11/28/2008

ခြားနားချက်

(၁)
ချစ်သူဘ၀ - အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀ - အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။
(၂)
ချစ်သူဘ၀ - အလကားနေရင်း ချစ်သူကို တမ်းတ၏။
အိမ်ထောင်သည်ဘ၀ - ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။
(၃)
ချစ်သူဘ၀ - ကလေး ဘယ်နှစ်ယောက်ယူလိုက်မည်ဟု စိတ်ကူး၏။
အိမ်ထောင်သည်ဘ၀ - စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့လျှင် အကောင်းသားဟု တွေး၏။
(၄)
ချစ်သူဘ၀ - ကိုယ်ပိုင်ဆိုင်သမျှ သူ့အား ပေးလို၏။
အိမ်ထောင်သည်ဘ၀ - ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏။
(၅)
ချစ်သူဘ၀ - မွှန်နေသော်လည်း ကိစ္စမရှိဟု ဆို၏။
အိမ်ထောင်သည်ဘ၀ - ကိစ္စရှိမှ မွှန်၏။
(၆)
ချစ်သူဘ၀ - တစ်ယောက်နှင်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘ၀ - ဖုန်းထဲမှ အော်လိုက်ရသည်ကိုပင် အားမရ။
(၇)
ချစ်သူဘ၀ - ချစ်သူ့အကြောင်း ကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀ - ကဗျာရေးသူ ငစနူ။
(၈)
ချစ်သူဘ၀ - သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀ - သူငိုလျှင် TV အစီအစဉ်တွေ ကောင်းပြီ။
(၉)
ချစ်သူဘ၀ - သူ့မွေးနေ့ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀ - ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။
(၁၀)
ချစ်သူဘ၀ - လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀ - လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏။
(၁၁)
ချစ်သူဘ၀ - အစာစားလျှင် ခွံ့ကျွေးမှ ကြိုက်၏။
အိမ်ထောင်သည်ဘ၀ - အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏။
(၁၂)
ချစ်သူဘ၀ - အချစ်သီချင်းများသာ နားထောင်၏။
အိမ်ထောင်သည်ဘ၀ - ကက်ဆက်အကြောင်းသာပြော၏။
(၁၃)
ချစ်သူဘ၀ - ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘ၀ - သံသရာမှ လွတ်မြောက်ရာ အကြောင်းသာ တွေး၏။
(၁၄)
ချစ်သူဘ၀ - ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀ - လူပေါင်းမှားခဲ့သည့် အတွက် ရင်ထုမနာဖြစ်၏။

အိမ်သာထဲကရတာလေး ပြန်မျှတာ .. (အိမ်သာထဲ ရောက်ဖူးချင်ရင် သွားကြည့်)

No comments: