10/09/2008

ယုံကြည်မှုသည် အောင်မြင်မှု၏ ဇစ်မြစ်

ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအပေါ်မှာ ယုံကြည်မှုကို အပြည့်အ၀ထား ..
မကြာခင် အောင်မြင်မှုဆိုတာကို ရရှိမှာ မလွဲပါဘူး ..
ဘယ်နေရာမှမဆို .. ယုံကြည်မှုဆိုတာ အရမ်းကို အရေးကြီးပါတယ် ...
အောင်မြင်မှုတိုင်းဟာ ပေါ့ပေါ့လေးရတာ မဟုတ်ပါဘူး .. ယုံကြည်မှုနဲ့ ကြိုးစားမှုကြောင့်သာ ရလာတာပါ ..
ကျွန်တော်တို့ သူငယ်ချင်း ( ၅ )ယောက် ခရီးတစ်ခုကို ကားလေးတစ်စီးနဲ့ အတူသွားတုန်းက အဖြစ်ကလေးတစ်ခုကို သတိရမိပါတယ် ... တောင်ကုန်းတောင်တန်းများတဲ့ ရှမ်းဒေသကိုပါ .. ခရီးတစ်နေရာအရောက်မှာ တောင်ပြိုထားလို့ လမ်းကျဉ်းတစ်ခုနဲ့ ကြုံရပါတော့တယ် .. တစ်ဖက်က ချောက် .. တစ်ဖက်က ကမ်းပါး .. လမ်းအကျယ်က ကားတစ်စီးစာကွက်တိ .. ချော်ကျလို့ကတော့ မတွေးရဲစရာ .. မောင်းတဲ့လူကလည်း တောင်ပေါ်လမ်းကျဉ်းအတွေ့အကြုံ့မရှိ .. ရှေ့ဆက်လို့ကလည်းမဖြစ် .. နောက်ဆုတ်ဖို့ကလည်း လာခဲ့ရတဲ့ ခရီးက အဝေးကြီး .. အတော်လေး ဒုက္ခရောက်နေတဲ့အချိန် ...
အားလုံးလည်း ဘာလုပ်ရမှန်းမသိတော့ ..
အဲဒီအချိန်မှာ ကားမောင်းတဲ့ သူငယ်ချင်းက .. “ ခရီးကို ရှေ့ဆက်မယ်ဆိုရင် အားလုံးကားပေါ်တက်ပါ .. ကားပေါ်မှာ ရှိတဲ့လူတိုင်း မောင်းတဲ့လူကို ယုံကြည်မှုထားပေးပါ .. အားလုံးက ယုံကြည်မှုရှိတယ်ဆိုရင် ဒီလမ်းကို ဆက်မောင်းပါမယ် .. အားလုံးက ဆင်းနေခဲ့ပြီး တစ်ယောက်ထဲ မောင်းရမယ်ဆိုရင်တော့ နောက်ပြန်လှည့်မယ် .. ” လို့ ပြောလာပါတယ် ... မထူးတော့တဲ့ အခြေအနေမို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်တယ် ..
“ မောင်းကွာ ” လို့ ...
ယုံကြည်မှုရဲ့ အကျိုးလို့ဆိုရမှာပေါ့ .. လမ်းကျဉ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ် ..
ကားမောင်းတဲ့သူငယ်ချင်းက ပြောပါတယ် .. “ မင်းတို့အားလုံးရဲ့ အားကို လိုချင်လို့ အခုလို အားလုံးကို ကားပေါ်တက်ခိုင်းတာ .. ငါတစ်ယောက်ထဲဆို မမောင်းရဲ့ဘူး ”တဲ့ ... သူ့ရဲ့ သူငယ်ချင်းတွေအပေါ်က ယုံကြည်မှု ရယူပုံကို ပြောပါတယ် .. ကျွန်တော် နားလည်လိုက်တာကတော့ သေဖော်ညှိတာပါလို့ ...

No comments: