း .. အပြန်မှာ ဘုရားကို ၀င်ဖြစ်ပါတယ် ..
မနက်စောစောဘုရားမှာ သီလယူ . ပုတီးစိပ်ရတာ လူရှင်းလို့ အင်မတန်မှကို စိတ်အေးချမ်းစရာပါ ..
ဒီနေ့ .... တနင်္လာထောင့် . ဂြိုဟ်တိုင်မှာပါ ..
ထီးဖြူ ၉ လက် နဲ့ စာရွက်အ၀ိုင်းလေး (ဘယ်လိုခေါ်တယ်တော့မသိဘူး) တော်တော်များများ (သက်စေ့ဖြစ်ပါလိမ့်မယ်) မှာ “တနင်္ဂလာသမီး .. မxxx ၏ ဒုက္ခ” လို့ ရေးထားတာ တွေ့မိပါတယ် ..
ဘာအတွက် ယတြာလာချေထားတယ်တော့မသိဘူး .. တော်တော်ဒုက္ခတွေများနေတဲ့ သဘောတော့ရှိပါရဲ့ ..
ကိုယ်ချင်းလည်းစာမိပါတယ် .. မေတ္တာလည်းပို့ပေးမိပါတယ် .. စိတ်မကောင်းလည်းဖြစ်မိပါတယ် ..
သြော် .. ကိုယ့် ဒုက္ခတွေ ဘုရားကို လာပေးနေပါလား လို့လည်း တွေးမိပါရဲ့ ...
နောက်တစ်ခု ... ဘုရားကို မနက်စောစော ရေသပ္ပါယ်သူတွေ .. ဆရာတော်တစ်ပါး ဟောထားတာ သွားပြီး သတိရမိတော့ ကိုယ်လည်း ဘာလုပ်ရမှန်းမသိဘူး ဖြစ်ဖြစ်နေတတ်ပါတယ် .. ဒီလောက်အေးချမ်းတဲ့ ရာသီမှာ ကိုယ်တိုင်ကတော့ အနွေးထည်တွေနဲ့ ... ဘုရားကျတော့ အားမနာတမ်း လောင်းလိုက်ကျတာ .. သက်စေ့ ...
တချို့ကျပြန်တော့လည်း သင်္ကြန်မှာ ရေကစားရတာ အားမရလို့လားမသိ .. ဘုရားကို လောင်းနေတာများ အားရပါးရ .. ရေသပ္ပါယ်ဖို့ထားတဲ့ ငွေခွက်သေးသေးလေးနဲ့မဟုတ် .. ငွေဖလားကြီးနဲ့ကို လောင်းပါလေ၏။
တော်တော်ဆိုးဆိုး သဒ္ဓါတရားပြည့်စုံသူတွေကတော့ ဂြိုဟ်တိုင်က သကြားမင်းရုပ်ကို ပါးနှစ်ဖက်မှာ ရွှေချသွားတာ . သကြားမင်းတောင် ကြည့်ရင်း လှလှလာတယ် ...။
ဆုတောင်းပြည့်တယ် .. ဆေးစွမ်းတယ်ဆိုတဲ့ ဘုရားတွေကတော့ နာဖို့သာပြင် .. ခေါင်းကိုက်တယ်ဆိုတဲ့လူကလည်း ဘုရားခေါင်းကို ဖိလိုက်နှိပ်လိုက်နဲ့ ငရဲကိုမကြောက် .. မျက်စေ့ မကောင်းတဲ့လူကလည်း နှိပ်လိုက်တာများ ဘုရားမျက်စေ့ကန်းတော့မယ် ... ကိုယ်လုပ်နေတဲ့ လုပ်ရပ်က သင့်တော်လား မသင့်တော်လည်းမသိကြတော့ ကိုယ့်ဝေဒနာ ပျောက်ဖို့ပဲ စိတ်ရောက်နေသူတွေ ...
ဘုရားကိုသွားသွားပြီး ဆုတွေတောင်း .. ပြည့်ချင်လိုက်တဲ့ဆုတွေကလည်း များမှများ .. ကိုယ်တိုင်ကတော့ ဘာမှ မလုပ်ချင် .. ဘုရားကို နားပူနားဆာ လုပ်နေသူတွေ ..
သြော် .. ဘုရားကို ဒုက္ခပေးနေသူတွေ ..

2 comments:

Unknown said...

အင်း ဟုတ်တယ်နော်
အစ်ကိုတော်ပြောမှပဲ သတိထားမိတော့ တယ်
လူတွေက သူတို့ လိုချင်တာပဲသိကြတယ်လေ
ကိုယ့်ဘက်တစ်ခုထဲကြည့်တတ်ကြတယ်
သိကြားမင်းမျက်နှာမှာရွှေချတာကလည်း
စန်းပွင့် ချင်ကြလို့ နေမှာပေါ့ 
ငွေဖလားကြီးနဲ့ လောင်းတာကတော့ တကယ့်စံပဲ

ညီမတော်

ပန်းခင်းလေး

Kaung Khant said...

ဟုတ်ပဗျာ