ည (၁၀း၀၀)နာရီ
အိပ်ယာပေါ် ရောက်ပြီးကာမှ ဖုန်းမြည်သံကြောင့် ယောင်ဝါးဝါးနဲ့ ဖုန်းကိုင်လိုက်တော့
ချစ်သူ “ ခိုင် ” ရဲ့ အသံလေး ကြားလိုက်ရတယ် .. “ကို အခု လ ကိုထွက်ကြည့်လိုက် . ပြီးရင် ခြေလက်သန့်ရှင်းရေးလုပ်လိုက်နော် . ကိုယ်ခန္ဓာမှာရှိတဲ့ ရောဂါဘယတွေ . အညစ်အကြေးတွေ ကင်းတယ်တဲ့ .. ဒီညသာတဲ့လက ၁၅ နှစ်မှတစ်ကြိမ် ကမ္ဘာနဲ့အနီးဆုံး ရောက်တာ.. ” ချစ်သူရဲ့အမိန့်အတိုင်း .. အိမ်ရှေ့ ၀ရံတာမှ လ ကို ထွက်ကြည့်မိပါတယ် .. မတွေ့။ အိမ်နှင့် ကွယ်နေပါသည်။ နောက်ဖေး ပြတင်းပေါက်က ကြည့်တော့ မြင်ရပါသည် .. သို့သော် ကောင်းကောင်းမမြင်ရ။ ဒါကြောင့် အိမ်အပြင် လမ်းမပေါ်ထွက်ကြည့်ရပါတယ် .. ပြီးတော့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။

ကောင်းကင်က လမင်းကြီးကိုကြည့်ရင်း ဆုတောင်းမိပါသည် .. လမင်းကြီးသည် ကမ္ဘာမြေနဲ့ အနီးဆုံးကိုရောက်လာသကဲ့သို့ .. ကျွန်တော်သည်လည်း ချစ်သူ “ခိုင်”ရဲ့ အနီးဆုံးမှာ အမြန်ဆုံးနေရပါလို၏။
တိုက်တိုက်ဆိုင်ဆိုင် .. အိပ်ယာထက်မှာ စဉ်းစားမိတာက ချစ်သူနဲ့ နီးရဖို့အရေး .. ခုချိန်မှာတော့ မိုင်များစွာဝေးကွာ .. ရေမြေ တောတောင် လျှိုမြောင်တွေ .. မထင်မှတ် မမျှော်လင့်နိုင်တဲ့ အခက်အခဲတွေ .. အဟန့်အတား အနှောက်အယှက်တွေကြောင့် ချစ်သူနဲ့အတူနေနိုင်ဖို့က ရေးရေးမှမမြင် ..
လမင်းကြီးကို ကြည့်မိလိုက်စဉ်မှာ .. ခံစားမိတာက ဒီအချိန်ဆို “ခိုင်” လည်း ဒီလမင်းကြီးကို ကြည့်နေမှာပဲ ..
ချစ်သူ မြင်တွေ့နေရတဲ့ လမင်းကြီးကို .. ကို လည်း မြင်နေရတယ် .. ဒါဆို ကို တို့နှစ်ယောက်ရဲ့ ဝေးကွာခြင်းက တကယ်ဆို နီးနီးလေးပဲ ..။ လမင်းကြီးကပေးတဲ့ အားအင်တွေ ကျွန်တော် ရရှိလိုက်ပါသည်။ ယုံကြည့်မိပါသည်။
“ခိုင် .. ကို တို့နှစ်ယောက်အတွက် အတူနေနိုင်ဖို့က မဝေးတော့တဲ့ အနာဂတ်ဆီမှာပါ ..”

No comments:
Post a Comment
hi . .
welcome to kaungkhant(ratha)