5/21/2008

ဆန္ဒ

ဟိုဟာရေးလည်းမရ .. ဒီဟာရေးလည်းမရ .. တစ်နေ့တစ်နေ့ ညစ်နေရပါလား ..
ဘာမှနားမလည်ဘဲ ဘလော့ရေးရတာ မလွယ်ပါလား .. တော်ရုံလောက်နဲ့ ကျေနပ်မယ်ဆိုရင်တော့ ကျေနပ်လောက်စရာပါပဲ .. ကိုယ်ကိုယ်တိုင်က နည်းနည်းပါးပါးနဲ့ မကျေနပ်နိုင်တော့လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပဲ ခံပေါ့ ..
ပညာဆိုတာ ရှာတတ်ရင် ရတယ်တဲ့ .. ကိုယ့်လိုပဲ ပညာရှာနေသူတွေကို ကိုယ်တွေ့ထားတာလေးတွေ .. သူတို့နဲ့ အသုံးတည့်မှာလေးတွေ ပြန်ရေးပြ .. ညွှန်းဆိုပြ .. အဲသလိုလုပ်ချင်တာ ..
အခုတော့ .. ကိုယ်တိုင် ပညာရှာဆဲပေါ့ ..
မကြာပါဘူး .. တစ်နေ့နေ့တော့ ဖြစ်လာမှာပါ .. ကိုယ့်ရှေ့ကလူတွေလည်း ဒီပညာရပ်တွေကို ချက်ချင်းသိကြတာမှ မဟုတ်တာ ..
သူတို့လည်း ကိုယ့်ထက်မက ဒုက္ခခံခဲ့ရမှာပဲ .. နောက်လူတွေလည်း ကိုယ့်နီးတူ ခံရမှာပေါ့ ..
အခုရေတွင်းတူး အခုရေကြည်သောက်လို့မှမရတာ ..


ကျေးဇူးတင်စွာဖြင့် . . .
ကောင်းခန့်(ရသ)

No comments:

Post a Comment

hi . .
welcome to kaungkhant(ratha)