နောင်တမဲ့တမ်းချင်း
ခိုင်မြဲစွာဖြစ်တည်ခဲ့တဲ့မြတ်နိုးမှုအတွက်
နောက်ဆုံးရတဲ့ဆုလာဘ်က အလွမ်းတဲ့လား.......
ဖြစ်သင့် မဖြစ်သင့်နှစ်ခုကြားမှာ
အတ္တနဲ့ ပရ က
ခုချိန်ထိစီးချင်းထိုးတုန်း.................။
ချစ်သူရေ
ကြည်နူးမှုတွေလျှံကျခဲ့တဲ့
တန်ဆောင်မုန်းလပြည့်ညကို လွမ်းတယ်။
ဖန်ခွက်တစ်လုံးလိုအသံမမြည်ပေမယ့်
တစ်ကယ်အသည်းကွဲခဲ့ရတဲ့
တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ညကို လွမ်းတယ်။
ထိုင်ခဲ့ဖူးတဲ့ ကမ်းနားဆိပ်ကို လွမ်းတယ်။
စားခဲ့ဖူးတဲ့ ၁၃ လမ်းထိပ်က
ရေခဲချောင်းဆိုင်ကိုလွမ်းတယ်။
ယုံနိုင်စရာမရှိတဲ့ စက်ရုပ်တစ်ရုပ်ရဲ့
ကြည်လင်တဲ့မျက်နှာပေါ်က အပြုံးကိုလွမ်းတယ်။
လွမ်းတယ်..................
အဲဒီလောက်လွမ်းနေရတာတောင်မှ
အလွမ်းတွေလက်စမသတ်နိုင်သေးဘူး။
ချစ်သူ
ပျော်ရွှင်မယ်ဆို ရှေ့ဆက်သွားပါ
လိပ်ပြာသန့်စွာထားခဲ့လိုက်ပါ
အလွမ်းတွေကိုမက်မောစွာပွေ့ပိုက်ပြီး
စက်ရုပ်လိုပဲနေခဲ့ပါ့မယ်.......
တစ်ကယ်တော့
ဘာဆုလာဘ်တွေပဲ ရခဲ့ ရခဲ့
ချစ်ခဲ့ကြတာ
နောင်တရစရာမဟုတ်ခဲ့ဘူး။
ထာဝရအတွက်............................................
No comments:
Post a Comment