8/06/2008

လမ်းညွှန်ဘုတ်

ဒီမှာ မိတ်ဆွေ .. ဒီလိုနေရာမျိုးမှာ အလုပ်လုပ်ရမယ်ဆိုရင် .. သင်စိတ်မ၀င်စားဘူး လား ..

အကယ်၍ စိတ်ဝင်စားတယ်ဆိုရင်တော့ .. အောက်မှာ ရှိနေတဲ့ ပုံလေးတွေကို လေ့လာထားလိုက်ပါ ..

ဒီပုံလေးတွေကတော့ နေရာဒေသအသီးသီးမှာရှိနေတဲ့ သန့်စင်ခန်းတွေမှာ အသုံးပြုတဲ့ ယောက်ျား / မိန်းမ ခွဲခြားလမ်းညွှန်ပေးတဲ့ ဆိုင်းဘုတ်လေးတွေပါပဲ .. တချို့ပုံလေးတွေက အင်မတန်မှ စိတ်ကူးကောင်းတဲ့ လက်ရာတွေပါ ..




























ဒီနေရာကို နှိပ်လိုက်ပါ . . .

ဖတ်ရင်းကြည့်၍ ကြည့်ရင်းတွေးပါ

အခုလောလောဆယ် ကျွန်တော် တင်သမျှ ပို့စ်တိုင်းက ကာတွန်း/ဓါတ်ပုံတွေပဲ ဖြစ်နေတယ် .. ကျွန်တော့်မှာ စုဆောင်းတွေ့ရှိထားသမျှ ပုံလေးတွေကို ပြန်လည်မျှဝေပေးနေတာပါ .. ကျွန်တော့် ဘလော့ခေါင်းစဉ်မှာက
( ရသ ) ဆိုတာက ပါနေပေမယ့် .. ကျွန်တော့် ပို့စ်တွေမှာ ရသပိုင်း အားနည်းနေသလို ခံစားရပါတယ် ..
ဒါပေမယ့်လည်း ကျွန်တော် တက္ကသိုလ်တက်စဉ်က ကျွန်တော့် မေဂျာက ... ရသစာပေအရေးအသား ...
အင်္ဂလိပ်လိုတော့ Creative Writing ... တနည်းအားဖြင့် B.A (CW) ပေါ့ဗျာ .. CW ကို တစ်ခါ ဖွဲ့ဆိုမယ်ဆိုရင် .. Copy Writing ပါပဲ ... စာပေရေးသားမှုအပိုင်းမှာ ရှေးယခင်ကတည်းက စာပေရေးဖွဲ့လိုသူတွေကို ညွှန်းဆိုနေကျ စကားလေးရှိပါတယ် .. အဲဒါက . စုပါ ... တုပါ ... ပြုပါ တဲ့ .. ဆိုလိုတာက စုဆောင်းပါ .. လေ့လာပါ .. တုပရေးဖွဲ့ကြည့်ပါ .. ကိုယ်တိုင်ခံစားပြုစု ပါတဲ့ .. .. အခုလောလောဆယ်မှာက စုဆောင်း လေ့လာနေဆဲပါ .. သူများဖန်တီးထားတာတွေနဲ့ တုပတင်ပြနေဆဲပါ ....

အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေကို အဓိပ္ပါယ်ရှိတဲ့ သရုပ်ဖော်ပုံလေးတွေနဲ့ သရော်သလိုလို အတည်လိုလိုနဲ့ စဉ်းစားစရာဖြစ်အောင် ဖန်တီးထားတာလေးတွေပါ ..






























ဒီနေရာကို နှိပ်လိုက်ပါ . . .

8/05/2008

သူငယ်ချင်း ဆိုတာ

သူငယ်ချင်းကောင်းဆိုတာ ဒီလိုမျိုးမှ ..
သူငယ်ချင်းကောင်း ရှိနေပြီလား .. ကိုယ်တိုင်ကရော သူငယ်ချင်းကောင်းလား ..

ဒီနေရာကို နှိပ်လိုက်ပါ . . .