Blogger မိုးကောင်ကင်ကြီးထဲမှာ ကောင်းခန့်(ရသ) ဆိုတာ ထွက်ပေါ်စ နေမင်းကြီး မဟုတ်ပါဘူး .. လေထုဟင်းလင်းပြင်ထဲမှာ လွင့်မြောနေတဲ့ အမှုန်အမွှားလေးတစ်ခုပါ .. တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘယ်သူမှ မသိလိုက်ဘဲ ပျောက်ကွယ်သွားနိုင်လောက်တဲ့ မော်လီကျူးလေးတစ်ခုပါ ...
6/28/2008
6/26/2008
အချစ်သာ အမှန်တရားဖြစ်ရင် ..
ညက အကြည်တော် ရဲ့ ၀တ္ထုဖြစ်တဲ့ `အချစ်သာ အမှန်တရားဖြစ်ရင် ကျွန်တော် မှားနေတာကြာပြီ´ ကို ဖတ်ဖြစ်တယ် .. ၀တ္ထုခေါင်းစဉ်ကို သဘောကျလို့ပါ .. ကျွန်တော်လည်း မှားနေတာ ကြာပြီ ..
ဝတ္ထုထဲက တချို့စာသားလေးတွေကို ဖော်ပြချင်ပါတယ် ..
`သူများပစ္စည်းယူပြီး ပြန်ထားစရာမလိုတာ မိန်းမတစ်မျိုးပဲရှိတယ် ..´
သူတစ်ပါးအိမ်က အရုပ်ကလေး လှလို့ကိုင်ကြည့်ပြီးရင် သူ့နေရာတကျပြန်ထားရသဗျ .. သူတစ်ပါးဆီက အ၀တ်အစား ယူဝတ်ပြီးရင် အိမ်ပြန်ချိန် ပြန်ချွတ်ပေးခဲ့ရသဗျ .. သူတစ်ပါးဆီက ပန်းပင်လေးကိုင်ကြည့်ပြီး နေရာတကျ ပြန်ထားရပြန်ရော။ အဲဒီလို ပြန်ထားတဲ့အတွက် ဘယ်သူမှ အပြစ်မမြင်ဘူး .. ယူသွားရင်သာ အပြစ်ရှိတာ။ တရားစွဲခံရမှာ။
ဟော .. မိန်းမကျတော့ အဲလိုမဟုတ်ဘူး ... အမှန်ဆို ဒီမိန်းမက ကိုယ်ပစ္စည်းမဟုတ်ဘူး .. သူ့မိ၊ သူ့ဘ၊ သူ့ဘိုးဘွားပိုင်ပစ္စည်း။ ဒါပေမယ့် အဲဒါကိုယူပြီးရင် ဘယ်တော့မှ ပြန်ထားစရာမလိုဘူး။ ယူပြီဆိုတာနဲ့ အပိုင်ရပြီပဲ။
အဲဒီတော့ လောကမှာ သူတစ်ပါးပစ္စည်း ယူပြီး ပြန်ထားစရာမလိုတာ မိန်းမပဲရှိတာ။ အဲဒါကြီးကျတော့ ယူပြီး ပြန်ထားကြည့်ပါလား။ တရားတောင် အစွဲခံရဦးမှာ .. `ငါ့သမီး နင်ယူလို့ဝမှ အိမ်ပြန်ချခဲ့တယ်ဟုတ်လား´ဆိုပြီး ..
နောက်ပြီး .. ဒါကြီးကိုယူပြီး မကြိုက်ပါဘူးဆိုပြီး ပြန်လဲလို့မရဘူး။ `ယူပြီးပစ္စည်း ပြန်မလဲပါ´ ဆိုတဲ့ အထဲမှာလည်း မိန်းမက နံပါတ်တစ်က ပါသဗျ။ အဲဒီ စည်းကမ်းသာမရှိရင် ပြန်လဲလိုက်မယ့်အမျိုး။
`သြော် . အိမ်ကဟာကြီးတော့ ဟောင်းသွားလို့ .. သူငယ်စဉ်ကလို့ အရွယ်မှန် ဆိုဒ်မှန် တစ်ကိုယ်တော်ဝတ်ကလေးနဲ့ လဲပေးပါ။´ `အာ .. ကြာပါတယ်ကွာ .. ဒီဟာကြီးကလွဲရင် ဘာဖြစ်ဖြစ်´
အဲဒါမျိုးတွေလည်း နည်းမယ် မထင်ပေါင်။ သိုးဆောင်း ဟာသလေးတောင် သတိရပါ့။
`ငါကွာ အိမ်ထောင်မကျခင်က ဘယ်မိန်းမကြည့်ကြည့် လှခဲ့တာ´
`အခုရောကွာ´
`အခုတော့ တစ်ယောက်လျော့သွားပြီ´
မိန်းမဘက်ကတော့ ပြောပါတယ်။
`မရခင်ကတော့ ဖျာလိုလိပ် ထိပ်ပေါ်တင် .. ရပြီးတဲ့အခါကျတော့ ဖျာလိုခင်း နင်းလို့ခြေ´
မရခင်မှာ ဖျာလိုလိပ် ထိပ်ပေါ်တင်တာတော့ ဟုတ်ပါရဲ့ .. အကြောင်းမသိသေးတော့ တင်ကြည့်တာပေါ့ ..
ဖျာလိုခင်းတဲ့အခါကျမှ ကြမ်းပိုးကထိုးတော့ ဘယ်သူက ခံနိုင်မှာလည်း။ ကျုပ်တို့ ယောက်ျားတွေဘက်က ပြောပါတယ်။ မိန်းမများ ပါစပ်ဒဏ်က ကြမ်းပိုးထိုးတာထက် ဆိုသေး၊ ဟုတ်ဖူးလား။
ဒါကိုတောင် အမျိုးသမီးထုတွေက ပြောရဲ့ ..
`ရှင်တို့ ယောက်ျားတွေ ဘာကောင်းသေးလို့လဲ။ မပြောကောင်း မနှိုင်းကောင်းပါရှင်ရယ်၊ ကန်တော့ပါရဲ့ ..
ဘုရားရှင်ကိုယ်တော်မြတ်တောင် ယသော်ဓယာကို ထားပြီး တောထွက်သွားသေးတာပဲ´
သြော် .. အဲလိုမှ မိန်းမပစ်ပြီး တောမထွက်ရင် ကျွန်တော်တို့ အခု ဘာကိုးကွယ်ရမှန်းတောင် သိမှာမဟုတ်ဘူး။
မိန်းမပစ်မှ ဘုရားဖြစ်တာ။ ဆက်ပြောရင် ယောက်ျားထုကို မြှောက်ပေးရာကျတော့မယ်။ ကိုင်း ထားပေဦးတော့။

MOHTER
လက်ဆောင်ရထားတဲ့ ကဗျာလေးပါ . .
အဝေးမှာရှိနေတဲ့ `အမေ´ ကို သတိရစွာဖြင့် ပြန်လည်မျှဝေပါတယ်။

MOTHER
M is for the million things she gave me
O means only that she's growing old
T is for the tears that were shed to save me
H is for her heart of purest gold.
E means everything she's done to help me
R means right, and right she's always been.
Put them all together
They spell MOTHER
A word that means the world to me.
ကျေးဇူးပါ `ငြိမ်း´
6/25/2008
The Coplete
ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းပါ ..
စိတ်ဝင်စားရင် ဒီမှာ Download ချပါ။
အင်္ဂလိပ်လိုပဲ ဖတ်လို့ရတဲ့ PDF ဖိုင်ပါ။
စိတ်ဝင်စားရင် ဒီမှာ Download ချပါ။
အင်္ဂလိပ်လိုပဲ ဖတ်လို့ရတဲ့ PDF ဖိုင်ပါ။
6/24/2008
ဆန္ဒရှိမှ ဖွင့်ကြည့်ပါ ..
မထင်မှတ်ဘဲ .. မမျှော်လင့်ဘဲ ရလိုက်တဲ့ ဖိုင်တွေပါ .. ပျောက်ပျက်သွားမှာစိုးလို့ ဒီမှာပဲ သိမ်းထားမယ်။
သူငယ်ချင်းများအတွက် မျှဝေပါတယ် ..
Kama-sutra Position.pdf
Kama Sutra.pdf
Sex Mummies.pdf
မြန်မာ မိန်းကလေး အများစုက သူတို့နဲ့ မသက်ဆိုင်သလို နေတယ် ..
ဒါပေမယ့် သိသင့်တယ်လို့ ယူဆတဲ့အတွက် ဆန္ဒရှိရင် Download ချပြီးကြည့်နိုင်ပါတယ် ..

Different Photo
မျက်စေ့ ဘယ်လောက်ကောင်းသလဲလို့ စမ်းသပ်ချင်တယ်ဆိုရင် ..
ဒီ Excel File ကို Download ချပြီး စမ်းကြည့်လို့ရပါတယ် ..
ဓါတ်ပုံ ၂ ပုံထဲက မတူညီတဲ့ အချက်ကို ရှာခိုင်းတာပါ ..
မခက်ပါဘူး .. စမ်းကြည့်စေချင်ပါတယ် ..

6/22/2008
Gtalk Photo
Gtalk မှာချက်နေရင်း တခါတလေ .. အခြားသူရဲ့ account မှာ သုံးထားတဲ့ ဓါတ်ပုံလေးကို ကြိုက်လို့
ကိုယ့် account ကဓါတ်ပုံနဲ့ ပြောင်းချင်တယ်ဆိုရင်တော့ ..
View ထဲက Show Pictures ကို ရွေးထားပါ။
ကိုယ်ပြောင်းချင်တဲ့သူရဲ့ account ပေါ်မှာ Right Click နှိပ်ပါ။ Set as my picture ကို ရွေးပါ။
ဒါဆိုရင် ..ရပါပြီ ..

Gtalk ၁ ခုထက်ပိုဖွင့်ချင်ရင် ..
တခါတလေ maungmaung ဆိုတဲ့ account နဲ့ Gtalk မှာ ချက်နေရင်း ..
aungaung ဆိုတဲ့ နောက်ထပ် account တစ်ခုပါ ထပ်ဖွင့်ပြီး ချက်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ..
Gtalk မှာ Account ၁ ခုထက်ပိုပြီး ဖွင့်ထားချင်တယ်ဆိုရင် ...
Desktop ပေါ်က Gtalk Icom ပေါ်မှာ Right Click နှိပ်။ Propertices ကို ရွေးပါ။
Shotcut ထဲက Target: မှာ
"C:\Program Files\Google\Google Talk\googletalk.exe" /startmenu ဆိုတာကို တွေ့ရင်
နောက်ဆုံးက startmenu ဆိုတဲ့နေရာမှာ .. nomutex ဆိုတာကို ပြောင်းလိုက်ပါ ။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ဖြစ်သွားမယ် ..
ပြီးရင် Apply နှိပ် OK နှိပ်။
ဒါဆိုရင် ရပါပြီ ...

6/19/2008
မြန်မာပြက္ခဒိန်
ဘလော့မှာ မြန်မာလို ပြက္ခဒိန် ထည့်ချင်နေတာကြာပြီ ..
အရင်တစ်ခါတုန်းက မြန်မာပြက္ခဒိန်က ရပ်နေလို့ ပြန်ဖြုတ်ထားလိုက်ရတယ် ..
အခုတော့ အားလုံးအဆင်ပြေသွားပြီမို့ .. ဒီနေ့ကစတင်လို့ ပြန်လည်ထည့်သွင်းထားလိုက်ပါပြီ ..
ကျွန်တော်လို့ပဲ ဘလော့မှာ မြန်မာပြက္ခဒိန် ထည့်ချင်တယ်ဆိုရင်တော့ .. ဒီနေရာမှာ ရှိပါတယ် ..
မြန်မာဘလော့တိုင်းမှာ မြန်မာပြက္ခဒိန်ရှိသင့်တယ်လို့ ယူဆပါတယ် ..
ကျွန်တော့ဆီမှာ မြန်မာပြက္ခဒိန်မရှိတဲ့အတွက် မနေ့က နယုန်လပြည့်နေ့မှန်းမသိခဲ့ရပါဘူး ..
တနည်းအားဖြင့် ကျွန်တော့ မေမေရဲ့ မွေးနေ့ဆိုတာကို မေ့နေခဲ့တယ် ..
မနေ့ကတစ်နေ့လုံး ကျွန်တော့ဆီက တယ်လီဖုန်းကို မျှော်နေတယ်ဆိုတာကို ဒီနေ့မှ သိလိုက်ရတယ် ..
အရမ်းစိတ်မကောင်းဖြစ်မိတယ် .. အရမ်းလည်း ၀မ်းနည်းသွားတယ် .. ခွင့်လွှတ်ပါ မေမေ ..
ဒီနေ့တော့ မြန်မာပြက္ခဒိန်ကို ကျွန်တော့ ဘလော့မှာ ထည့်သွင်းထားလိုက်ပါပြီ ..
အင်္ဂလိပ်ရက်စွဲကိုသာ မှတ်သားလေ့ရှိတဲ့ကျွန်တော် .. မြန်မာဘလော့တွေမြင်တိုင်း .. မြန်မာရက်စွဲလေးကို သတိရမိမှာပါ ..

6/18/2008
ချစ်မေ မွေးနေ့
ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်ဖြစ်ပါစေ ..
မေမေ ..
ဒီနေ့ နယုန်လပြည့်နေ့မှာ ကျရောက်တဲ့ ချစ်မေမေရဲ့ မွေးနေ့မှာ
အဝေးကနေပဲ ရှိခိုး ကန်တော့လိုက်ပါတယ် ...
မေမေ ..
စိတ်၏ ကျန်းမာခြင်း .. ကိုယ်၏ချမ်းသာဖြင့် ..
အစဉ်ထာဝရ ပြည့်စုံနိုင်ပါစေ ..
ချစ်သော မိသားစုနဲ့ ပျော်ရွှင်စွာ ရှိနိုင်ပါစေ ..

ဖြိုးကြီး နှင့် ဒါဒါ
စိတ်ဝင်စားဖွယ် သတင်းလေးတစ်ပုဒ်ပါ ..
(၁၃.၆.၂၀၀၈) ရက်နေ့ကြေးမုံသတင်းစာတွင် ပါရှိသော ကြေငြာချက်အရ အဆိုတော် ဖြိုးကြီး နှင့် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် စိုးမြတ်နန္ဒာတို့ တရားဝင်ကွာရှင်းသွားခဲ့ပြီဖြစ်ကြောင်း။ ဖြိုကြီး နှင့် စိုးမြတ်နန္ဒာတို့သည် (၂၂.၁၀.၂၀၀၅)ခုနစ်တွင် တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ရာမှ (၂၅.၁၁.၂၀၀၇) ရက်နေ့တွင် နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲခြင်းကို နှစ်ဖက်မိဘများသက်သေထား၍ ချုပ်ဆိုခဲ့ ကြောင်းသိရသည်။
(25.11.2007)မှာကွာရှင်းပြတ်စဲပြီး .. (13.6.2008)မှ တရားဝင်ကြေငြာဖြစ်ပါတယ် .. ဒါဟာ လျှို့ဝှက်ချက်ပဲ...
အခုတလော .. အိမ်ထောင်ရေးအဆင်မပြေကြတဲ့ အပေါင်းအသင်းတွေရဲ့အကြောင်း တွေ့နေ . မြင်နေ . ကြားနေ ရတယ် .. တချို့ကလည်း သည်းခံပေါင်းကြ .. တချို့ကလည်း ကွာရှင်းပြတ်စဲကြ ..
အလွယ်ဆုံး အကြောင်းပြချက်ကတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်ပါသဖြင့် ပေါ့ ..
တကယ်တော့ စိတ်သဘောထားချင်း တိုက်ဆိုင်ကြလို့ အိမ်ထောင်တစ်ခုကို အတူတည်ထောင်ခဲ့ပြီပဲ ..
လက်တွေ့ ပြဿနာက တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှု မရှိကြလို့ဖြစ်ရတာလို့ ထင်တယ် ..
လူတိုင်းက ကိုယ်သာမှန်တယ်လို့ ထင်နေကြတာပါပဲ .. တစ်ခုပဲ သတိမထားခဲ့ကြတာပါ ..
လောကမှာ ယောက်ျားနဲ့ မိန်းမ သဘာဝအားဖြင့် ဘယ်လို့မှ မတူညီနိုင်ဘူးဆိုတာကို လက်ခံထားရင် ..
တစ်ဦးရဲ့ အမြင်ကို တစ်ဦးကလက်ခံ လိုက်လျောပေးနိုင်ရင် ..
တစ်ဦးအပေါ်တစ်ဦး အပြစ်ဆိုတာမမြင် .. အမြဲတမ်းချစ်နေမယ် ဆိုရင် ..
ဒီလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး ..
၉၈% နှုန်းသော အိမ်ထောင်ရှင်တွေက ပြောကြတယ် .. နောက်လူတွေကို အိမ်ထောင်မပြုဖို့ .. အိမ်ထောင်ရေးဆိုတာ စိတ်ပျက်စရာကောင်းကြောင်း .. နောက်လူတွေကလည်း ဘာပဲပြောပြော နားမ၀င်ကြပါဘူး .. သူတို့လည်း အိမ်ထောင်ပြုဖို့ ကြိုးစားနေကြတာပဲ .. နောက်ဆုံး သူတို့လည်း .. နောက်လူတွေကို ဒီလိုပဲ ပြောပြန်တာပဲ ..
ဒီသံသရာဝဲဂယက်က ဘယ်သူမှ လွှဲမထွက်နိုင်ကြပါဘူး ..
မထွက်နိုင်တဲ့ သံသရာထဲမှာ အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကိုသာ စဉ်းစားရွေးချယ်ကြပါ ..

အချိန်တိုင်း .. နေရာတိုင်း ..
သည်းတော့မယ့် မိုးဖွဲလား မင်းအချစ်က .. နှုတ်ဆက်မယ့် မိုးသားဖြစ်မှာလား ..
ဝေးဝေးက ငေးရင်းနဲ့ အိပ်မက်မှာ .. ရင်ခုန်မျှော်လင့်နေတဲ့ ..
စကားလေးများပြောဖြစ်တဲ့ ခဏလောက်မှာ .. နှလုံးသားထဲ အချစ်ရဲ့နတ်ဝင်သွား ..
မောင်းထုတ်လို့မရတဲ့ အတွေးထဲမှာ .. ဝေဒနာတွေ စီးဝင်သွား ..
ကိုယ့်အချစ်ရဲ့ ၀ိဥာဉ်တွေ မင်းအနားမှာ .. မြင်စေချင် အရိပ်ကလေးများ ..
တောင့်တတဲ့ အကြင်နာတွေပေးပါဦး .. ငါဟာ အမြဲငတ်မွတ်နေမှာ ..
အချိန်တိုင်း .. နေရာတိုင်း .. မင်းကို . မြင်နေရတယ် ..
အချစ်များစွာနဲ့ မင်းကို .. ကြင်နာပါ့မယ်နော် ..
လက်တွေ့နဲ့ အိပ်မက်ရဲ့ကြားထဲမှာ.. အိပ်မက်က စိုးမိုးသွားမှာလား ..
နီးစပ်ခွင့်မရှိခဲ့တဲ့ ကိုယ်ဘ၀ဟာ .. ဝေဒနာတွေ မွှေးနေသလား ..
မင်းရဲ့အလှ စိုးမိုးတဲ့ အရိပ်အောက်မှာ .. ကြိုးစားပြီး ရုန်းထွက်မရပါလား ..
နေ့နဲ့ည မှားယွင်းလို့ ထွက်ပေါက်ရှာ .. တစ်ကမ္ဘာစီ ခြားနေလား ..

6/17/2008
စိတ်ကူးယဉ်မိသူ ..
တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုသာထူး ဆိုတဲ့ လူတစ်ယောက်ရှိတယ် . လူကဆင်းရဲပေမယ့် အလုပ်အကိုင်က မယ်မယ်ရရ မရှိဘူး . အလုပ်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်ချင်ဘဲ စိတ်ကူးယဉ်နေတာနဲ့ အချိန်ဖြုန်းလေ့ရှိတယ် .
တစ်နေ့တော့ တောထဲကို ထင်းခုတ်သွားရင်း . တောဝက်လေးတစ်ကောင်ကို သွားတွေ့တယ် .. သူက ချင်ချင်းပဲ တောဝက်လေးကိုဖမ်း .. မြို့မှာသွားရောင်းတယ် .. မြို့မှာဆို တောဝက်က ဈေးကောင်းရတယ်လေ .. တောဝက်ရောင်းပြီးတော့ .. ၀က်မလေးတစ်ကောင်ဝယ်ပြီးရွာကို ပြန်လာတယ် .. နောက်တော့ အဲဒီဝက်မလေးကနေ ၀က်ကလေး(၆)ကောင် ပေါက်ရော .. ၀က်မလေး(၃)ကောင်နဲ့ ၀က်ထီးလေး(၃)ကောင်ပေါ့ .. ၀ယ်လာတဲ့ ၀က်မလေးက သားပေါက်နှုန်းကကောင်းတဲ့အပြင် ၀က်ပေါက်ကလေးတွေကလည်း သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းနဲ့ပေါ့ .. အဲဒီလိုနဲ့ ၀က်တွေပေါက်လိုက် .. ရောင်းလိုက်နဲ့ စီးပွားရေး အဆင်ပြေ .. အိမ်နဲ့ ခြံနဲ့ ဖြစ်လာတဲ့အခါ .. ရွာထဲက သူကြိုက်နေတဲ့ မိချော ဆိုနဲ့ ကောင်မလေးကို လူကြီးတွေကို ဖွင့်ပြောပြီး တောင်းရမ်းလက်ထပ်ယူလိုက်တယ်တဲ့ .. နောက်တော့ သားကလေး(၂)ယောက်ထွန်းကားတယ် .. အဲဒီသားကလေးတွေ အရွယ်ရောက်တဲ့အခါ ရှင်ပြုပွဲကို ခမ်းခမ်းနားနားကျင်းပတာပေါ့ .. သူ့ရဲ့အလှူပွဲကို ကြည်ကြည်နူးနူးနဲ့ ပြုံးပြုံးကြီး ရပ်ကြည့်နေတုန်း .. ဗြုန်းဆို .. သူ့ရဲ့အလှူမဏ္ဍပ်ကြီးလည်းပျောက် .. သူ့ဇနီးနဲ့ သားတွေလည်းပျောက် .. သူ့ရှေ့က မြင်ကွင်းအားလုံး ပျောက်သွားတယ် .. သူကိုယ်တိုင်လည်း တောထဲကို ရောက်နေတာ သတိထားမိသွားတယ် ... အဲဒီတော့မှ သူ့အမှားတစ်ခုကို သူနောင်တရသွားတယ် ...
သူဘာမှားခဲ့တာလည်းဆိုတော့ ..
တောထဲကို ထင်းခုတ်သွားရင်း တောဝက်ကလေးကို တွေ့လိုက်တဲ့အချိန်မှာ လိုက်ဖမ်းဖို့ မစဉ်းစားမိဘဲ .. တောဝက်ကလေးကို ဖမ်းမိခဲ့ရင် .... ဆိုပြီး အတွေးလွန်သွားတာပဲ .. သူသတိရလိုက်တဲ့အချိန်မှာ သူမြင်ကွင်းထဲက အမှန်တကယ်ပျောက်သွားတာက တောဝက်ကလေးဖြစ်နေတယ် ..
ကျွန်တော်လည်း တောဝက်ကလေးတစ်ကောင်ကို တွေ့ခဲ့ဖူးပါတယ် .. ဒါပေမယ့် အဲဒီတောဝက်ကလေးက ကျွန်တော့မြင်ကွင်းထဲကနေ အခုချိန်ထိပျောက်သွားခဲ့တယ် .. ဖမ်းဖို့ မကြိုးစားခဲ့မိဘူး .. စိတ်ကူးနဲ့ ရူးခဲ့ရတယ် .. ပိုဆိုးတာက တခြားတောဝက်တစ်ကောင်ကို ရှာဖွေဖမ်းဆီးဖို့ မစဉ်းစားတော့ပဲ အဲဒီတောဝက်ကလေးကို ပဲ တမ်းတနေမိတယ် ...

6/16/2008
တိုးတက်မှုရဲ့ အန္တရာယ် ..
သူများတွေ ပြောင်းဖူးပေါက်ပေါက် ဖောက်စားနေကြပြီ ..
စားကြဦးမလား ..
နည်းပညာတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ မမြင်နိုင်တဲ့ အန္တရာယ်တွေ ..
သတိမထားခဲ့ကြတဲ့ အခြေအနေတွေ .. မဆိုသလောက်လေး ဆိုပေမယ့် တွေးကြည့်မိရင် ကြောက်စရာကြီးပါ ..
နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်မှာ ကိုယ်နဲ့အတူ ရှိနေတဲ့ အန္တရာယ်ကို ဘယ်သူမှ သတိမပြုမိကြဘူး ..
ဘာပဲဖြစ်ဖြစ်လေ .. ဒီအန္တရာယ်ကို သိနေလည်း ဘယ်သူမှ ရှောင်လွှဲသွားမှာ မဟုတ်ပါဘူး ..
အခုချိန်မှာ ကိုယ့်အတွက် သူက အရမ်းကို အရေးပါနေတယ်လေ .. သူ့ကို စွန့်ခွာသွားလို့မှ မရတာ
နေရာတိုင်းမှာ အကောင်း နဲ့ အဆိုး ဆိုတာရှိနေမှာပါပဲ .. အကောင်းကို လိုချင်ရင် ..... အဆိုးကိုလည်း လက်ခံရမှာပေါ့ ..

6/15/2008
သီချင်းလေးတွေပါ
ချစ်သူနဲ့ဝေးနေရတယ် .. အဝေးက ချစ်သူကို သတိရနေတယ် ..
ခံစားချက်ချင်းတူညီနိုင်တယ်ဆိုရင်တော့ ..
ကျွန်တော်နှစ်သက်တဲ့ သီချင်းလေးတွေကို နားဆင်နိုင်ပါတယ် ...
အချိန်တိုင်းနေရာတိုင်း
မင်းတစ်ယောက်သာ
အကောင်းဆုံး
ရွေးချယ်မယ့်သူ
ခွင့်ပြုတယ် ခွင့်လွှတ်တယ်
မိုင်တွေဝေး
မင်းလေးက ငါ့အချစ်
မင်းလေးစိတ်တိုင်းကျ
မင်းလေးကိုချစ်လို့
မင်းနဲ့မှ ချစ်တတ်ပြီ
မျက်ဝန်း
မျက်ဝန်းလေးထဲက
နောက်ဆုံးအချစ်
အချစ်စွမ်းအား
တခါတလေ
တိတ်တိတ်လေးပဲ ချစ်သွားမယ်
အချစ်ကိုသိချိန်
အလွမ်းကဗျာရှည်
အတောင်ပံပါရင် မင်းအနားကို

6/14/2008
အချစ်ဆိုတာ ..
အချစ်ဆိုတာ ..
- ပေးဆပ်ခြင်း/စွန့်လွှတ်အနစ်နာခံခြင်း
- ရယူပိုင်ဆိုင်လိုခြင်း
တချို့က ကိုယ့်ချစ်သူ အတွက် အရာရာကို စွန့်လွှတ် ပေးဆပ်ခဲ့ကြတယ် ။
တချို့က ကိုယ့်ချစ်သူ ကို ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခဲ့ကြတယ် ။
အချစ်ဆိုတာကို လူတိုင်းက တစ်ယောက်တစ်မျိုးစီ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြတယ် ။
အချစ်ကလည်း လူတိုင်းကို တစ်ယောက်တစ်မျိုးစီ ခံစားစေနိုင်စွမ်းတယ် ။
တကယ်တော့ ..
အချစ်ဆိုတာ ဘာမှန်းမသိတဲ့ အရာတစ်ခု ..
အဲဒီ ဘာမှန်းမသိတဲ့ အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရင် အဲဒါ အချစ်မဟုတ်တော့ဘူးတဲ့ ...
ဒါပေမယ့်
အချစ်က ကြည်နူးလှပတဲ့ ကဗျာလေးတွေကို ဖန်တီးနိုင်တယ် ။
နာကျင်ကြေကွဲနေတဲ့ သံစဉ်တွေကို ပြုလုပ်နိုင်စွမ်းတယ် ။
အချစ်ကြောင့် တစ်စုံတစ်ယောက် ပျော်ရွှင်နေချိန်တိုင်းမှာ ....
တစ်စုံတစ်ယောက်ကတော့ နာကျင်ခံစားနေရမြဲပဲ ...
ဝတ္ထုတစ်ပုဒ်အဖြစ် ဖန်တီးချင်တဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ..
မောင်မောင် နဲ့ မမ ၊ ကိုကို နဲ့ မိုမို
သူတို့တွေက .. သွားအတူလာအတူ အမြဲရှိခဲ့တဲ့ ချစ်သူတွေ .. ချစ်သူအဆင့်ကျော်လွန်ခဲ့သူတွေ
အကြောင်း ကြောင်းကြောင့် မောင်မောင် နဲ့ မမ ဝေးခဲ့ကြသလို .. ကိုကို နဲ့ မိုမို လည်း ဝေးခဲ့ကြတယ် ..
ထူးခြားစွာပဲ .. မောင်မောင် နဲ့ မိုမို တို့က အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်သွားကြတယ်
အဲဒီအချိန်မှာပဲ .. မမ က ဘ၀နဲ့ ရင်းခဲ့ရသူ မိန်းမသားမို့ နာကျင်ဝမ်းနည်းနေရတယ် ..
ထို့အတူပဲ .. ကိုကို ကလည်း အဆုံးစွန်ထိ ရည်ရွယ်ပြီး ချစ်ခဲ့ရသူမို့ ကြေကွဲခံစားနေရတယ် ..
အချစ်ဆိုတာ ...
ဘာလဲ ...
သူတို့တွေရဲ့ နေရာကနေ ခံစားကြည့်မိတယ် ..
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ .. ဘယ်သူမှားတာလဲ ..
အဲဒါ အပြစ်လား .. တကယ်မှားသွားလား ...
ဖတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခုကို သွားသတိရမိတယ် ..
`` အချစ်ဆိုတာ သားရေကွင်းလိုပဲ ´´တဲ့
နှစ်ယောက်အတူ ဆွဲထားတုန်းကတော့ ဘာမှမဖြစ်ပေမယ့် .. တစ်ယောက်က လွှတ်လိုက်ရင် ..
လွှတ်လိုက်တဲ့သူက ဘာမှမဖြစ်ပေမယ့် .. ဆွဲထားမိတဲ့သူက နာကျင်ရတယ် ...
အချစ်ဆိုတာ စွဲလမ်းသူသာ ခံစားရတယ် .. ချစ်မိသူသာ အရှုံးသမား ..
အဲဒါကြောင့်
အချစ်ဆိုတာကို မတွေ့ချင်ဘူး .. မချစ်ရဲဘူး ..
အချစ်ရှုံးသူ မဖြစ်ချင်လို့ အချစ်ဆုံးသူ မတွေ့ချင်ဘူး ..
ကိုယ် ကိုယ်တိုင်လည်း ဘယ်သူကိုမှ အရမ်းမချစ်ချင်သလို .. ကိုယ့် ကိုလည်း ဘယ်သူကမှ အရမ်းမချစ်စေချင်ဘူး
ဘယ်သူကိုမှ ကိုယ့်ကြောင့် မခံစားစေချင်သလို .. ကိုယ် လည်း ဘယ်သူကြောင့်မှ မခံစားချင်ဘူး ..
ဒါပေမယ့် .. အချစ်ဆိုတာ ဆန်းကြယ်သား
တစ်ယောက်သောသူကို အရမ်းချစ်မိသွားပြီ ... ခံစားရမယ်ဆိုလည်း ကျေနပ်နေမှာပါ ..

ကလေးငယ်လေး ကျွန်တော် ...
ဟိုတုန်းက ဆိုခဲ့ဖူးပါတယ် ..
`` စားချိန်မှာ ပြန်စားပါ .. အိပ်ချိန်မှာ ပြန်အိပ်ပါ .. အပူပင် ကင်းတဲ့ ကလေးလေး ဘ၀ကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ် ´´ ဆိုတဲ့ သီချင်းလေး ...
ကျွန်တော် အခု ကလေးဘ၀ ကို ပြန်ရောက်နေရပြီ ..
သူများတွေက ကျွန်တော့ ဘ၀ကို အားကျတယ်တဲ့ .. ကျွန်တော့ လိုနေချင်တယ်တဲ့ ..
ဘာဖြစ်လို့လဲဆိုတော့ ...
အခု ကျွန်တော်လုပ်နေတဲ့ အလုပ်က အင်တာနက်နဲ့ ပတ်သက်တယ် ..
ဆိုလိုတာက အင်တာနက်လိုင်း ကောင်း/မကောင်း .. နက်ဝပ်လိုင်း ကောင်း/မကောင်း အချိန်တိုင်း ထိုင်ကြည့်နေရတာလေ ..
တစ်နည်းအားဖြင့် .. ၀က်ဆိုဒ်ကြည့်လိုက် .. ချက်တင်ထိုင်လိုက် .. မေးပို့လိုက် .. ဘလော့ရေးလိုက် ပေါ့ဗျာ ..
သူများက ဘာလုပ်လဲမေးရင်တော့ S.A.E လုပ်တယ်လို့ ပြောလိုက်တာပဲ .. တချို့ကတော့ အဲဒါဆိုရင် အထင်ကြီးတယ် .. အင်ဂျင်နီယာလားတဲ့ ...
ကျွန်တော်လုပ်တာက . Sleep And Eat လေ
ကျွန်တော့ရဲ့ နေ့စဉ်အလုပ်က
မနက်အိပ်ယာနိုးတာနဲ့ ဘာညာလုပ် .. ပြီးရင် ဈေးသွား .. ချက်ပြုတ်ကြော်လှော် ...
ပြီးရင် အွန်လိုင်းကိုတက် ... ဆာတဲ့အချိန် ထမင်းထစား .. ပျင်းလာတဲ့အချိန်အိပ် ...
ဒီလိုနဲ့ပဲ နေ့စဉ် နေ့စဉ် ကုန်ဆုံးနေရတာပေါ့ ..
တစ်ခါတစ်ခါ အလုပ်ရှင်သူဌေးရဲ့ သူ့လုပ်ငန်းတွေအကြောင်း .. သူလုပ်ချင်တဲ့ အလုပ်တွေအကြောင်း .. ပြောပြတဲ့အခါ
ကျွန်တော့ အတွက်တော့ ကလေးငယ်ကို ပုံပြင်ပြောပြနေသလိုပဲ ထင်မိတယ် ..
အဲဒါကြောင့် ..
ကျွန်တော်ကတော့ အိပ်လိုက် .. စားလိုက် .. ပုံပြင်နားထောင်လိုက်နဲ့
တကယ်ကို ကလေးငယ်လေးလိုပါပဲဗျာ ..
တစ်ခုပဲ ဆိုးတယ်ဗျာ .. ကိုယ်စားဖို့ကို ကိုယ်တိုင်ချက်နေရတာပဲ ... ထမင်းချက်ပေးမယ့်သူလေးရှိရင် သိပ်ကောင်းမှာပဲ ..
ကျွန်တော်စဉ်းစားကြည့်မိတယ် .
ကျွန်တော့ကို အားကျတယ်ဆိုတဲ့လူတွေ .. ကျွန်တော့လို နေနိုင်ပါ့မလား ..
အချိန်တိုင်း အွန်လိုင်းမှာထိုင် .. ပိတ်ရက်ဆိုတာမရှိ .. နားချိန်ဆိုတာ သီးသန့်မရှိ ..
တစ်ခါတစ်ခါ ပြောမိပါတယ် .. ကျွန်တော်က အလုပ်မရှိဘူး .. ဒါပေမယ့် အလုပ်မအားဘူး လို့
ကိုယ့်ဘ၀ရဲ့ ဟိုး ... အဝေးကြီးကို လှမ်းမျှော်ကြည့်လိုက်ရင် ... ဘာမှကို မမြင်ရပါလား ..
အိပ်ချိန်မှာ ၀င်အိပ်နိုင် ... စားချိန်မှာ ၀င်စားနိုင် ..
ဒါပေမယ့် အပူပင်ကင်းတဲ့ ဘ၀တော့ မဟုတ်ပါလား ..
ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ကျွန်တော်က ကလေးငယ်လေးပါပဲ ...

6/13/2008
စိတ်ကူးသက်သက်
စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ချင်တဲ့ လူတစ်ယောက်အတွက် ဘာတွေ လိုအပ်လဲ ..
- ငွေကြေး
- အတတ်ပညာ
- အသိပညာ
- ကံ ဥာဏ် ၀ီရိယ
အဲဒါတွေက လူတိုင်း ပြောနေကြစကားလုံးတွေ
သူ့အပြင် တခြားအကြောင်းအရာတွေ ရှိနိုင်ဦးမလား ..
ပြီးတော့ .. ငွေ(၁၀၀)ရှိတဲ့ လူတစ်ယောက်က
(၂၀၀)တန် လုပ်ငန်းလုပ်ရမလား .. (၅၀)တန်လုပ်ငန်းလုပ်ရမလား ..
လုပ်ငန်းကြီးကြီးလုပ်ရင် အမြတ်များများရမယ် .. အကြွေးများများတင်မယ် ..
လုပ်ငန်းသေးသေးဆိုရင်တော့ ချမ်းသာမယ်အခြေ မမြင်ဘူး ..
ကြွေးတင်ခံပြီး သူဌေးလုပ်မလား .. ရသလောက်နဲ့ ရောင့်ရဲတင်းတိမ်နိုင်မလား ..
လူတိုင်းကတော့ (၁၀၀)ရှိရင် (၂၀၀)တန်လုပ်ချင်ကြတာပဲနော် ..
အလုပ်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် လုပ်ချင်တယ် ..
အရင်းအနှီးလည်းမရှိဘူး .. အတတ်ပညာလည်းမရှိဘူး .. ဘာမှလည်းနားမလည်ဘူး ..
လုပ်ငန်းကြီးကြီးလည်းလုပ်ချင်တယ် .. အကြွေးတင်မှာလည်းကြောက်တယ် .. ချမ်းသာချင်တယ် ..
လူတိုင်းကတော့ ပြောမှာပဲ ...
အရူး လို့ . . .

6/02/2008
Wife & Husband
W = Wonderful
I = Item
F = For
E = Entertainment
&
H = Handsome
U = Useful
S = Smart
B = But
A = At
N = Night
D = Dangerous
I = Item
F = For
E = Entertainment
&
H = Handsome
U = Useful
S = Smart
B = But
A = At
N = Night
D = Dangerous
6/01/2008
သူများပြောသော ကိုယ့်အကြောင်း . ..
ကိုယ့်အကြောင်း ကိုယ်ရေးဦးမယ်လို့ စဉ်းစားနေတုန်း
သူငယ်ချင်း မိန်းကလေးတစ်ယောက်ရဲ့ ဝေဖန်သုံးသပ်ချက်ကို သဘောကျလို့
သူများပြောသော ကိုယ့်အကြောင်းကိုပဲ အရင်ရေးလိုက်ဦးမယ် ..
သူကပြောတယ် ..
`` အရာရာကို ပွင့်ပွင့်လင်းလင်း .. ပြတ်ပြတ်သားသား မရှိဘူး ..
နင်သိပ်ပျော့ညံ့တယ် .. သတ္တိမရှိဘူး .. မိန်းမလိုပဲတဲ့ . . . ´´
ဟောကိန်းတစ်ခုတောင် ထုတ်ပေးလိုက်သေးတယ် ..
`` နင် မိန်းမ ရရင် နင်ရဲ့ ပထမဆုံး ကလေးက မိန်းကလေးပဲ ဖြစ်ရမယ်တဲ့ ..´´