အပ်ဖျားတစ်ထောက်စာ ဒဏ်ရာလေးပေမယ့်
ဒါဟာဆပ်ပြာပူဖောင်းအတွက်ဆိုရင်တော့ ဘ၀ပါပျက်သွားနိုင်တယ် ...
မင်းကို စတွေ့တဲ့နေ့ကစပြီး လောကပါလနတ်တွေ
ငါ့နှလုံးသားမှာ မင်းနာမည်ကို စုတ်ထိုးသွားခဲ့တာ
မင်းအတွက်ဆိုရင် ရှေ့မရောက်တဲ့ငါ
နောက်နားမှာပဲ နေတော့မယ် ...
လူတွေမှာ တိရစ္ဆာန်တွေထက် ညံ့တဲ့အရည်အချင်းတစ်ခုရှိတယ်
အဲဒါသတိရခြင်းပဲ ..
မနက်လင်းတာနဲ့ သက်ပြင်းတစ်ခါချ
မင်းကိုသတိရတာလေးတော့ နားလည်ပေးပါ ..
အရင်ကတော့ အဖြူပါပဲ
ကြာတော့ တဖြည်းဖြည်းနဲ့ အရောင်ဖျော့လာတယ်
အဲဒါ ဘာအရောင်လဲ ..
နောက်ဆုံးအချိန်ထိ. ငါ မျှော်လင့်နေတာက
"ကြယ်ကြွေအောင် ပြုစားတတ်တဲ့" မင်းမျက်ဝန်းတွေပါပဲ .....
( ညီမငယ် တစ်ယောက် ရေးပေးတဲ့ ကဗျာလေးပါ )
No comments:
Post a Comment
hi . .
welcome to kaungkhant(ratha)