6/18/2008

အချိန်တိုင်း .. နေရာတိုင်း ..

သည်းတော့မယ့် မိုးဖွဲလား မင်းအချစ်က .. နှုတ်ဆက်မယ့် မိုးသားဖြစ်မှာလား ..
ဝေးဝေးက ငေးရင်းနဲ့ အိပ်မက်မှာ .. ရင်ခုန်မျှော်လင့်နေတဲ့ ..
စကားလေးများပြောဖြစ်တဲ့ ခဏလောက်မှာ .. နှလုံးသားထဲ အချစ်ရဲ့နတ်ဝင်သွား ..
မောင်းထုတ်လို့မရတဲ့ အတွေးထဲမှာ .. ဝေဒနာတွေ စီးဝင်သွား ..
ကိုယ့်အချစ်ရဲ့ ၀ိဥာဉ်တွေ မင်းအနားမှာ .. မြင်စေချင် အရိပ်ကလေးများ ..
တောင့်တတဲ့ အကြင်နာတွေပေးပါဦး .. ငါဟာ အမြဲငတ်မွတ်နေမှာ ..
အချိန်တိုင်း .. နေရာတိုင်း .. မင်းကို . မြင်နေရတယ် ..
အချစ်များစွာနဲ့ မင်းကို .. ကြင်နာပါ့မယ်နော် ..
လက်တွေ့နဲ့ အိပ်မက်ရဲ့ကြားထဲမှာ.. အိပ်မက်က စိုးမိုးသွားမှာလား ..
နီးစပ်ခွင့်မရှိခဲ့တဲ့ ကိုယ်ဘ၀ဟာ .. ဝေဒနာတွေ မွှေးနေသလား ..
မင်းရဲ့အလှ စိုးမိုးတဲ့ အရိပ်အောက်မှာ .. ကြိုးစားပြီး ရုန်းထွက်မရပါလား ..
နေ့နဲ့ည မှားယွင်းလို့ ထွက်ပေါက်ရှာ .. တစ်ကမ္ဘာစီ ခြားနေလား ..

No comments: