နည်းလမ်းလေးတစ်ခု တွေ့လာလို့ မျှဝေတာပါ
G talk မှာ မိမိထံ မေးပို့လာတဲ့သူဟ ဘယ်နိုင်ငံကလဲ location ကို ညာပြောထားတာလား အမှန်ပြောတာလား သိတဲ့နည်းလမ်းလေးပါ
..............ပထမဆုံးကတော့ မိမိရဲ့ မေးထဲကို ၀င်လိုက်ပါ
.............. ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးကို ဖွင့်လိုက်ပါ။
.............. ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ
..............show original ကိုဆက်လက် click ပါ ။
..............Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ
..............နောက်ကတော့ သူ့ရဲ့ IP address ပေါ့ Received by ဆိုတဲ့ နောက်က တော့ သူ့ရဲ့ IP address ပေါ့
..............သူ့ရဲ့ location ကို သိချင်ရင်တော့ http://www.whatismyipaddress.com မှာ သွားကြည့်လိုက်ပေါ့ ….အဆင်ပြေချောမွေ့ကြပါစေ..
12/08/2009
မေးပို့လာတဲ့သူဟာ ဘယ်နိုင်ငံကလဲ
ချစ်ကံကြမ္မာ
က 1
ခ 2
ဂ 3
ှဃ 4
င 5
စ 6
ဆ 7
ဇ 8
စ် 9
ည 10
ဋ 11
ဌ 12
ဍ 13
ဎ 14
ဏ 15
တ 16
ထ 17
ဒ 18
ွဓ 19
န 20
ပ 21
ဖ 22
ဗ 23
ဘ 24
မ 25
ယ 26
ရ 27
လ 28
၀ 29
သ 30
ဟ 31
ဠ 32
အ/ဥ 33
ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။
အဆင့် 1 - မိမိနာမည်ကိုပေါင်းပါ။(နာမည်အရှေ့က မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေထည့်တွက်စရာမလိုပါ။)
(ဥပမာ - မဖြူဖြူသော် ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ ဖ + ဖ + သ = ရလဒ် ကိုသာ ယူရမှာဖြစ်ပါတယ်။)
အဆင့် 2 - မိမိချစ်သူ နာမည်ကိုပေါင်းပါ။
အဆင့် 3 - မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။
အဆင့် 4 - နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။
အကြွင်း 1 ကြွင်းလျှင် ။ အသက်မကချစ်ကြမည်။
။ 2 ။ ။ ရင်နာစရာကြုံရမည်။
။ 3 ။ ။ ဘ၀ဖူးစာဖက်များဖြစ်သည်။
။ 4 ။ ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။
။ 5 ။ ။ အစကချစ်လည်း .. နောင်မုန်းမည်။
။ 6 ။ ။ တစ်ဦးက တစ်ဖတ်သက်သာချစ်ရရှာသည်။
။ 7 ။ ။ ချစ်သော်လည်း မညားကြချေ။
။ 8 ။ ။ မိဘများက သဘောမတူကြချေ။
။ 0 ။ ။ ဘယ်လိုမှ အပ်စပ်လို့မရနိုင်ပါဘူး တဲ့ ။
သူငယ်ချင်းများအားလုံး ........
အဆင်ပြေနိုင်ပါစေဗျာ ............
Virus ရှိ မရှိ စစ်ရအောင်
virus ရှိမရှိ စစ်မယ်
ကိုယ့်ကွန်ပြူတာမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါသည်။ အရင်ဆုံးစစ်ဆေးကြည့်ရှုရမှာကတော့
* Tools Menu က Folder Options ပျောက်နေခြင်း
* Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပြူတာ Restart ကျနေခြင်း
* Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း
* Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း
* Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လာခြင်း
* Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း
* Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း
* Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း
* My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)
* Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)
အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပြူတာမှာ သေချာသလောက်နီးပါး Virus or Trojan orှpyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။ အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာအောင် Antivirus Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။ Virus ၀င်တာသေချာပြီးဆိုရင်တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus ကအန္တရာယ်ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင် Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။
12/01/2009
10 Word
*The most selfish one-letter word is' I' . Avoid it.*
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကေ
တာ့ `ငါ´ ပါ။
အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။
ဒီစာကြောင်းလေးကို ဖတ်လိုက်ရတော့ လူလောကထဲက နေရာတကာမှာ ငါတကောကောနေကြတဲ့
လူတစ်ချို့ရဲ့မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ အတွေးတွေထဲမှာ
ဝိုးတ၀ါးပေါ်လာပါတယ်။ အဲဒါငါလုပ်လိုက် တာလေ။ ငါမရှိရင်တော့
မင်းတို့တွေအားလုံးဒုက္ခရောက်ကုန်ကြတော့မှာပဲ။ ငါပါလို့ပေါ့ကွာ ငါသာမပါရင်
မင်းတို့အသင်းရှုံးပြီ။ ငါသာမကူညီရင်တော့ မင်းမလွယ်ဘူးနော် ... စတဲ့ ...
စတဲ့ တစ်ငါတည်း ငါနေကြ တဲ့ စကားလုံးတွေဟာ လောကကြီးထဲမှာ
မကြားချင်လည်းကြားနေကြရမယ့်စကားလုံးတွေပါ။ ဒီလိုစကားမျိုး
တွေကိုပြောနိုင်ကြတဲ့သူတွေဟာ အတိုင်းအတာတစ်ခုအထိ
တော်ကြတဲ့သူတွေများပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုယုံကြည်မှု၊ သူတပါးအပေါ်
အထင်အမြင်သေးမှုတွေလွန်ကဲနေတတ်ကြတဲ့ အဲဒီ့လိုလူမျိုးတွေဟာ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ တကိုယ်ကောင်းဆန်ခဲ့ခြင်း၊
မာနတက်ခဲ့ခြင်းတို့ရဲ့ နောက်ဆက်တွဲရလဒ်တွေကို မရှုမလှခံရတတ်ပါတယ်။
လောကကြီးရဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့သဘောတရားကို
နားမလည်ကြရှာတဲ့ သူတို့တွေဟာ တခါတခါ
လောကဓံတရားဆိုတာကြီးကိုမေ့လျော့နေတတ်ကြတဲ့အတွက်
တကယ်တမ်းကြီးမားပြင်းထန်တဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရပြီး
ကိုယ့်အနားမှာတစ်ယောက်မှ မရှိတော့တဲ့အခါမှ
နောင်တတွေရနေမိတဲ့အဖြစ်မျိုးတွေကြုံလာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ
ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် တကယ်ပဲ
အောင်အောင်မြင်မြင်နဲ့အဆုံးသတ်နိုင်ခဲ့ပြီဆိုရင် ဒီကိစ္စဟာ
ငါတစ်ယောက်တည်းကြောင့် အောင်မြင်ခဲ့တာလားဆိုတာကို
အမြဲတမ်းပြန်သုံးသပ်ကြည့်သင့်တယ်။ ဘုရားတောင်မှ အမှီရှိမှ
ပွင့်တယ်ဆိုတဲ့စကားကို အားလုံးကြားဖူးကြမှာပါ။
ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေသမျှသူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့
ကိုယ့်ကိုပါရမီဖြည့်နေကြတာပဲဆိုတဲ့ သဘောတရားကိုသာနားလည်ထားမယ် ဆိုရင်
လောကမှာ ငါတကောကောစရာကိစ္စဆိုတာဘာမှမရှိတော့ပါဘူး။ အဲဒါကြောင့်
ကျွန်တော်တို့အနေနဲ့ နေရာတကာမှာ `ငါကွ´ `ငါကွ´
လို့အော်ပြီးအလှူ့ရှင့်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတဲ့ အပြုအမူမျိုးကို
သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။
*
The most satisfying two-letter word is' We ' . Use it.*
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´
ပါ။ အဲဒါကို အသုံးပြုပါ တဲ့။
ခုဏကစကားနဲ့ဆန့်ကျင်ဘက်ပါ။ အချို့နေရာတွေမှာ `ငါ´
ဆိုတဲ့စကားလုံးကိုသုံးတာထက် `ငါတို့´ ဆိုတဲ့စကားလုံးကိုသုံးလိုက်ခြင်းက
အားလုံးအတွက်ပိုပြီး ကျေနပ်အားရစရာကောင်းပါ လိမ့်မယ်။ ကိစ္စရပ်တစ်ခုကို
ချောချောမောမောနဲ့ အဆုံးသတ်နိုင်လိုက်ပြီဆိုရင် ငါလုပ်လိုက်လို့ပြီး
သွားတာပါလို့ ပြောမယ့်အစား ငါတို့အားလုံးဝိုင်းလုပ်ကြလို့အခုလို
အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွား တာမဟုတ်လားလို့ ပြောနိုင်ဖို့ဆိုတာ
အထက်မှာဖော်ပြခဲ့သလို စိတ်ကြီးဝင်နေသူတွေအဖို့ကတော့ တကယ့်ကိုမလွယ်ပါဘူး။
မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေကို လေးစားတဲ့၊ မိမိနဲ့ဆက်နွယ်ပတ်သက် နေသမျှ
လူအားလုံးရဲ့ မိမိအပေါ် အထောက်အပံ့ပေးမှုတွေကို အသိအမှတ်ပြုတတ်တဲ့၊
စည်းလုံး ညီညွတ်မှုနဲ့ ပေါင်းစည်းခြင်းရဲ့အင်အား
ကိုနားလည်တတ်တဲ့စိတ်ဓါတ်ပြည့်ဝသူတို့မှသာ ဒီစကားမျိုးကို
ရင်ထဲကနေပြောထွက်နိုင်မှာပါ။ လောကမှာ တစ်ယောက်တည်းလုပ်လို့မရတဲ့ ကိစ္စတွေ
အများကြီးရှိပါတယ်။ ဘယ်လောက်ပဲထူးချွန်ထက်မြက်တဲ့သူ ဖြစ်ဖြစ်
သူ့မှာနောက်လိုက်ကောင်းတွေနဲ့ အဆွေခင်ပွန်းကောင်းတွေမရှိရင် အဲဒီ့သူဟာ
ထင်ထားသလောက် မအောင်မြင်နိုင်ပါဘူး။ ပုရွက်ဆိတ် တစ်ကောင်က
ထမင်းလုံးတစ်လုံးကိုမသယ်နိုင်ပေမယ့် ပုရွက်ဆိတ်အုတ်ကြီးကြောင့်
ထမင်းစိတွေ ပျောက်ပျောက်သွားတတ်တာကို ကျွန်တော်တို့ သတိ ပြုသင့်ပါတယ်။
အဲဒီ့တော့ ကျွန်တော်တို့တွေ အောင်မြင်မှုတစ်ခုအတွက် `ငါ´ဆိုတဲ့စကားလုံး
ကို သုံးတော့မယ်လို့စဉ်းစားတိုင်း အဲဒီ့အောင်မြင်မှုမှာ ဘယ်သူတွေကဘယ်လို
ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကို သေသေချာချာသုံးသပ်ပြီး `ငါတို့´
ဆိုတဲ့စကားလုံးလေးအဖြစ် ပြောင်းလဲသုံးစွဲနိုင်ဖို့ကြိုးစားသင့်ပါတယ်။
အဲဒါကို သတ်ပစ်ပါ။
ပုထုဇဉ်တွေဖြစ်ကြတဲ့ ကျွန်တော်တို့လူသားတွေတိုင်းမှာ
အတ္တမကင်းနိုင်ကြဘူးဆိုတာသေချာ ပါတယ်။ ဒါပေမယ့် ... နေရာတကာမှာ
အတ္တစိတ်ကိုရှေ့တန်းတင်ပြီး ပြောဆိုဆောင်ရွက်နေမယ် ဆိုရင် တော့ အဲဒီ့
အတ္တစိတ်ဟာ အဆိပ်အတောက်အဖြစ်အသွင်ပြောင်းသွားပြီး ကိုယ့်ကို အကြီးမားဆုံး
ဒုက္ခတွေ ပြန်ပေးတတ်ပါတယ်။အတ္တစိတ်ဟာ လိုတာထက်ပိုပြီးလွန်ကဲလာပြီဆိုရင်
အဲဒီ့လူအနေနဲ့ ဘယ်လိုကောင်းမွန် တဲ့အလုပ်ကိုမှ လုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင်
လူတစ်ယောက်မှာ ငွေတစ်သောင်း ရှိတယ်ဆိုပါစို့ ...။ သူဟာ
တစ်နေ့တာအတွက်လိုလေသေးမရှိအောင် စားသောက်သုံးစွဲပြီးတဲ့နောက် သူ့ လက်ထဲ
ငွေတစ်ထောင်ပိုနေတဲ့အချိန်မှာ တစ်နေ့လုံး ထမင်းတနပ်မှမစားရသေးတဲ့
ချို့တဲ့ နွမ်းပါးသူ တစ်ယောက်နဲ့ဆုံပြီဆိုရင် ... သူဘာလုပ်မလဲ။
အတ္တသိပ်မကြီးတဲ့သူဆိုရင်တော့ ကိုယ်လဲစိတ်ကြိုက် သုံးစွဲ ပြီးပြီပဲဆိုပြီး
ကျန်တဲ့ငွေ ကို အဲဒီ့လူထမင်းစားဖို့အတွက် ပေးလိုက်မိမှာပါပဲ။
အတ္တကြီးလွန်းသူဆိုရင်တော့ အဲဒီ့မြင်ကွင်းကို
မသိချင်ယောင်ဆောင်လှည့်ထွက်ပြီး အဲဒီ့ကျန်တဲ့ငွေကို သူ့ရဲ့
သိပ်အရေးမကြီးလှတဲ့ အသေးအဖွဲ ဆန္ဒလေးနောက်တစ်ခုအတွက်
ထပ်မံသုံးစွဲပစ်လိုက်မှာပါပဲ။ လောကထဲမှာ လူအချို့ရဲ့ ဆန္ဒအပိုတွေ အတွက်နဲ့
အချို့သူတွေထမင်းငတ်နေကြရတဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးပါ။
အတ္တသမား အများစုဟာ လောကထဲကို ရယူပိုင်ဆိုင်ခြင်းတွေသက်သက်အတွက်ပဲ
မွေးဖွားလာတာ ဖြစ်တယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားတတ်ကြပါတယ်။ ဒါပေမယ့်
... ရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်မှုနဲ့
အဆုံးမရှိတဲ့စိတ်ဆန္ဒတွေပြည့်ဝနေမှုဟာ အမှန်တကယ်မွန်မြတ်ပြီး ၊ အမှန်တကယ်
ကိုယ်ပိုင်ဆိုင် လိုက်နိုင်တဲ့ အရာတွေမဟုတ်ဘူးဆိုတာကို မသိကြရှာပါဘူး။
တကယ်တမ်းကျတော့လည်း အတ္တဆိုတာ လောကီသားတွေအတွက်တော့ ချိုမြိန်တဲ့
အဆိပ်ရည်တွေပါပဲ။ အလွန်အကျွံ မသောက်ဖြစ်အောင် တောင့်ခံကြရင်း
တတ်စွမ်းသ၍ပယ်သတ်ပစ်နိုင်ဖို့ကြိုးစားကြတာပေါ့ဗျာ။
*The most used four-letter word is' Love ' . Value it.*
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ ပါ။
အဲဒါကို တန်ဖိုးထားပါ။
ချစ်တယ်၊ ချစ်တယ်ဆိုတဲ့စကားဟာ လောကထဲမှာ လူသုံးအများဆုံးဆိုတာကို
အားလုံးသဘောတူ ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မေတ္တာတရားတွေစိမ့်ဝင်နေတဲ့
အချစ်ကိုတော့ အဲဒီ့ချစ်တယ်ဆိုတဲ့စကားလုံး
တိုင်းကိုယ်စားပြုနိုင်မယ်မထင်ပါဘူး။ အလိုရမ္မက်သက်သက်တွေကို
အချစ်လို့နာမည်တပ်လို့မရနိုင်ပေမယ့် လောကထဲက ချစ်ခြင်းများစွာမှာတော့
အလိုရမ္မက်တွေရဲ့အတိုင်းအတာက ကိုယ်စီကိုယ်ငှပါဝင်နေတတ်ကြ ပါတယ်။
အခုအချိန်အထိ ကျွန်တော်တို့တွေအားလုံး
အပြည့်အ၀အဓိပ္ပါယ်မဖွင့်ဆိုနိုင်ကြသေးတာဟာ `ချစ်တယ်´
ဆိုတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်က စိတ်ခံစားမှုအပိုင်းအစတွေကိုပါ။
ဘာပဲပြောပြော နိစ္စဓူဝကြားနေရတဲ့ အချစ်အကြောင်းတွေထဲမှာမေတ္တာတရားလေးပါ
နည်းနည်းလောက်ပေါင်းထည့်ပေးနိုင် ကြရင်ကောင်းမယ်လို့
ကျွန်တော်စဉ်းစားမိပါတယ်။ မေတ္တာဆိုတာ သူ့အကျိုးကိုလိုလားခြင်းပါ။
အဲဒါကြောင့် တကယ်သာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာအပြင်
မေတ္တာထားကြပြီဆိုရင် ဘ၀လမ်းခရီးတွေ သာယာဖြောင့်ဖြူးလာကြမှာ အမှန်ပါပဲ။
တချို့တွေက ချစ်ခြင်းမေတ္တာကိုတန်ဖိုးမထား တတ်ကြပဲ
စိတ်ဆန္ဒတွေရဲ့မဆုံးနိုင်တဲ့ ၀င်္ကဘာထဲမှာ ၀ဲလှည့်နေတတ်ကြပါတယ်။ နောက်ပြီး
ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားလေးကနေသုံးနှုန်းပြီး
ကာမဂုဏ်အာရုံတွေကြားထဲမှာပဲ ဘ၀ကို အလဟဿ
ဖြုန်းတီးပစ်နေတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့
စစ်မှန်တဲ့မေတ္တာတရားရဲ့ အရိပ်အောက်မှာ တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်တန်ဖိုးထားမှုတွေနဲ့ သာယာတဲ့ဘ၀လေးတွေကို ထူထောင်
နိုင်ကြစေချင်ပါတယ်။
*The most pleasing five-letter word is' Smile ' . Keep it.*
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။
အရမ်းစိတ်ညစ်နေတဲ့အခါမျိုး၊ အရမ်းစိတ်ဓါတ်ကျနေတဲ့အခါမျိုး၊
အရမ်းအားငယ်နေတဲ့အခါမျိုးတွေ မှာ တစ်ယောက်ယောက်ကနေကိုယ့်ကို
ရင်ထဲကနေပေါက်ဖွားလာတဲ့ အားပေးအပြုံးလေးတစ်ခုများပေး လိုက်ပြီဆိုရင်
စိတ်ထဲမှာ ဘယ်လောက်အထိကြည်နူးသွားတယ်ဆိုတာကို ကြုံဖူးသူတိုင်းသိကြမှာပါ။
အပြုံးတစ်ခုရဲ့ တန်ဖိုးနဲ့သက်ရောက်အားဟာ
တခါတခါမှာအံ့သြစရာကောင်းလောက်အောင်ကို ကြီးမား သွားတတ်ပါတယ်။
ကြားဖူးတဲ့ဖြစ်ရပ်လေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ မသန်မစွမ်းကလေးငယ်
တွေရဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ခြေထောက်သိပ်မသန်တဲ့ ကောင်လေးတစ်ယောက်က
ဝင်ပြေးပါတယ်။ ပြေးလမ်းတစ်လျှောက် သူအခါခါလဲကျလို့
ဘေးကနေအော်သံတစ်ခုကိုကြားရတဲ့အခါတိုင်း သူလှမ်းလှမ်း ကြည့်လိုက်ရင်
ပွဲကြည့်စင်ကနေသူ့ကိုပြုံးပြီး `ရောက်တော့မယ်သားရဲ့ ... ပြေးထား ...
ပြေးထား´ လို့ လှမ်းလှမ်းအော်နေတဲ့ သူ့အမေကို အမြဲတွေ့နေရပါတယ်။
သားနဲ့အတူ အမေကလည်း ပွဲကြည့်စင်ပေါ်မှာ ပြေးနေတာလေ။ အဲဒီ့ကောင်လေးဟာ
ဆုတံဆိပ်တွေမရခဲ့ပေမယ့် ပန်းဝင်အောင်ပြေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ...
အသက်အရွယ်ကြီးလာလို့ အောင်မြင်တဲ့စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်နေတဲ့
ခြေထောက်မသန်တဲ့သူ့ကိုမေးကြည့်တော့ ...။ `ကျွန်တော်
အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါတိုင်း ငယ်ငယ်တုန်းကပြေးပွဲကလေးမှာ
ပွဲကြည့်စင်တလျှောက် ကျွန်တော့်ကိုလိုက်အားပေးနေတဲ့ မေမေ့ရဲ့
အပြုံးမျက်နှာကို အမြဲတမ်းပြန်မြင်ယောင်နေတတ်တယ်။
မေမေ့ရဲ့အဲဒီ့အပြုံးကြောင့်ပဲ ကျွန်တော်ဒီဘ၀ကို ရောက်လာတာပေါဗျာ´ တဲ့။
လူတစ်ယောက် တစ်ခါတွေ့လိုက်တာနဲ့ တစ်သက်လုံးစွဲသွားစေမယ့် အပြုံးမျိုး
ကိုပြုံးနိုင်ဖို့ဆိုတာ တကယ်တော့မလွယ်လှပါဘူး။ အဲဒီ့အပြုံးဟာ
အသန့်စင်ဆုံးဖြစ်နေရမယ့်အပြင် စေတနာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေနဲ့
စာနာနားလည်မှုတွေလည်း သူ့အချိုးအဆနဲ့သူပါနေဖို့လိုပါ တယ်။ ကျွန်တော်တို့
လူတိုင်းကို အဲဒီ့လိုအပြုံးမျိုးနဲ့
ပြုံးပြနိုင်ဖို့လေ့ကျင့်ကြည့်ရအောင်လေ။
*The fastest spreading six-letter word is' Rumor ' . Ignore it.*
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့
`ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။
ပန်းသတင်းလေညင်းဆောင်၊ လူသတင်းလူခြင်းဆောင်ဆိုတဲ့စကားရှိပါတယ်။
ကျွန်တော်တို့ စဉ်းစားရမှာက ပန်းရဲ့မွှေးပျံ့တဲ့ရနံ့ကိုသယ်ဆောင်ပေးမယ့်
လေညင်းဟာ သူကိုယ်တိုင်သန့်ရှင်းစင်ကြယ် နေဖို့လိုပါတယ်။
အဲဒီ့လိုမှမဟုတ်ပဲ အဲဒီ့လေညင်းမှာ
အစကတည်းကအနံ့ဆိုးတစ်ခုခုများပါနေခဲ့ပြီဆိုရင် ပန်းရဲ့မွှေးပျံ့မှုသတင်းကို
သူအမှန်အတိုင်းသယ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ လူသတင်း
လူခြင်းဆောင်ကြတယ်ဆိုတဲ့နေရာမှာလည်း ယူဆောင်သွားတဲ့သူရဲ့ စိတ်အခြေအနေ
အဆိုးအကောင်း၊ အတိမ်းအစောင်းတွေက အဲဒီ့သတင်းတွေအပေါ်ကို အများကြီး
အကျိုးသက်ရောက်သွားတတ်ပါတယ်။ စကားတစ်ခုကို ဒီကနေဟို၊ ဟိုကနေဒီ
ပို့တဲ့အခါမှာကိုယ့်ရဲ့ခံစားချက်တွေ၊ ထင်မြင်ချက်တွေကိုပါ
ထပ်ပေါင်းထည့်တတ်ကြတာ လူတွေရဲ့သဘာဝပါ။ ဒီလိုနဲ့ပဲ
ကောလဟာလဆိုတာတွေဖြစ်လာတယ် လို့ကျွန်တော်တော့ထင်ပါတယ်။
ပါးစပ်တွေကလည်းပြောနေကြသလို၊ နားတွေကလည်းကြားနေကြရလေ တော့
အမြန်ဆုံးအလျင်နဲ့ ပျံ့နှံ့နေတတ်တဲ့ အဲဒီ့ကောလဟာလ
ဆိုတာတွေကိုကျွန်တော်တို့အနေနဲ့ တားဆီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
အဲဒီ့တော့ ဘယ်လိုလုပ်ကြမလဲ၊ ကိုယ့်အကြောင်း မကောင်းသတင်း
တစ်ခုခုများကြားရပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး
အဲဒီ့ဝေဖန်သံတွေထဲက ပိုနေတာတွေ အားလုံးကို
လျစ်လျှူရှုပစ်နိုင်ဖို့ကြိုးစားရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့
ကိုယ်ရဲ့ ဂုဏ်သိက္ခာကို ကိုကိုယ်တိုင်အပြည့်အ၀ယုံကြည်နေမယ်ဆိုရင် ဘယ်လို
ကောလဟာလမျိုးကိုမှ ကျွန်တော်တို့ မှုစရာလိုမယ် မထင်ပါဘူး။
*The hardest working seven-letter word is' Success' . Achieve it.*
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး
အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို
အရယူပါ တဲ့။
Give and take ဆိုတဲ့လောကရဲ့ အပေးအယူသဘောတရားတွေဟာ
ဘယ်သူမှလွန်ဆန်လို့မရနိုင် တဲ့ နိယာမတွေပါ။ ကိုယ်ပေးလိုက်ရတာနဲ့
ပြန်ရလိုက်တာတို့ရဲ့ အချိုးအစားညီမျှမှု၊ မညီမျှမှုကတော့ ကံတရားနဲ့
ဥာဏ်ရည်တို့အပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဥာဏ်နဲ့ယှဉ်တဲ့
ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုတို့ရဲ့နောက်မှာ
ထိုက်တန်တဲ့အောင်မြင်မှုဆိုတာဟာ အနှေးနဲ့အမြန်ကပ်ပါလာတတ် ပါတယ်။
ပန်းတိုင်တစ်ခုကိုရောက်ဖို့ ကျွန်တော်တို့တွေ ကြမ်းတမ်းတဲ့လမ်းမှာ
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လျှောက်ရတာမျိုးတွေရှိပါတယ်။
ရည်မှန်းချက်တွေပြည့်ဝဖို့ ခံစားချက်တွေနဲ့ စိတ်ဆန္ဒအချို့ကို
ဘေးခဏပို့ထားပြီး ခြောက်သွေ့တိတ်ဆိတ်တဲ့ခရီးကို တစ်ယောက်တည်းစီးဆင်းရတာ
မျိုးတွေလည်းရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ... အရင်းနှီးတိုင်းဟာ
အရှုံးအတွက်ဖြစ်လာကြတာ မဟုတ်ပါဘူး။ အောင်မြင်မှုဟာ ကျွန်တော်တို့နဲ့
အတော်လှမ်းချင်လှမ်းနေလိမ့်မယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့
လက်တကမ်းကိုရောက်လာရမှာပါပဲ။ ကျွန်တော်တို့မျှော်ရည်ရာ
ခရီးဆုံးတစ်ခုစီကို ရောက်ဖို့ အပြင်းအထန်ကြိုးစားကြမယ်။ ပြီးရင် ...
အဲဒီ့အောင်မြင်မှုဆိုတာကြီးကို အတူတူအရယူကြမယ်။
*The most troublesome eight-letter word is ' Jealousy'. Distance it.*
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။
မနာလိုဝန်တိုမှုဆိုတာ တကယ်တမ်းကျတော့
ကိုယ့်ဒုက္ခကိုယ်ရှာချင်ကြတဲ့သူတွေမွေးတတ်ကြတဲ့ စိတ်ထားပါ။
စိတ်ကိုအရမ်းပူလောင်စေပြီး၊ တခါတခါမှာ
မကောင်းမှုတွေကိုပါဖိတ်ခေါ်လာတတ်ပါတယ်။ သူတပါးရဲ့ အောင်မြင်မှု၊
ကျော်ကြားမှု၊ ထင်ပေါ်မှုနဲ့ အရည်အချင်းတွေကို အားကျတယ်၊ အတုယူတယ်
ဆိုတဲ့အဆင့်ထက်ပိုပြီး မနာလိုဝန်တိုမှုဆိုတဲ့ မစ္ဆရိယစိတ်ဝင်လာပြီ ဆိုရင်
အဲဒီ့လူနဲ့ အခြားသူတွေရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုဦးတည်သွားပါပြီ။
မနာလိုမရှုဆိတ်တဲ့စိတ်ရဲ့ ဆန့်ကျင်ဘက်ကတော့ မုဒိတာတရားပါ။
ကျွန်တော်တို့တွေအနေနဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားအားထုတ်မှု၊
ဇွဲနပဲကြီးမှု၊ ဥာဏ်အမျော်အမြင်ရှိမှုတို့ရဲ့ အကျိုးဆက်တွေကို
ကံကြမ္မာရဲ့အနှောက်အယှက်ကင်းကင်းနဲ့ သူတပါးတွေ ခံစားနေကြရပြီဆိုရင်
အဲဒါကိုမုဒိတာပွားနိုင်ဖို့လိုပါတယ်။ အဲဒီ့လိုမဟုတ်ပဲ ကိုယ်ကသူ့ကို
မနာလိုမရှု့ဆိတ် ဖြစ်မိပြီဆိုတာနဲ့ အဲဒီ့လူရဲ့
အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းတွေက ကိုယ့်ခေါင်းထဲကို အလိုလို
ရောက်လာတတ်ပါတယ်။ ကိုယ့်ထက်မြင့်သွားမှာကို စိုးရိမ်တဲ့အတွက်
အပင်တိုင်းကို အညွန့်ချိုးပစ်ချင်နေတဲ့ စိတ်ဓါတ်ဟာ ကမ္ဘာလောကအတွက် အလွန်ပဲ
အန္တရယ်ကြီးပါတယ်။ အဲဒီ့တော့ ကိုယ့်ကိုရော သူတပါး
ကိုပါအန္တရာယ်တွေအမျာကြီးပေးနိုင်တဲ့ မစ္ဆရိယစိတ်(မနာလိုဝန်တိုစိတ်) တွေနဲ့
ဝေးသထက်ဝေးဝေးနေ နိုင်အောင် ကျွန်တော်တို့ကြိုးစားကြရပါလိမ့်မယ်။
ကိုယ့်ထက်တော်တဲ့သူတွေကို မော့ကြည့်ပြီး လက်ခုပ်တီးပေးနိုင်ဖို့နဲ့
ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို ငုံ့ကြည့်ပြီး
လက်ကမ်းဆွဲတင်ပေးနိုင်ဖို့အတွက် မြင့်မြတ်တဲ့စိတ်ထားတွေ
ကျွန်တော်တို့မွေးဖို့လိုလာပြီ။
*The most powerful nine-letter word is ' Knowledge'. Acquire it.*
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။
လူမှာ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လေ့လာမှတ်သားနိုင်စွမ်းနဲ့
အသိပညာဗဟုသုတတို့သာမရှိရင် အဲဒီ့လူဟာ တိရစ္ဆာန်နဲ့ ခြားတော့မှာမဟုတ်ပါဘူး။
သိခြင်းနဲ့ မသိခြင်းကို သေးငယ်လှတဲ့စက္ကန့်ပိုင်း ကလေးကသာ
ပိုင်းခြားထားတာဖြစ်ပေမယ့် သိသူနဲ့ မသိသူတို့ရဲ့ ကွာခြားမှုကတော့
မနှိုင်းယှဉ်သာအောင် ကိုများပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင်တော့
အလုပ်အင်တာဗျူးတစ်ခုမှာ နောက်ဆုံးဆန်ခါတင် နှစ်ယောက်ပဲကျန်တော့ပါတယ်။
အဲဒီ့အထဲက တစ်ယောက်တည်းကိုသာရွေးမှာပါ။ ဘယ်သူ့ကိုရွေးရမလဲလို့
ဝေခွဲရခက်နေတဲ့အလုပ်ရှင်က သူတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့
အလုပ်နဲ့ပတ်သက်တဲ့အရေးအကြီးဆုံး
မေးခွန်းတစ်ခုမေးမယ် ဖြေနိုင်တဲ့သူကို အလုပ်ခန့်မယ်လို့ပြောပါတယ်။
ပြီးတော့ သူမေးခွန်းတစ်ခုတည်းကို တစ်ယောက်ခြင်းစီမေးလိုက်ပါတယ်။
တစ်ယောက်က ဖြေနိုင်လို့အလုပ်ရသွားပြီး ၊ တစ်ယောက်က မဖြေနိုင်တဲ့အတွက်
နောက်လှည့်ပြန်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကိုကြည့်မယ်ဆိုရင် ပိုသိတဲ့သူက
ပိုသာသွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် မသိတဲ့သူကလည်းအလုပ်ရှင်က
အဖြေကိုပြောပြ လိုက်တဲ့အတွက် စက္ကန့်ပိုင်းအတွင်းမှာပဲသိသွားပြီဖြစ်ပါတယ်။
သူ့ရဲ့ မသိခြင်းဟာ တစ်စက္ကန့်အတွင်းမှာပဲ
သိခြင်းအဖြစ်ကိုကူးပြောင်းသွားခဲ့ပေမယ့် အခွင့်အရေးတစ်ခုကိုတော့
သူဆုံးရှုံးခဲ့ရပါပြီ။ ဒီသဘောတရားကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ
ငါဘာမှမသိပါလားဆိုပြီး အားငယ်စိတ်ပျက်နေစရာမလိုပေမယ့်
ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ အရာအားလုံးကို
တတ်နိုင်သမျှမျက်ခြေမပျက်အောင် အမြဲတမ်း
ကြိုးစားနေရမယ်ဆိုတာကိုတော့နားလည်ရပါတယ်။
*The most essential ten-letter word is ' Confidence'. Build it.*
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့
`ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။
ယုံကြည်မှုဆိုတဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှုနဲ့
သူတပါးနဲ့မိမိအကြားအပြန်အလှန်ယုံကြည်မှု ဆိုပြီးနှစ်မျိုးရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ အဲဒီ့နှစ်မျိုးစလုံးကို အခိုင်မာဆုံးဖြစ်အောင်
တည်ဆောက်ယူ နိုင်ပါမှ အမြင့်မားဆုံးအောင်မြင်မှုတွေကို လက်ဝယ်ခိုင်ခိုင်
ပိုင်ဆိုင်နိုင်မှာပါ။ အဲဒီ့နှစ်ခုကလည်း တစ်ခုနဲ့တစ်ခု
အများကြီးဆက်စပ်မှုရှိနေပါတယ်။ မိမိကိုယ်မိမိ
ယုံကြည်မှုအပြည်အ၀မရှိတဲ့သူတစ်ယောက် ဟာ သူတပါးတွေရဲ့
ယုံကြည်မှုကိုရနိုင်ဖို့ခဲယဉ်းပါတယ်။ အဲဒီ့လိုပဲ
မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအားလုံးက
မိမိအပေါ်အယုံအကြည်ကင်းမဲ့လာကြပြီဆိုရင်လည်း မိမိကိုယ်မိမိ
ယုံကြည်ထားမှုတွေဟာ တစတစနဲ့ပျက်ယွင်းလာတတ်ပါတယ်။
ယုံကြည်မှုတစ်ခုချို့ယွင်းပျက်စီးသွားပြီဆိုရင် အရင်အတိုင်းဖြစ်အောင်
ပြန်လည်တည်ဆောက်ယူဖို့ဆိုတာဟာ
တော်ရုံတန်ရုံစိတ်အားသတ္တိမျိုးနဲ့မဖြစ်နိုင်ပါဘူး။ ဘယ်လိုဆက်ဆံရေး
မျိုးမှာပဲဖြစ်ဖြစ် မရှိမဖြစ်အလိုအပ်ဆုံးအရာဟာ ယုံကြည်မှုပါ။
တစ်ဦးကိုတစ်ဦးယုံကြည်မှုနဲနဲလေးမှ မရှိဘူး ဆိုရင်
အရှည်သဖြင့်လက်တွဲရှေ့ဆက်ဖို့ဆိုတာမလွယ်ပါဘူး။ အဲဒီ့တော့
ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးအကြီးဆုံးနဲ့ ပထမဦးဆုံးစလုပ်ရမယ့်အလုပ်က
ပြည့်ဝတဲ့အပြန်အလှန်ယုံကြည်မှုတစ်ခုကို အခိုင်မာဆုံး
တည်ဆောက်ယူဖို့ပဲဖြစ်ပါတယ်။ ပြည့်ဝတဲ့ယုံကြည်မှုတိုင်းဟာ ပြတ်သားတဲ့
နှုတ်ထွက်စကားတွေကိုဖြစ်စေ ပါတယ်။ ဗုဒ္ဓမြတ်စွားဘုရားကို
ဥပမာထားပြီးပြောရမယ်ဆိုရင် ဗုဒ္ဓရဲ့တပည့်သာဝကတိုင်းအားလုံးလိုလိုဟာ
ဘယ်သူကပဲဖြစ်ဖြစ် `သင်တို့ရဲ့ဆရာ ဘယ်သူလဲ´ လို့မေးလာတဲ့အခါတိုင်း ...။
`ဂေါတမဘုရားရှင်သည် ငါတို့၏ဆရာဖြစ်သည်´ လို့ဖြေကြမြဲပါ။ ဒါဟာ
ပြည့်စုံကုံလုံတဲ့ ယုံကြည်ခြင်းတစ်ခုကနေတဆင့် စီးဆင်းလာတဲ့
ရင်ထဲကစကားလုံးတွေပါ။ကျွန်တော်တို့တွေအားလုံး သံသယတွေ၊ ဒွိဟတွေ၊
တွေဝေမှုတွေ စတဲ့ စတဲ့ မရေရာမပြတ်သားတဲ့အရာမှန်သမျှကို
ပြည့်ဝတဲ့ယုံကြည်မှုတွေကို တည်ဆောက်ယူကြရင်း ရှင်းလင်းပစ်ကြရအောင်လေ။
*သူငယ်ချင်း ....... ပို့လိုက်တဲ့ စာကြောင်းလေး ၁၀ကြောင်းကတော့
ဒီမှာပဲပြီးဆုံးသွားပါပြီ။ မူရင်းစာကြောင်းတွေက
ဘယ်သူတွေရေးထားတယ်ဆိုတာမသိရပါဘူး။ ကျွန်တော်အနေနဲ့ အဓိပ္ပါယ်လေးတွေ
ပိုကောင်းသွားအောင်ဆိုတဲ့စိတ်နဲ့ စကားလုံးနှစ်လုံးကိုတော့
ပြောင်းခဲ့ပါတယ်။ ဒီစာကြောင်းလေးတွေကို ဖတ်ဖူး၊ မြင်ဖူး၊
ကြားဖူးကြသူတွေလည်းအများအပြားရှိကြမှာပါ။ အဲဒါကို
ကျွန်တော်ကဘာ့ကြောင့်များ ဒီလောက်တောင် အကျယ်ချဲ့ပြီး
ထပ်ဆွေးနွေးနေရတာလဲလို့မေးလာရင်တော့ ... ကျွန်တော်စကား တစ်ခွန်းတည်းနဲ့ပဲ
အဖြေပေးခဲ့ပါရစေ။*
*``စာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရပြီးတာနဲ့ သြော် ... ဒါလား
ဆိုတဲ့အဆင့်မှာတင်ရပ် မထားပဲဆက်တွေးကြဖို့နဲ့
ဖြစ်နိုင်ရင်လက်တွေ့ကျင့်သုံးကြဖို့ အားလုံးကိုတိုက်တွန်းချင်လို့ပါ ´´။*
*ရင်းနှီးမှူ့အပေါင်းဖြင့် *
*ရောင်နီ၀၇*
--
This Post Forward Mail ...
11/14/2009
Ideal Marriage
ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. .
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides
1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန်
လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့
အိမ်ထောင်ရေးမျိုးကို ရမှာပါ။
2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့
တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ တစ်ယောက်ဟာ
ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့
မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို စွပ်စွဲချက်တွေနဲ့
စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်မရဘဲ trouble maker
သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ
စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ အလေးအနက်ထား အချိန်ယူ
စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊
အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်
အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့ သတိထားရင်း
အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။
3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။
တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့
လက်တွေ့ကျကျ ဘ၀ကို စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။
သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့် မရှိတဲ့အခါ
အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး
ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။
4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။ ဒါပေမယ့်
ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့်
ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊
5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး အတွေ့အကြုံ
ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူး ဆိုရင်
ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ ခေါင်းအေးအေးနဲ့
စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ သဘောကျတယ်ဆိုရင်တော့ OK ပေါ့။
No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က အချက်အားလုံးနဲ့
ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အားလုံးပြည့်စုံဖို့
မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး ရှိရမှာပေါ့နော်။
ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်
အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို ဆိုရင်တော့
ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့
ကဲ . .. အားလုံးပဲ ကိုယ့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကို
ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
Forward Mail ကနေရတာပါ..သူငယ်ချင်းများကိုမျှဝေချင်လို့တင်ပေးလိုက်တာပါ..
ဒါမှမဟုတ်..ဆိုတာ ???(နားလည်ရခက်ကြီးပါလား...ဟိဟိ)
ဆရာဝန်မလေးမှ မေးလိုက်သည်။ ]] ကဲ ကျွန်မဘာကူညီပေးရမလဲ }}
အမျိုးသမီးမှ အနည်းငယ်ရှက်ရွံ့စွာဖြင့် ]] ဒေါက်တာ...
ကျွန်မတို့နှစ်ယောက်မှာ အိမ်ထောင်ရေးသုခ အတွက် အဆင်မပြေဖြစ်နေလို့ပါ }}
ဒေါက်တာ။ ။ ရှင်တို့အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ
အမျိုးသမီး။ ။ ၁ - နှစ်လောက်ရှိပါပြီရှင်
ဒေါက်တာ။ ။ ကလေးတွေရောရှိပြီလား
အမျိုးသမီး။ ။ မရှိသေးပါဘူးရှင်
ဒေါက်တာ။ ။ မိဘတွေနဲ့ အတူနေတာလား
အမျိုးသမီး။ ။ မဟုတ်ပါဘူး ဒေါက်တာ၊ နှစ်ယောက်တည်းနေတာပါ
ဒေါက်တာ။ ။ ဟုတ်ပြီလေ၊ ကျွန်မ နှစ်ယောက်လုံးကိုဆေးစစ်ချက်လိုချင်တယ်။
အစ်မကို အရင်စစ်ဆေးကြည့်မယ်လေ
ခဏအကြာ စမ်းသပ်ခန်းထဲမှ ထွက်လာပြီးနောက်
ဒေါက်တာ။ ။ အစ်မမှာတော့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး
ချွတ်ယွင်းချက်မရှိပါဘူး။ သိပ်စိတ်ညစ်မခံပါနဲ့။ ဒီလောက်ဆိုရပါပြီ။ ကဲ
အစ်မ အမျိုးသားကို စစ်ဆေးကြည့်ရအောင်
၎င်း၏အမျိုးသားကို ဒေါက်တာမှ စမ်းသပ်ခန်းသို့ခေါ် သွားလေသည်။
ဒေါက်တာ။ ။ ရှင် ဆေးလိပ်သောက်သလား
အမျိုးသား။ ။ မသောက်ပါဘူး ဒေါက်တာ
ဒေါက်တာ။ ။ အရက်ကော
အမျိုးသား။ ။ တခါတလေတော့ သောက်ပါတယ်။ ဒါပေမယ့် တော်တော် နဲပါတယ်။
ဒေါက်တာ။ ။ ရှင်မှာ အလုပ်နဲ့ ပတ်သတ်ပြီးတော့ကော
စိတ်ဖိစီးမှုတော်တော်များလား၊ ပြီးတော့ ရှင်ရဲ့ နေ့တဓူဝ ဖြတ်သန်းပုံလေး
နဲနဲလောက်ပြောပြနိုင်မလား။
အမျိုးသား။ ။ ကျွန်တော့် အလုပ်ထဲမှာတော့ သိပ်ပြီး ပရက်ရှာ
အများကြီးမရှိပါဘူး။ နေ့စဉ် ဖြစ်ပျက်ပုံလေးတွေကိုတော့ ဒေါက်တာသိချင်ရင်
ကျွန်တော်ပြောပြပါ့မယ်။
]] ဒီလိုပါ ဒေါက်တာ၊ ကျွန်တော် မနက်အိမ်က ထွက်လို့ ရုံးသွားဖို့
ကားမှတ်တိုင်ရောက်ရင် ဆုံဆုံနေတတ်တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူက
ကျွန်တော့်ကိုတွေ့ရင် နှုတ်ဆက်ပြီး
]] ရှင် ရုံးကို အရင်သွားမလား၊ ဒါမှမဟုတ်......... }} လို့မေးတယ်။
ကျွန်တော် ]ဒါမှမဟုတ်} ကိုရွေးလိုက်တယ်။
ရုံးရောက်တယ်ဆိုရင်ပဲ ကျွန်တော့် အတွင်းရေးမှူးမလေးက ဖိုင်တွေ
တထပ်ကြီးကိုယူလာပါရော။ ]] ဆရာ၊ စာရင်းတွေ အရင်စစ်မလား၊ ဒါမှမဟုတ်
...........}}။ ကျွန်တော် ဒါမှမဟုတ် ကိုရွေးလိုက်တယ်။
နေ့လည် ထမင်းစားချိန်ရောက်တော့ ရုံးဘေးက စားသောက်ဆိုင်ကနေ ကျွန်တော့်
အတွက် နေ့လည်စာမှာစားတယ်။ ဆိုင်က စားပွဲထိုးကောင်မလေးက
နေ့လည်စာလာပို့ရင်း
]] အကို ထမင်းအရင်စားမလား၊ ဒါမှမဟုတ်..........}} ကျွန်တော် ဒါမှမဟုတ်ကိုပဲရွေးတယ်။
တနေကုန် ရုံးမှာ အလုပ်တွေလုပ်ပြီးပြန်တော့ အိမ်ကိုရောက်တယ်ဆိုရင်
ကျွန်တော့် အမျိုးသမီးက အလုပ်ချိန်နောက်ကျတဲ့အတွက် မရောက်သေးပါဘူး။
တစ်ယောက်တည်း အိမ်တံခါးကိုသော့ဖွင့်နေတုန်း ဘေးခန်းက
အမျိုးသမီးကတံခါးဖွင့်ပြီး လှမ်းမေးတယ်။
]] ရှင် အိမ်ထဲအရင်ဝင်တော့မှာလား၊ ဒါမှမဟုတ်......... }}။
မပြောင်းလဲတတ်တဲ့ ကျွန်တော်က ]ဒါမှမဟုတ်} ကိုပဲရွေးလိုက်တယ်။ အဲ ပြသနာက
ကျွန်တော့် အမျိုးသမီး ပြန်လာတဲ့အချိန်ကျရင် ကျွန်တော်က အိပ်ယာထဲမှာ
အိပ်မောကျနေတတ်တာပဲ။
ဒေါက်တာက လူနာအမျိုးသားကို သေချာကြည့်ရင်းမေးလိုက်သည်။
]] ရှင် ဆေးစစ်ချက်အရင်ယူချင်သလား၊ ဒါမှမဟုတ် .............. }}
-
(Forward Mail လေးကို ပြန်တင်ပေးတာပါ)
ဖတ်ကြည့်ပါ
သူငယ်ချင်းရေ
ရောင်းအား မကောင်းတော့တဲ့
ဈေးကွက် တစ်ခုအတွက်တော့
စိတ်မလေနဲ့
Baiyoke အပေါ်က Bar မှာတောင်
လူမရှိတာ ကြာပြီဟ။
သူငယ်ချင်းရေ
ဒီနေ့ အရင်လို ဟင်းမစုံလို့
မစားချင် ဘူးမလုပ်နဲ့
ထမင်းရည် သောက်နေတဲ့ သူတွေ
ပိုပို များလာတာ မမေ့နဲ့ဟ။
သူငယ်ချင်းရေ
ရှိစုမဲ့စုတွေ ရောင်ခိုင်းပြီး
Abroad Study တော့ မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D
ဟိုမှာ တတ်ချင် လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့
သူတွေရှိတယ် ဟ။
သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက်ပ လို့တော့
ဂဂျီ ဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲဒါလိုချင်လို့
တန်းဆီနေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။
သူငယ်ချင်းရေ
မိဘ စကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ် မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။
သူငယ်ချင်းရေ
မင်း Boyfriend , Girlfriend ( Wife, Husband )
ရဲ့ မေတ္တာစစ် ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်း
ယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ
၁ ချီစား ၂ ချီစား
အရင် Fancy နောက် Fancy
အရင် Hubby နောက် Hubby
ရဲ့ ဇယားတချို့ရှိနေလေရဲ့ဟ။
သူငယ်ချင်းရေ
မင်းကို အမှန်အတိုင်းခင်းပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ
ချို သကာပျားနဲ့
လိုရာစားမယ့်
ဂွင် တချို့ မ၀င်မိစေနဲ့ဟ။
ဒီခေတ်မှာက
ဇွဲရှိဖို. ကြိုးစားဖို.
စိတ်ရှည်ဖို့တော့လိုတယ်
အဲ တချို့က အဲဒီလို ကြိုးစားရင်း
လက်ရှိနေရာရဲ့ တန်ဖိုးကို
မေ့သွားလေရဲ့။
နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေ လေရဲ့။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ ကွာ...။ ။
9/23/2009
မရောက်ဖြစ်တာ ကြာပါပေါ့ဗျာ
ကျွန်တော့် ဘလော့လေးထဲကို ကျွန်တော်ကိုယ်တိုင် ၀င်မကြည့်ဖြစ်တာ အတော်ကြာခဲ့ပြီပဲဗျာ ..
ဒါပေမယ့် ကျွန်တော့် ဆီကို လာလည်တဲ့ သူငယ်ချင်းများကို တွေ့ရတော့ အရမ်းဝမ်းသာမိပါတယ်..
ကျွန်တော်လည်း မကြာခင် ဒီဘလော့လေးကို ပြန်လည်ရှင်သန်စေဖို့ ကြိုးစားနေပါတယ်..
2/13/2009
Happy Birthday to Our Father
ကျွန်ုပ်တို့အားလုံးရဲ့ဖခင် .. ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၄ နှစ်ပြည့် မွေးနေ့အမှတ်တရ
ဘယ်တော့မှ မေ့လို့မရတဲ့ ကျွန်ုပ်တို့ရဲ့ဖခင် .. ဘာကြောင့်မှ မေ့လို့မဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ ဖခင်
အို ဖခင် .. ကျွန်ုပ်၏ အသက်အရွယ်မျိုးမှာ ဖခင်သည် တိုင်ပြည်အတွက် . တိုင်းရင်းသားလူမျိုးတွေအားလုံးအတွက်
အသက်ကိုပင် ပဓါနမထား တက်ကြွစွာ တိုက်ပွဲဝင်နေလေပြီ ..
ကျွန်ုပ်သည်ကား . . .
2/12/2009
ပြည်ထောင်စုနေ့
ငယ်ငယ်တုန်းက ကြားခဲ့ဖူးပါတယ် " ပြည်ထောင်စုနေ့ ဒို့ မမေ့ " တဲ့
ကချင် . ကယာ . ကရင် . ချင်း . မွန် . ဗမာ . ရခိုင် . ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွက် .. တိုင်းရင်းသားတွေ စုပေါင်းညီညာ ချစ်ကြည်ရင်းနှီးစွာ နေနေသမျှ ကာလပတ်လုံး .. ပြည်ထောင်စုနေ့ဆိုတာ မေ့စရာမဟုတ် ...
ဒီနေ့ မနက်ဈေးကိုသွားရင် လမ်းတစ်လျှောက် မြန်မာနိုင်ငံအလံတွေ မြင်လိုက်ရတော့ ..
ဘာပါလိမ့် . ဘာလုပ်တာပါလိမ့် လို့ စဉ်းစားမိပါတယ် .. ပြီးမှ သွားသတိရမိတယ် ..
ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊ ဒါဆို ပြည်ထောင်စုနေ့ ပေါ့ ..
ငယ်ငယ်တုန်းက ပြည်ထောင်စုနေ့အခမ်းအနားတွေကို သွားသတိရမိတယ် .. ပြည်နယ်နှင့်တိုင်းအနှံ့ ပြည်ထောင်စုအလံတော် သယ်ယူပွဲ အခမ်းအနားတွေကို ရက်ပေါင်းများစွာကတည်းက ကျင်းပနေကြပြီ .. တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဖြစ်ကြသည်။
အရင်တုန်းက ကျောင်းသားတွေဆို ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ .. ပြည်ထောင်စုနေ့ရဲ့ အဓိပ္ပါယ်တွေကို ကောင်းကောင်းသိကြသည် .. အမှတ်တရလည်း ရှိနေကြသည်။
ယနေ့ကာလ ကျောင်းသားလေးတွေမှာတော့ ...
ဆရာမ - ဒီနေ့ဘာနေ့လဲ
ကျောင်းသား/သူများ - ဖေဖော်ဝါရီလ ၁၂ ရက်နေ့ပါ
ဆရာမ - ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ဆိုတာ ကိုရော သိကြလား
ကျောင်းသား/သူများ - သိပါတယ် ဆရာမ
ဆရာမ - ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် ဘာလို့ သိတာလဲ
ကျောင်းသား/သူများ - အိမ်တိုင်းမှာ အလံထောင်ထားလို့ပါ ဆရာမ
ဆရာမ - ပြည်ထောင်စုနေ့ ဘယ်ကစတင်ဖြစ်ပေါ်လာသလဲဆိုတာကိုရော သိကြရဲ့လား
ကျောင်းသား/သူများ - ရပ်ကွက်ရုံးက စတင်ပါတယ် ဆရာမ ၊ ရပ်ကွက်ရုံးက လိုက်ပြောပါတယ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ဖြစ်တဲ့အကြောင်း . အိမ်တိုင်းအိမ်တိုင်း အလံထောင်ရမယ် ဆိုတဲ့အကြောင်းတွေကြောင့်ပါ ဆရာမ။
(ဘာကြောင့်ရယ်မှ မဟုတ်ပါဘူး .. စိတ်ကူးထဲ ပေါ်လာတာလေး ရေးမိတာပါ)
2/01/2009
စာအုပ်ကောင်းတွေ Download ဆွဲဖို့
မြန်မာဘာသာနဲ့
ဝတ္ထုတွေ .. ကာတွန်းတွေ .. ကွန်ပျူတာနည်းပညာဆိုင်ရာစာအုပ်တွေ ..
ဘလော့ဂ်ရေးနေစာအုပ်တွေ ..
တခြား ဘာညာ . ဘာညာ .. စသည်ဖြင့် နှစ်သက်ရာ ရှာဖွေ ဒေါင်းလုပ်ချ ဖတ်ရှုနိုင်ပါတယ် ..
Books Hive မှာ ၀င်ကြည့်ပါ ..
ဇနီးလောင်း မိန်းမကောင်း
ရွေးချယ်ရမည့် မိန်းမကောင်း ၊ ရှာဖွေရမည့် ဇနီးလောင်း
ဆရာ ဦးထွန်းလှ ရေးထားတဲ့ စာအုပ်လေးပါ ..
ဒီနေရာမှာ Download လုပ်ပါ ။
1/18/2009
Folder Background ပြောင်းခြင်း
အများအားဖြင့် Windows XP ရဲ့ Folder တွေမှာ နောက်ခံ background က အဖြူရောင် ဖြစ်နေတတ်ပါတယ်။ အဲဒီ အဖြူရောင်ကြီးအစား မင်းသမီးပုံလေးတွေ၊ ရှုခင်းပုံလေးတွေ ပြောင်းချင်ရင် ပြောင်းလို့ရပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်းလိုပေါ့။
၁။ notepad ကိုဖွင့်ပါ။
၂။ [{BE098140-A513-11D0-A3A4-00C04FD706EC}]
Iconarea_Image=”.\a.jpg” လို့ ရိုက်ပါ။
၃။ a.jpg မှာ အခြား file name ရိုက်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီ ဖိုင်ဟာ နောက်ခံပုံပြောင်းမယ့် Folder ထဲမှာ ရှိနေရပါမယ်။ အပေါ်က ပုံမှာဆိုရင် မင်းသမီးပုံရဲ့နာမည်က a.jpg ဖြစ်ပါတယ်။
၎။ ပြီးရင် နောက်ခံပုံပြောင်းချင်တဲ့ Folder ထဲမှာ desktop.ini အနေနဲ့ Save လုပ်ပါ။
၅။ ဒါဆို နောက်တစ်ခါ ကိုယ့် Folder လေးကို ဖွင့်ကြည့်ရင် နောက်ခံပုံလှလှလေးနဲ့ ဖြစ်သွားပါပြီ။
ဒီနေရာလေးက တွေ့လို့ပါ..
Removable Disk Icon ပြောင်းလဲခြင်း
ကျွန်တော်တို့ လူငယ်တွေတော်တော်များများဆီမှာ MP3 Player ၊ MP4 Player ၊ Memory Stick တွေ အသီးသီး ကိုင်ဆောင်ထားကြပါတယ်။ အဲဒါတွေ ကွန်ပျူတာနဲ့တွဲတဲ့အခါ My Computer မှာ Removable Disk လို့ပေါ်လာတယ်။ ဒါပေမဲ့ Icon ကြီးက မလှဘူး။ အဲဒီ Icon အစား ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံလေးကို ထည့်ကြည့်ရအောင်။
အောက်မှာ ပြထားတဲ့ ပုံလေးလိုပေါ့။

လိုအပ်သော Software များ
၁။ Icon Workshop
၂။ Notepad
ပထမဆုံး မိမိပုံကို Icon အဖြစ်ပြောင်းလဲခြင်း
၁။ Iconworkshop ဆိုတဲ့ Program လေးကို ဒီမှာနှိပ်ပြီး Download လုပ်ပါ။ ကွန်ပျူတာမှာ Install လုပ်ပါ။ Program ကို ဖွင့်ပါ။
၂။ File>Open ကို နှိပ်ပါ။ ကိုယ့်ဓာတ်ပုံကို ရွေးပါ။ Open ကို နှိပ်ပါ။
၃။ ပုံပွင့်လာရင် Ctrl+A နှိပ်ပါ။ ပြီးရင် Keyboard ကနေ I ကို နှိပ်ပါ။
၎။ Extra Format Area မှာ 128*128 ကို အမှန်ခြစ်ပေးပါ။
၅။ ပြီးရင် OK နှိပ်ပါ။ File ကနေ Save ကို နှိပ်ပါ။
၆။ သိမ်းမယ့်နေရာကို ကိုယ့်ရဲ့ Memory Stick နေရာကို ရွေးပေးပါ (G: တို့ F: တို့ ဖြစ်ဖို့များပါတယ်)။ Sub folder ထဲမသိမ်းပါနဲ့။ File Name ပေးပါ။ Save ကို နှိပ်ပါ။
ဒါဆိုရင် ဓာတ်ပုံကနေ Icon ပြောင်းတဲ့ လုပ်ငန်းစဉ် ပြီးသွားပါပြီ။
နောက်တစ်ဆင့်အနေနဲ့ MP3 MP4 Memory Stick ထဲထည့်ကြည့်ရအောင်
၁။ Notepad ကို ဖွင့်ပါ။
၂။ [Autorun]
icon=xxx.ico လို့ရိုက်ပါ။ xxx တွင် အစောက ပြောင်းထားသော icon file name ကို အစားသွင်းရပါမည်။
၃။ File မှ Save ကိုနှိပ်ပါ။ သိမ်းမည့်နေရာကို Memory Stick ၏နေရာ ရွေးပေးပါ။ Sub folder ထဲ မသိမ်းပါနှင့်။
၎။ File name ကို autorun.inf လို့ ရိုက်ပြီး Save ကို နှိပ်ပါ။
ဒါဆိုပြီးသွားပါပြီ။ Memory Stick ကို ဖြုတ်ပါ။ Computer တွင် ပြန်တပ်ပါ။ My Computer ကိုဖွင့်ကြည့်လိုက်ပါဦး။
ကျွန်တော် ဒီနေရာက တွေ့ရှိတာကို ပြန်တင်ပြတာပါ ..
1/14/2009
ဝလား ပိန်လား စစ်ရအောင်
ကဲသူငယ်ချင်းတို့ရေ ..
ပိန်တဲ့သူက ၀ချင်တယ် .. ၀တဲ့သူက ပိန်ချင်တယ်တဲ့
ဘယ်သူတွေက ဘယ်လိုပဲပြောပြော .. ကိုယ့် ခန္ဓာကိုယ် နဲ့ ကိုယ်အရပ် လိုက်ဖက်မှုရှိ မရှိ
ကိုယ် တကယ်ပိန်လား . ၀လား သိချင်ရင် ဒါလေးနဲ့ စမ်းကြည့်ရအောင်
ပုံပေါ် နှိပ်ပြီး Download ချပါ ..