7/03/2008

ချစ်သူဘလော့

လတစ်လကုန်ဆုံးလို့ .. လတစ်လသို့ ကူးပြောင်းသွားပြန်ပါပြီ ..
ဘလော့မှာ ပိုစ့်အသစ်ရေးဖို့ ကြိုးစားရင်း .. ကြိုးစားရင် .. နဲ့ပဲ . . . .
တကယ်တော့ ဘလော့တစ်ခုဖန်တီးတယ်ဆိုတာ ရည်းစားထားရသလိုပါပဲ ..
သူ့ကိုပဲ အမြဲတမ်း မြတ်မြတ်နိုးနိုးနဲ့ ထိုင်ကြည့်နေရတာ . . သူ့လိုအပ်ချက်တွေကို အမြဲတမ်းဖြည့်ဆည်းပေးနေချင်တာ ..
သူက ကိုယ့်အတွက် ပျော်ရွှင်မှုတွေ ပေးနိုင်သလို .. တစ်ခါတရံ သူ့အတွက် စိတ်ပင်ပန်းရပြန်တယ် ..
သူများဘလော့တွေ ၀င်ကြည့်ပြီးတိုင်း .. ကိုယ့် ဘလော့မှာ လိုအပ်နေတာတွေ ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားရပြန်ရော ..
ဘလော့တစ်ခုရယ်လို့ ဖြစ်လာဖို့ကြိုးစား .. ဖြစ်လာပြန်တော့ အမြဲတမ်းရှင်သန်နိုင်ဖို့ ကြိုးစား ..
ရသ ရယ်လို့ ခေါင်းစဉ်တပ်ထားပြီး .. လိုင်းပေါင်းစုံ ဘလော့ကြီးဖြစ်နေတယ် .. ရသ နဲ့ဝေးးးးး
ကဗျာတွေ ရေးချင်တယ် .. စာတွေ ရေးချင်တယ် .. ခံစားချက်တွေ ဖွင့်ထုတ်ဖော်ပြခွင့်ရချင်တယ် ...
ရင်ထဲက ခံစားချက်တွေ မရှိလို့လား .. ခံစားချက်တွေကို ဦးနှောက်က ဖန်းတီးမပေးနိုင်တာလား ..
သူများတွေ ရေးထားတာကို ဖတ်မိရင် အားကျတယ် ဆိုရုံကလွဲလို့ ကိုယ်တိုင် မဖန်တီးနိုင်ဘူး ..
ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့တော့ ဖြစ်လာမှာပါ ..
အဓိက ကြိုးစားချင်စိတ်ရှိဖို့ပဲလိုတယ် လို့ ခံယူထားပါတယ် ..

No comments: