1/01/2010

နှစ်သစ်လက်ဆောင်

... ကြိုတင်သတိ အကျိုးရှိ ...

တစ်နေ၀င်လျက် . တစ်နေထွက် . နေ့ရက်နာရီ ကုန်ခဲ့ပြီ ...
နာရီတွေပြောင်း . ရက်တွေနှောင်း . လပေါင်းဆင့်ဆင့် တက်ခဲ့ပြီ .....
လပေါင်းစုထွေ . ကုန်လွန်ပေ . သစ်ဝေတစ်နှစ် ဆန်းတော့မည် ...
တနှစ်ဆန်းလျှင် . ငါ့အသွင် . တွင်တွင်ဆန်းစစ် ကြည့်သင့်ပြီ ...
တစ်နှစ်တာတွင် မဆင်ခြင် . ပျော်ချင်သမျှ . ပျော်ခဲ့သည် ..
တစ်နှစ်တာတွင် မဆင်ခြင် . မော်ချင်သမျှ . မော်ခဲ့သည် ...
အရွယ်ချင့်သော် တော်သင့်နော် . ပျော်မော်အကြွား . နားသင့်ပြီ ..
ပျော်မော်မကင်း . မေ့လျော့ခြင်း . သေမင်းငါ့ကို ညှင်းတော့မည် ။
သေမင်းလက်တွင် မရောက်ခင်က . ကြိုတင်စဉ်းစား မြတ်တရား . ကြိုးစားသင့်လှပြီ ....။

ယခုပင်လျှင် မအိုခင် ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ..
ယခုပင်လျှင် မနာခင် ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ..
ယခုပင်လျှင် မသေခင် ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ..

1.1.2010 မနက်နေထွက်ချိန် ရွှေတိဂုံဘုရားကို သွားခဲ့ချိန်မှာ အရှေ့ဘက်မုခ်
နဲ့ တောင်ဘက်မုခ်ကြားက အောင်ရွှေထီးအဖွဲ့က ရေးသားလှူဒါန်းထားတဲ့
စာသားလေးကို သဘောကျမိလို့ နှစ်သစ်ကူးလက်ဆောင်အဖြစ် ဒီပို့စ်ကို
တင်လိုက်ပါတယ် ..

နှစ်သစ်မှသည် .. နှစ်များဆီသို့ .
နှလုံးစိတ်ဝမ်း အေးချမ်းသာယာ ရှိကြပါစေ .. တောင်းဆုချွေသည် ...။
ကောင်းမှု အထွေထွေရကြပါစေ .. အမျှဝေသည် .. များလူ သာဓု ခေါ်စေသော်ဝ် ........ ။

No comments:

Post a Comment

hi . .
welcome to kaungkhant(ratha)