7/12/2008

VZO Chat 6.1

Internet မှာ Gtalk နဲ့ပြောရတာ အားမရလို့ လှုပ်ရှားမှုပုံရိပ်ကလေးတွေပါ မြင်ချင်တယ်ဆိုရင်တော့ VZO Chat နဲ့သုံးကြည့်ပါ ..
အဆင့်(၁)။ ပထမဆုံး VZO Chat ကို ဒီနေရာမှာ Download ချပါ ..
အဆင့်(၂)။ VZOChat_Setup610.exe ကို Install လုပ်ပါ .. Run -- Next -- I accept --Next -- Next -- Finish ဒါဆိုရင် ရပါပြီ ..
Install နည်းဗျူဟာကို မှတ်ထားပါ .. ( တွေ့သမျှ Next .. မေးသမျှ OK . Yes ) တဲ့ ..
အဆင့်(၃)။ Install လုပ်ပြီးလို့ VZOChat တက်လာပြီဆိုရင်တော့ ပထမဆုံး စတင်တဲ့အချိန်မှာ Hardware Setting ချိန်ရပါတယ် ..
အဲဒီမှာလည်း ထုံစံအတိုင်း .. တွေ့သမျှ Next ပေါ့ဗျာ ..
အဲ .. ဒီပုံလေးတွေ့ပြီဆိုရင်တော့ ..


အမှန်ခြစ်တွေ ဖြုတ်လိုက်ပါ .. ပြီးရင် Next နောက် OK ပါ ..

အဆင့်(၄)။

ဒီလို Login Box ပေါ်လာပြီဆိုရင်တော့ .. VZOChat ID: , Password တွေကို ဖြည့်ပါ .. ပြီးရင် OK ပေါ့ .
အဆင့်(၅)။ တကယ်လို့များ ID , Password တွေ မရှိသေးဘူးဆိုရင်တော့ Get your VZOchat ID ကိုနှိပ်လိုက်ပါ။

ဒီကို ရောက်ပြီ ဆိုရင် ဒါတွေကို ဖြည့်လိုက်ပါ ..
Choose Your VZO ID : ကြိုက်နှစ်သက်ရာ နာမည်တစ်ခုခုဖြည့်ပါ Space မခြားပါနဲ့ _ ခံလို့ရပါတယ်။
Display Name : ကြိုက်သလိုဖြည့်ပါ .. ID နဲ့ မတူလည်းရပါတယ် ..
E-Mail : အီးမေးလိပ်စာ တစ်ခုခုဖြည့်ပါ .. အီးမေး တစ်ခုကို ID တစ်ခုပဲ သုံးလိုရပါတယ်။
Password : အနည်းဆုံး ၈ လုံးလောက်ရိုက်ပါ။
Retype password : အပေါ်က အတိုင်း ပြန်ရိုက်ပါ။
အကယ်၍ ဖြည့်လိုက်တဲ့ နောက်မှာ အနီရောင် ကြက်ခြေခတ် ပြရင်တော့ ဖြည့်ထားတာတွေကို ပြန်ပြင်ပေးပါ။
အားလုံးမှာ အစိမ်းရောင် အမှန်ခြစ် ပြရင်တော့ ok ပါပြီ ။
ပြီးရင်တော့ Finish ကိုနှိပ်ပါ .. ဒါဆိုရင် VZO ID နဲ့ Password ကို ရပါပြီ ..
နောက်ထပ် Webpage တွေတက်လာရင် အဆင်ပြေသလိုဖြည့်နိုင်ပါတယ် .. အရေးမကြီးပါဘူး .. မဖြည့်ဘဲထားလဲ ရပါတယ် ..

အဆင့်(၆)။ VZO Chat ကို Install လုပ်ပြီး အဆင်သင့် သုံးမယ်ဆိုရင်တော့ ..
VZO Chat Icom ကို Double Click နှိပ်ပါ ..


ဒီပုံပေါ်လာပြီဆိုရင် တော့
My VZOchat ကိုနှိပ်ပါ .. Login ရွေးပါ .. VZO Chat ID , Password ဖြည့်ပါ .. OK နှိပ်ပါ ။
ပြန်ပိတ်တော့မယ်ဆိုရင်တော့ .. My VZOchat ကိုနှိပ်ပါ .. Logout ကိုရွေးပါ။
ဒါဆိုရင် VZO Chat ကို အသုံးပြုလို့ရပါပြီ ..

ကျန်တာကို ဆက်ပြောပါမယ် .. ဆက်ရန်ပေါ့

No comments: